Wednesday 25 June 2014

သယံဇာတကိစ္စ ချင်းအဖွဲ့တွေ ပြည်နယ်အစိုးရနဲ့ တွေ့မယ်

ပြည်တွင်းပြည်ပ ကုမ္ပဏီတွေက ချင်းပြည်နယ်မှာ သယံဇာတ တူးဖော်ဖို့ အတွက် ကမ်းလှမ်းထားချက်နဲ့ ပတ်သက်ပြီး ပြည်နယ်အစိုးရ၊ နိုင်ငံရေးနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ၊ လူမှုရေး အဖွဲ့အစည်းတွေ တွေ့ဆုံကြမယ်လို့ ပါဝင်တွေ့ဆုံကြမယ့် အဖွဲ့အစည်းတွေက ဆိုပါတယ်။

တွေ့ဆုံပွဲနေ့တွေက ဇွန်လ ၂၅ ရက်နဲ့ ၂၆ ရက်နေ့တို့ ဖြစ်ပြီး တီးတိန်မြို့မှာ ပြုလုပ်မှာ ဖြစ်တယ်လို့ ချင်းတောင် သဘာဝ သယံဇာတ စောင့်ကြည့်ရေးအဖွဲ့ ဥက္ကဌ ဦးထားသွောင်က ပြောပါတယ်။

“တူးဖော်မယ့် ကုမ္ပဏီတွေအနေနဲ့ ပွင့်လင်းမြင်သာမှု ရှိဖို့နဲ့ ဖြစ်ပေါ်လာနိုင်တဲ့ ဒေသတွင်း ပြဿနာတွေ ဖြေရှင်းနိုင်ဖို့ အဓိကဆွေးနွေးမယ်” လို့ ဦးထားသွောင်က ဆိုပါတယ်။

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်မှာရှိတဲ့ မြွေတောင်မှာ နီကယ်သတ္တုတူးဖော်ဖို့ အတွက် တရုတ်နိုင်ငံ North Mining Investment ကုမ္ပဏီက ပြည်ထောင်စုအစိုးရဆီမှာ လျှောက်ထားခဲ့ပြီး အိန္ဒိယနိုင်ငံက ကုမ္ပဏီ တစ်ခု ကလည်း ဖလမ်းခရိုင် အတွင်းမှာ သတ္တုတူးဖော်မှု ပြုလုပ်ဖို့ ကမ်းလှမ်းထားပါ သေးတယ်။

ပြည်နယ်အတွင်းမှာ ပြုလုပ်မယ့် သတ္တုတူးဖော်ရေး လုပ်ငန်းတွေ အတွက် ပြည်နယ်အစိုးရမှာ လုပ်ပိုင်ခွင့် မရှိဘဲ ပြည်ထောင်စုအစိုးရက တိုက်ရိုက် ကိုင်တွယ်ပါတယ်လို့ ချင်းပြည်နယ် သစ်တောနှင့် သတ္တုဝန်ကြီး ဦးကျော်ငြိမ်းက ပြောပါတယ်။

“ကျွန်တော်တို့ အလုပ်က ဒေသခံတွေကို စည်းရုံးပေးရတာ လောက်ပဲ၊ ကျန်တာ ဘာလုပ်ပိုင်ခွင့်မှ မရှိပါ ဘူး” လို့လည်း ဦးကျော်ငြိမ်းက ဆိုပါတယ်။ ဦးထားသွောင်ကလည်း စီမံကိန်းတစ်ခုမှာ ဒေသခံတွေအနေနဲ့ ပြဿနာတွေ ကြုံတွေ့ရရင် အစိုးရနဲ့ပြည်သူကြား ပူးပေါင်းဖြေရှင်းမှုတွေ ပြုလုပ်နိုင်ဖို့ အတွက် ခုလိုတွေ့ဆုံ တာဖြစ်တ ယ်၊ ပြည်နယ်အစိုးရရဲ့ အားနည်းချက် တွေကိုပါ ဝေဖန် ထောက်ပြသွားမှာ ဖြစ်တယ်လို့ ထပ်လော င်းပြော ပါတယ်။

The Voice Weekly 

No comments:

Post a Comment