Wednesday 25 June 2014

မြိတ်မြို့နယ်တွင် မီးစက်သံဆူညံမှုကြောင့် ဆန္ဒပြမည်

Photo: မြိတ်မြို့နယ်တွင် မီးစက်သံဆူညံမှုကြောင့် ဆန္ဒပြမည်
Wednesday, June 25, 2014

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ရွှေပေးကျေးရွာတွင် မီးစက်ကြီးတစ်ခုမှာ  လူနေအိမ်များကြားတွင် တည်ဆောက်ထားပြီး ဒေသခံများက စက်သံဆူညံမှု အားလျော့ချပေးရန် အာဏာပိုင်များနှင့် စက်ပိုင်ရှင်ထံသို့
တင်ပြတောင်းဆိုခဲ့သော် လည်း လိုက်လျောမှု မရှိသောကြောင့် ဆန္ဒ ထုတ်ဖော် သွားကြမည်ဖြစ်ကြောင်း
သတင်းရရှိသည်။

ပြီးခဲ့သည့် နှစ်လအတွင်း မီးစက်သံဆူညံမှုများအားလျော့ချပေးရန် စက်ရုံနှင့် နီးကပ်စွာ တည်ရှိနေသော
အိမ်ထောင်စုဝင်များမှ လက်မှတ်ထိုးကာ တင်ပြတောင်းဆိုခဲ့သော်လည်း ပိုင်ရှင်နှင့်အာဏာပိုင်များက
လစ်လျူရှုခဲ့သည် ဟုဒေသခံ ဦးဝင်းမြင့်မှ ပြောပြသည်။

“မီးစက်ကြီးလာတည်တာက လွန်ခဲ့တဲ့သုံးနှစ်ထဲကပါ။အဲဒီတုန်းကလည်း ပတ်ဝန်းကျင်က လူတွေကို ဘာမှမပြောပြဘဲ
ဒီအတိုင်းစက်ရုံတစ်ခု လာတည်ဆောက်ခဲ့တာပါ။ဖိုးသီးချိုမီးလင်းရေးက သူတို့ လျှပ်စစ်ထရန်စဖော်မာတစ်ခုကို
ဒီမှာလုပ် ဖို့ပြောတယ်။ မီးစက်အသေးလေးတစ်ခု လုပ်မယ်။ ပြီးရင် ရွာကို မီးပေးမယ်လို့ ပြောပါတယ်။ဒါကလည်း
ဒေသခံတွေသွားမေးမှပြောတာပါ။ဘာမှမချပြဘူး နောက်တော့တဖြည်းဖြည်းနဲ့ မီးစက်ကြီးတွေထပ်တိုးပြီးထိုင်လာတော့
ညဘက်ဆိုရင် အတော် ဒုက္ခရောက်နေကြပါပြီ ”ဟု ရွှေပေးကျေးရွာသား ဦးဝင်းမြင့်မှ ပြောကြားသည်။

အဆိုပါမီးစက်ကြီးအား ဒေသခံများက ပြောင်းရွှေ့ခိုင်းခြင်းမဟုတ်ကြောင်း လက်ရှိ ဆူညံနေမှုများအား လျော့ချပေးရန်
ကျောင်းသူ၊ကျောင်းသား၊ သက်ကြီးရွယ်အိုများအား ထောက်ထား စာနာပြီး ဆူညံသံများ လျော့ချပေးရန်သာ
တောင်းဆိုကြောင်း ရွှေပေးရွာသား တစ်ဦးက ဆိုပါသည်။ ယခင်က ရွှေပေးတစ်ရွာသာ မီးပေးခဲ့သော်လည်းယခုအခါ
ကွမ်းသီးချောင်း ကျေးရွာ၊ ကုန်းမြင့်သာယာရွာ၊ စရဖတပ်၊ စန္ဒ၀တ် ကျေးရွာများသို့ မီးစက်ကြီးများတိုးပြီး လျှပ်စစ်မီး
ဖြန့်ဖြူးပေးနေသည် ဟုသိရသည်။

“မီးစက်ကြီးကို သွပ်ပြားတွေကာထားရုံနဲ့ အသံပျောက်မသွားပါဘူး။မီး စက်အဆောက်အအုံကို ကွန်ကရစ်နဲ့ ဆောက်လုပ်ပြီး
အသံဆူညံမှုကိုလျော့ချနိုင်တဲ့ ပြောင်းတွေတပ်ဆင်ဖို့လိုပါ့မယ်”ဟု ဦးဝင်းမြင့်မှ ဆိုသည်။

မီးစက်ပိုင်ရှင်များမှဒေသခံ များတောင်းဆိုသည့်ကိစ္စမှာ ကုန်ကျစရိတ်များစွာ ကြီးမြင့်သည်ဟု အကြောင်းပြပြီး
ဆောင်ရွက်ပေးနိုင်ခြင်းမရှိကြောင်း ပြောကြားထားသည်ဟုဦးဝင်းမြင့်မှ ဆိုသည်။

“ကျွန်တော်တို့အနေနဲ့ နိုင်ငံရေးအင်အားစုတွေ၊လူမှုရေးအသင်းအဖွဲ့တွေကို အကူအညီတောင်းခံ ပြီးဆန္ဒထုတ်ဖော်ခွင့်
တင်ပြနိုင်အောင်ပြုလုပ်သွားမှပါ ”ဟု အထက်ပါပုဂ္ဂိုလ်ကဆိုသည်။

ဆန္ဒထုတ်ဖော်ခွင့်ကို ယခုလအကုန်ပိုင်းတွင် မြို့နယ်ရဲတပ်ဖွဲ့မှူးထံတွင်သွားရောက်ခွင့်ပြု ချက်တင်ပြသွားမည်ဖြစ်ကြောင်း၊
ခွင့်ပြုချက်ရရှိပြီးသည်နှင့်တပြိုင်နက် ဆန္ဒထုတ်ဖော် သွားမည်ဖြစ်ကြောင်း သိရသည်။

မြတ်ထွဋ် ( မြိတ် )
The Myanmar Age
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ရွှေပေးကျေးရွာတွင် မီးစက်ကြီးတစ်ခုမှာ  လူနေအိမ်များကြားတွင် တည်ဆောက် ထားပြီး ဒေသခံများက စက်သံဆူညံမှုအားလျော့ချပေးရန် အာဏာပိုင်များနှင့် စက်ပိုင်ရှင် ထံသို့ တင်ပြတောင်းဆိုခဲ့သော်လည်း လိုက်လျောမှု မရှိသောကြောင့် ဆန္ဒ ထုတ်ဖော် သွားကြ မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် နှစ်လအတွင်း မီးစက်သံဆူညံမှုများအားလျော့ချပေးရန် စက်ရုံနှင့် နီးကပ်စွာ တည်ရှိနေသော
အိမ်ထောင်စုဝင်များမှ လက်မှတ်ထိုးကာ တင်ပြတောင်းဆိုခဲ့သော်လည်း ပိုင်ရှင်နှင့်အာဏာပိုင်များက
လစ်လျူရှုခဲ့သည် ဟုဒေသခံ ဦးဝင်းမြင့်မှ ပြောပြသည်။

“မီးစက်ကြီးလာတည်တာက လွန်ခဲ့တဲ့သုံးနှစ်ထဲကပါ။အဲဒီတုန်းကလည်း ပတ်ဝန်းကျင်က လူတွေကို ဘာမှ မပြောပြဘဲ ဒီအတိုင်းစက်ရုံတစ်ခု လာတည်ဆောက်ခဲ့တာပါ။ဖိုးသီးချိုမီးလင်းရေးက သူတို့ လျှပ်စစ် ထရန်စဖော်မာ တစ်ခုကို ဒီမှာလုပ် ဖို့ပြောတယ်။ မီးစက်အသေးလေးတစ်ခု လုပ်မယ်။ ပြီးရင် ရွာကို မီးပေးမယ်လို့ ပြောပါတယ်။ဒါကလည်း ဒေသခံတွေသွားမေးမှပြောတာပါ။ဘာမှမချပြဘူး နောက်တော့တဖြ ည်းဖြည်း နဲ့ မီးစက်ကြီးတွေထပ်တိုးပြီးထိုင်လာတော့ ညဘက်ဆိုရင် အတော် ဒုက္ခရောက်နေကြပါပြီ ”ဟု ရွှေပေးကျေးရွာသား ဦးဝင်းမြင့်မှ ပြောကြားသည်။

အဆိုပါမီးစက်ကြီးအား ဒေသခံများက ပြောင်းရွှေ့ခိုင်းခြင်းမဟုတ်ကြောင်း လက်ရှိ ဆူညံနေမှုများအား လျော့ချပေးရန် ကျောင်းသူ၊ကျောင်းသား၊ သက်ကြီးရွယ်အိုများအား ထောက်ထား စာနာပြီး ဆူညံသံများ လျော့ချပေးရန်သာ တောင်းဆိုကြောင်း ရွှေပေးရွာသား တစ်ဦးက ဆိုပါသည်။ ယခင်က ရွှေပေးတစ်ရွာသာ မီးပေးခဲ့သော်လည်းယခုအခါ ကွမ်းသီးချောင်း ကျေးရွာ၊ ကုန်းမြင့်သာယာရွာ၊ စရဖတပ်၊ စန္ဒ၀တ် ကျေးရွာများ သို့ မီးစက်ကြီးများတိုးပြီး လျှပ်စစ်မီး ဖြန့်ဖြူးပေးနေသည် ဟုသိရသည်။

“မီးစက်ကြီးကို သွပ်ပြားတွေကာထားရုံနဲ့ အသံပျောက်မသွားပါဘူး။မီး စက်အဆောက်အအုံကို ကွန်ကရစ်နဲ့ ဆောက်လုပ်ပြီး အသံဆူညံမှုကိုလျော့ချနိုင်တဲ့ ပြောင်းတွေတပ်ဆင်ဖို့လိုပါ့မယ်”ဟု ဦးဝင်းမြင့်မှ ဆိုသည်။

မီးစက်ပိုင်ရှင်များမှဒေသခံ များတောင်းဆိုသည့်ကိစ္စမှာ ကုန်ကျစရိတ်များစွာ ကြီးမြင့်သည်ဟု အကြော င်းပြပြီး ဆောင်ရွက်ပေးနိုင်ခြင်းမရှိကြောင်း ပြောကြားထားသည်ဟုဦးဝင်းမြင့်မှ ဆိုသည်။

“ကျွန်တော်တို့အနေနဲ့ နိုင်ငံရေးအင်အားစုတွေ၊လူမှုရေးအသင်းအဖွဲ့တွေကို အကူအညီတောင်းခံ ပြီးဆန္ဒထုတ်ဖော်ခွင့် တင်ပြနိုင်အောင်ပြုလုပ်သွားမှပါ ”ဟု အထက်ပါပုဂ္ဂိုလ်ကဆိုသည်။

ဆန္ဒထုတ်ဖော်ခွင့်ကို ယခုလအကုန်ပိုင်းတွင် မြို့နယ်ရဲတပ်ဖွဲ့မှူးထံတွင်သွားရောက်ခွင့်ပြု ချက်တင်ပြသွား မည်ဖြစ်ကြောင်း၊ ခွင့်ပြုချက်ရရှိပြီးသည်နှင့်တပြိုင်နက် ဆန္ဒထုတ်ဖော် သွားမည်ဖြစ်ကြောင်း သိရသည်။

မြတ်ထွဋ် ( မြိတ် )
The Myanmar Age

No comments:

Post a Comment