Wednesday 25 June 2014

နှစ်နိုင်ငံသင်္ဘောတွေတိုက်မိမှုတွေကို ပြသခဲ့သည့်ဗီယက်နမ်နိုင်ငံ

Photo: နှစ်နိုင်ငံသင်္ဘောတွေတိုက်မိမှုတွေကို ပြသခဲ့သည့်ဗီယက်နမ်နိုင်ငံ
Wednesday, June 25, 2014

ဗီယက်နမ်အစိုးရပိုင်ရုပ်သံဌာနဟာ တောင်တရုတ်ပင်လယ်အတွင်း တိုက်မိခဲ့တဲ့ဗီယက်နမ် သင်္ဘောနဲ့တရုတ်သင်္ဘောတွေရဲ့ ပုံတွေကိုထုတ်လွှင့်ပြသခဲ့တယ်လို့
သိရပါတယ်။ဗီယက်နမ်နိုင်ငံပိုင်ရုပ်သံဌာနဟာ တရုတ်သင်္ဘောနဲ့ ဗီယက်နမ်သင်္ဘောတွေ တောင်တရုတ်ပင်လယ်အတွင်းမှာ ၀င်တိုက်မှုဖြစ်ပွားခဲ့တဲ့ ဓါတ်ပုံတွေကိုပြသခဲ့ပြီး တရုတ်သင်္ဘောတွေဟာ ဗီယက်နမ်အစိုးရက ကင်းလှည့်ရေယာဉ်ကို ၀ိုင်းရံပြီးရေပိုက်တွေနဲ့ ထိုးခဲ့ကြတယ်လို့လည်း ဗီယက်နမ်နိုင်ငံပိုင် ရုပ်သံဌာနက တနင်္လာနေ့နံနက်ပိုင်းကသတင်းထုတ်ပြန်ခဲ့ပါတယ်။
 
ဒါပေမယ့် ဒဏ်ရာရသူတစ်ယောက်မှ မရှိခဲ့ဘူးလို့သိရပါတယ်။ သတင်းမှာပြသခဲ့တဲ့ဓါတ်ပုံတွေမှာ တရုတ်နာနမည်ရေးထားတဲ့ သင်္ဘောကဗီယက်နမ်သင်္ဘောကို ၀င်တိုက်ခဲ့တာကြောင့် ဗီယက်နမ်သင်္ဘောမှာ အပေါက်ကြီးဖြစ်သွားခဲ့တဲ့ပုံလည်း ပါဝင်ပါတယ်။ ဒီဖြစ်ရပ်ဟာ တရုတ်နိုင်ငံပိုင်ကုမ္ပဏီက ရေနံတူးစင်တည်ဆောက်ထားတဲ့ နေရာရဲ့အနောက်တောင်ဘက် (၂၁)ကီလိုမီတာအကွာအဝေးမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ တရုတ်ကင်းလှည့်ရေယာဉ် အစင်း(၁၂၀)ခန့်ဟာ ရေနံတူးစင် တည်ဆောက်တဲ့နေရာမှာ ကင်းလှည့်နေတယ်လို့ ဗီယက်နမ်အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။
 
တရုတ်နဲ့ဗီယက်နမ်နှစ်နိုင်ငံက စေ့စပ်ညှိနှိုင်းသူတွေဟာ ဟနွိုင်းမြို့မှာပြီးခဲ့တဲ့တစ်ပတ်က ဆွေးနွေးမှုပြုလုပ်ခဲ့ကြပေမယ့် သဘောတူညီချက် မရရှိခဲ့ကြဘူးလို့သိရပါတယ်။ ဒါ့အပြင်တရုတ်နိုင်ငံနဲ့ ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ကျွန်းစုအရေးဆွေးနွေးဖို့အတွက် ဖိလစ်ပိုင်သမ္မတ အကွီနိုဟာ ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေးနဲ့ အင်္ဂလန်မှာတွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ 
 
MRTV-4
ဗီယက်နမ်အစိုးရပိုင်ရုပ်သံဌာနဟာ တောင်တရုတ်ပင်လယ်အတွင်း တိုက်မိခဲ့တဲ့ဗီယက်နမ် သင်္ဘောနဲ့ တရုတ် သင်္ဘောတွေ ရဲ့ ပုံတွေကိုထုတ်လွှင့်ပြသခဲ့တယ်လို့ သိရပါတယ်။ဗီယက်နမ်နိုင်ငံပိုင်ရုပ်သံဌာနဟာ တရုတ်သင်္ဘောနဲ့ ဗီယက်နမ်သင်္ဘောတွေ တောင်တရုတ်ပင်လယ်အတွင်းမှာ ၀င်တိုက်မှုဖြစ်ပွားခဲ့တဲ့ ဓါတ်ပုံတွေကိုပြသခဲ့ပြီး တရုတ်သင်္ဘောတွေဟာ ဗီယက်နမ်အစိုးရက ကင်းလှည့်ရေယာဉ်ကို ၀ိုင်းရံပြီးရေ ပိုက်တွေနဲ့ ထိုးခဲ့ကြတယ်လို့လည်း ဗီယက်နမ်နိုင်ငံပိုင် ရုပ်သံဌာနက တနင်္လာနေ့နံနက်ပိုင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမယ့် ဒဏ်ရာရသူတစ်ယောက်မှ မရှိခဲ့ဘူးလို့သိရပါတယ်။ သတင်းမှာပြသခဲ့တဲ့ဓါတ်ပုံတွေမှာ တရုတ်နာနမည်ရေး ထားတဲ့ သင်္ဘောကဗီယက်နမ်သင်္ဘောကို ၀င်တိုက်ခဲ့တာကြောင့် ဗီယက်နမ် သင်္ဘောမှာ အပေါက်ကြီးဖြစ်သွားခဲ့တဲ့ပုံလည်း ပါဝင်ပါတယ်။ ဒီဖြစ်ရပ်ဟာ တရုတ်နိုင်ငံပိုင်ကုမ္ပဏီက ရေနံတူးစင်တည်ဆောက်ထားတဲ့ နေရာရဲ့အနောက်တောင်ဘက် (၂၁)ကီလိုမီတာအကွာအဝေးမှာ ဖြစ် ပွား ခဲ့ တာဖြစ်ပါတယ်။ တရုတ်ကင်းလှည့်ရေယာဉ် အစင်း(၁၂၀)ခန့်ဟာ ရေနံတူးစင် တည်ဆောက်တဲ့နေ ရာမှာ ကင်းလှည့်နေတယ်လို့ ဗီယက်နမ်အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

တရုတ်နဲ့ဗီယက်နမ်နှစ်နိုင်ငံက စေ့စပ်ညှိနှိုင်းသူတွေဟာ ဟနွိုင်းမြို့မှာပြီးခဲ့တဲ့တစ်ပတ်က ဆွေးနွေးမှုပြုလုပ် ခဲ့ကြပေ မယ့် သဘောတူညီချက် မရရှိခဲ့ကြဘူးလို့သိရပါတယ်။ ဒါ့အပြင်တရုတ်နိုင်ငံနဲ့ ပိုင်ဆိုင်မှုအငြင်း ပွားနေ တဲ့ ကျွန်းစုအရေးဆွေးနွေးဖို့အတွက် ဖိလစ်ပိုင်သမ္မတ အကွီနိုဟာ ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေးနဲ့ အင်္ဂလန်မှာတွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ 

MRTV-4

No comments:

Post a Comment