Wednesday 25 June 2014

NLD ဆိုပြုချက် ပြည်ခိုင်ဖြိုး မဆွေးနွေးသည်မှာ တစ်နှစ်ခန့်ကြာ

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အင်န်အယ်လ်ဒီ)၀င် လွှတ်တော်အမတ်တို့ လွှတ်တော်အတွင်း အဆိုပြုချက် များ အပေါ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုအမတ်များက တစ်စုံတစ်ရာမျှ ၀င်ရောက် ဆွေးနွေးခဲ့ခြင်း မရှိဟု ဇွန် ၂၄ ရက်က ထုတ်ပြန်သော ပွင့်လင်းမြန်မာ့ရှေ့ဆောင် (OMI) အစီရင် ခံစာက ဆို သည်။

၂၀၁၂ ခုနှစ်၊ ဧပြီ ၁ ရက် ကြားဖြတ် ရွေးကောက်ပွဲအနိုင်ရ အင်န်အယ်လ်ဒီတို့ လွှတ်တော်ထဲရောက်ရှိ ချိန်မှစ၍ ၂၀၁၃ ခုနှစ်၊ မတ် ၂၂ ရက် အတွင်းတစ်နှစ်ခန့် ကြာချိန်အထိ ပြည်ခိုင်ဖြိုးတို့ ၀င်ရောက် မဆွေးနွေးခြင်းဖြစ်သည်။ OMI က ပထမအကြိမ်မှ ဆဋ္ဌမအကြိမ်အထိ လွှတ်တော်အစည်းအဝေးများအတွင်း တင်သွင်းခဲ့သည့် အဆိုများကို လေ့လာ၍ အစီရင်ခံစာ ပြုစုခြင်း ဖြစ်သည်။

အဆိုပါ ကာလအတွင်း အင်န်အယ်လ်ဒီ ပါတီက ပြည်သူ့လွှတ်တော်တွင် အဆိုရှစ်ခုသွင်းခဲ့သော်လည်း ပြည်ခိုင်ဖြိုး အမတ်တစ်ဦးမျှ ၀င်ရောက်မဆွေးနွေးဟု အစီရင်ခံစာတွင် ပါဝင်သည်။

အင်န်အယ်လ်ဒီ အမျိုးသားလွှတ်တော်အမတ် ဦးအောင်ကြည်ညွန့်က “သူတို့ အနေနဲ့ သဘောထား တိုက်ဆိုင်မှုရှိ၊ မရှိ ရယ် ၊ စိတ်ဝင်စားမှုရှိ၊ မရှိရယ်အပေါ်မှာ မူတည်တာ”ဟု မဇ္ဈိမကို ပြောသည်။

ပြည်ခိုင်ဖြိုး၏ အမျိုးသားလွှတ်တော်အမတ် ဦးလှဆွေကမူ ယင်းသည် ပါတီ သဘောထားမဟုတ်ဟု ဆိုသည်။

“ဒါမှမဟုတ် အာရုံမလာလို့ ၀င်မဆွေးနွေးတာလား။ အင်န်အယ်လ်ဒီရဲ့ အဆိုတွေကို ၀င်မဆွေးနွေးရဘူး လို့တော့ မရှိပါဘူး”ဟု ၎င်းက ပြောသည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက တာဝန်ယူဆောင်ရွက်နေသည့် (OMI)သည် ဖေဖော် ၀ါရီလ အတွင်းကလည်း လွှတ်တော်အမတ်များ မေးမြန်းခဲ့သည့် မေးခွန်းများနှင့် ပတ်သက်သည့် အစီရင်ခံ စာ ထုတ်ပြန်ဖူးသည်။

Mizzima - News in Burmese

No comments:

Post a Comment