Wednesday 25 June 2014

အီတလီနည်းပြ ပရင်ဒယ်လီ နုတ်ထွက်စာတင်ခဲ့

Photo: အီတလီနည်းပြ ပရင်ဒယ်လီ နုတ်ထွက်စာတင်ခဲ့
Wednesday, June 25, 2014

အီတလီအသင်း ကမ္ဘာ့ဖလားပြိုင်ပွဲက ထွက်ခဲ့ရပြီးနောက်မှာ နည်းပြရာထူးက နုတ်ထွက်ပြီလို့ ပရင်ဒယ်လီက အတည်ပြုခဲ့ပါတယ်။ အီတလီဟာ အဖွင့်ပွဲစဉ်မှာ အင်္ဂလန်ကို အနိုင်ခဲ့ရလို့ (၁၆)သင်းအဆင့် တက်ရောက်ခွင့်အတွက် အခြေအနေကောင်းခဲ့ပေမယ့် ကော်စတာရီကာ၊ ဥရုဂွေးတို့ကို နှစ်ပွဲဆက် ရှုံးနိမ့်ခဲ့ပြီးနောက် အုပ်စုအဆင့်ကနေ အိမ်ပြန်ခဲ့ရတာ ဖြစ်ပါတယ်။

ဥရုဂွေးကို ရှုံးခဲ့တဲ့ပွဲစဉ်အပြီး ပရင်ဒယ်လီက ''ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနဲ့ စကားပြောပြီး
နုတ်ထွက်စာ တင်ခဲ့ပါတယ်။ အသင်းရဲ့နည်းစနစ်ပိုင်းက အလုပ်မဖြစ်ခဲ့ပါဘူး။ ဒီအတွက် ကျွန်တော် တာဝန်ယူပါတယ်။ စာချုပ်သစ် ချုပ်ပြီးကတည်းက အပြောင်းအလဲတွေ ဖြစ်ခဲ့တာပါ။ ကျွန်တော် ရွေးချယ်ခဲ့တဲ့ နည်းစနစ်ပိုင်း အလုပ်မဖြစ်လို့ နုတ်ထွက်တာ ဖြစ်ပါတယ်''လို့
ပြောခဲ့ပါတယ်။

ပရင်ဒယ်လီဟာ (၂၀၁၀)ကမ္ဘာ့ဖလား ပြိုင်ပွဲအပြီး အီတလီအသင်းကို တာဝန်ယူခဲ့ပြီး ပြီးခဲ့တဲ့ ယူရို (၂၀၁၂)ပြိုင်ပွဲမှာ ဗိုလ်လုပွဲ တက်ရောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ကမ္ဘာ့ဖလားပြိုင်ပွဲ ခြေစစ်ပွဲမှာ စောစောစီးစီး ခြေစစ်ပွဲအောင်ဖို့ ဦးဆောင်ပေးနိုင်ခဲ့ပြန်ပါတယ်။ ဒီအတွက် ပြီးခဲ့တဲ့ မတ်လမှာ အီတလီ ဘောလုံးအဖွဲ့ချုပ်က ပရင်ဒယ်လီကို (၂၀၁၆)ခုနှစ်အထိ သက်တမ်းရှိမယ့် စာချုပ်သစ် ချုပ်ဆိုခဲ့တာပါ။

အီတလီဟာ ဥရုဂွေးနဲ့ပွဲစဉ်မှာ သရေတစ်မှတ်ရရင် နောက်တစ်ဆင့် တက်နိုင်မှာဖြစ်ပေမယ့် မာချီစီယို တိုက်ရိုက်အနီကတ်နဲ့ ထုတ်ခံခဲ့ရလို့ အခက်တွေ့ရခဲ့ပြီး ဂိုဒင်ရဲ့ ၈၁မိနစ် ခေါင်းတိုက်ဂိုးကြောင့် ရှုံးပွဲကြုံခဲ့တာဖြစ်ပါတယ်။ ပရင်ဒယ်လီက နုတ်ထွက်စာ တင်ခဲ့သလို အီတလီ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ အဘာတီကလည်း ရာထူးကနေ အနားယူတော့မယ်လို့ အတည်ပြုသွားခဲ့ပါတယ်။ အဘာတီက '' အီတလီ ပြန်ရောက်ရင် ဘောလုံးအဖွဲ့ချုပ် အစည်းအဝေးလုပ်ပါမယ်။ ပရင်ဒယ်လီ ရာထူးက မထွက်အောင် ဖျားယောင်းနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ ရာထူးက အနားယူတော့မှာပါ။ ကမ္ဘာ့ဖလား မတိုင်ခင်ကတည်းက အဲဒီလို ကျွန်တော် ဆုံးဖြတ်ထားတာပါ''လို့ ပြောပါတယ်။

Football Café
အီတလီအသင်း ကမ္ဘာ့ဖလားပြိုင်ပွဲက ထွက်ခဲ့ရပြီးနောက်မှာ နည်းပြရာထူးက နုတ်ထွက်ပြီလို့ ပရင်ဒယ်လီ က အတည်ပြုခဲ့ပါတယ်။ အီတလီဟာ အဖွင့်ပွဲစဉ်မှာ အင်္ဂလန်ကို အနိုင်ခဲ့ရလို့ (၁၆)သင်းအဆင့် တက် ရောက် ခွင့် အတွက် အခြေအနေကောင်းခဲ့ပေမယ့် ကော်စတာရီကာ၊ ဥရုဂွေးတို့ကို နှစ်ပွဲဆက် ရှုံးနိမ့်ခဲ့ပြီး နောက် အုပ်စုအဆင့်ကနေ အိမ်ပြန်ခဲ့ရတာ ဖြစ်ပါတယ်။

ဥရုဂွေးကို ရှုံးခဲ့တဲ့ပွဲစဉ်အပြီး ပရင်ဒယ်လီက ''ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနဲ့ စကားပြောပြီး နုတ်ထွက်စာ တင်ခဲ့ ပါ တယ်။ အသင်းရဲ့နည်းစနစ်ပိုင်းက အလုပ်မဖြစ်ခဲ့ပါဘူး။ ဒီအတွက် ကျွန်တော် တာဝန်ယူပါတယ်။ စာချုပ်သစ် ချုပ်ပြီးကတည်းက အပြောင်းအလဲတွေ ဖြစ်ခဲ့တာပါ။ ကျွန်တော် ရွေးချယ်ခဲ့တဲ့ နည်းစနစ်ပိုင်း အလုပ်မဖြစ်လို့ နုတ်ထွက်တာ ဖြစ်ပါတယ်''လို့ ပြောခဲ့ပါတယ်။

ပရင်ဒယ်လီဟာ (၂၀၁၀)ကမ္ဘာ့ဖလား ပြိုင်ပွဲအပြီး အီတလီအသင်းကို တာဝန်ယူခဲ့ပြီး ပြီးခဲ့တဲ့ ယူရို (၂၀၁၂)ပြိုင်ပွဲမှာ ဗိုလ်လုပွဲ တက်ရောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ကမ္ဘာ့ဖလားပြိုင်ပွဲ ခြေစစ် ပွဲမှာ စောစောစီးစီး ခြေစစ်ပွဲအောင်ဖို့ ဦးဆောင်ပေးနိုင်ခဲ့ပြန်ပါတယ်။ ဒီအတွက် ပြီးခဲ့တဲ့ မတ်လမှာ အီတလီ ဘောလုံးအဖွဲ့ချုပ်က ပရင်ဒယ်လီကို (၂၀၁၆)ခုနှစ်အထိ သက်တမ်းရှိမယ့် စာချုပ်သစ် ချုပ်ဆိုခဲ့တာပါ။

အီတလီဟာ ဥရုဂွေးနဲ့ပွဲစဉ်မှာ သရေတစ်မှတ်ရရင် နောက်တစ်ဆင့် တက်နိုင်မှာဖြစ်ပေမယ့် မာချီစီယို တိုက်ရိုက် အနီကတ်နဲ့ ထုတ်ခံခဲ့ရလို့ အခက်တွေ့ရခဲ့ပြီး ဂိုဒင်ရဲ့ ၈၁မိနစ် ခေါင်းတိုက်ဂိုးကြောင့် ရှုံးပွဲကြုံခဲ့တာ ဖြစ်ပါတယ်။ ပရင်ဒယ်လီက နုတ်ထွက်စာ တင်ခဲ့သလို အီတလီ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ အဘာတီကလည်း ရာထူးကနေ အနားယူတော့မယ်လို့ အတည်ပြုသွားခဲ့ပါတယ်။ အဘာတီက '' အီတလီ ပြန်ရောက်ရင် ဘောလုံး အဖွဲ့ချုပ် အစည်းအဝေးလုပ်ပါမယ်။ ပရင်ဒယ်လီ ရာထူးက မထွက်အောင် ဖျားယောင်းနိုင်လိမ့်မယ် လို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ ရာထူးက အနားယူတော့မှာပါ။ ကမ္ဘာ့ဖလား မတိုင်ခင် ကတည်းက အဲဒီလို ကျွန်တော် ဆုံးဖြတ်ထားတာပါ''လို့ ပြောပါတယ်။

Football Café

No comments:

Post a Comment