Wednesday 25 June 2014

ဒုဝန်ကြီးတို့၏ ချီးမြှင့်ငွေနှင့် အဆောင်အယောင်များ ရရှိမည်

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌသည် ပြည်ထောင်စုဝန်ကြီးများရရှိသည့် ချီးမြှင့်ငွေနှင့် အဆောင်အယောင်များကို ရရှိမည်ဖြစ်ပြီး ကော်မရှင်အတွင်းရေးမှူးသည် ဒုတိယ၀န်ကြီးအဆင့် ချီးမြှင့်ငွေ နှင့် အဆောင်အယောင်များကို ခံစားခွင့်ရှိမည်ဖြစ်ကြောင်း သတင်းရရှိသည်။အဂတိလိုက်စားမှု တိုက် ဖျက်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ပြည်သူ့လွှတ် တော်တွင် ပြန်လည်ပြင်ဆင်အ တည်ပြုချက် အရ ကော်မရှင်ဥက္က ဋ္ဌနှင့် အတွင်းရေးမှူးတို့သည် အ ထက်ပါအတိုင်း ချီးမြှင့်ငွေနှင့် အ ဆောင်အယောင်များ ရရှိမည်ဖြစ်သည်။ ၂၀၁၄ မတ်လ ၃၀ ရက်တွင် ဥပဒေအဖြစ်ပြဋ္ဌာန်းလိုက်သောအဂတိလိုက်စားမှု တိုက်ဖျက် ရေးဥပဒေမှ အချို့သော ပုဒ်မများကို လွှတ်တော်က ပြန်လည် ပြင်ဆင်ခဲ့ရာ ကော်မတီက နိုင်ငံတော်သမ္မတမှ သတ်မှတ်ပြင်ဆင်ပေးနိုင်သည်ဟု ပြဋ္ဌာန်းထားသည့် ချီးမြှင့်ငွေနှင့် အဆောင်အယောင်များကို ပြည်သူ့ လွှတ်တော်ဥပဒေကြမ်းကော်မတီက အထက်ပါအတိုင်း ပြင်ဆင်၍ ဇွန်လ ၂၀ ရက်တွင် ပြည်သူ့လွှတ်တော် က အတည်ပြုလိုက်ခြင်းဖြစ်သည်။

အဆိုပါ ဥပဒေအရ နိုင်ငံ တော်သမ္မတ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့သည် သတ်မှတ်အရည်အချင်းများနှင့် ပြည့်စုံသည့် အဖွဲ့ဝင်ငါးဦးစီကို ရွေးချယ်၍ နိုင်ငံတော်သမ္မတထံ အမည် စာရင်းပေးပို့ရမည်ဖြစ်ပြီး သမ္မတက အဆိုပါ အဖွဲ့ဝင် ၁၅ ဦးမှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးကို ပြည်ထောင်စု လွှတ်တော်၏ သဘောတူညီချက် ဖြင့် ခန့်အပ်နိုင်ခြင်းဖြစ်သည်။ အဂတိလိုက်စားမှုအတွက် အရေးယူခြင်း များကို အစိုးရသစ်လက်ထက်မှစ၍ပြုလုပ်မည်ဟု ကြေညာထားသော်လည်း ယခုရက်ပိုင်းမှသာ ထင်ရှား သော ဆောင်ရွက်မှုအဖြစ် ပြည်ထောင်စုဝန်ကြီးတစ်ဦးကို ရာထူးမှရပ်စဲခဲ့ရာ ဥပဒေ၏ အကာအကွယ်နှင့် မျှတသောဥပဒေဖြစ်ရန်အတွက် ဥပဒေပြန်လည်ပြင်ဆင်နေခြင်းကို မြန်ဆန်စွာအကောင်အထည်ဖော်နိုင် ရန်လိုသည်ဟု တရားလွှတ်တော်ရှေ့နေ ဦးသန်းမောင် က ပြောသည်။
အစိုးရအဖွဲ့ဝင်များ အဂတိ လိုက်စားမှု ရှိ၊ မရှိ သိသာစေရန် ပိုင်ဆိုင်မှုများကို ကြေညာရန် လွှတ်တော်တွင် အဆိုတင်သွင်းခဲ့စဉ်က အစိုးရအဖွဲ့ဝင်များနှင့် အာဏာရပါတီကကန့်ကွက်ခဲ့သောကြောင့် အတည်မဖြစ်ခဲ့ ပေ။
သို့သော် အစိုးရအဖွဲ့ဝင် ၀န် ကြီးများအားလုံးသည် မိမိတို့ ပိုင် ဆိုင်မှုစာရင်းများကို ချိတ်ပိတ်၍ ပေးထားရပြီး အဆိုပါစာရင်းများ ကို တိုင်ကြားသူရှိမှသာ မှန်၊ မမှန် ဖွင့်ဖောက်စစ်ဆေးရမည် ဖြစ် သည်ဟု နိုင်ငံတော် သမ္မတ ၏ ပြောခွင့်ရပုဂ္ဂိုလ်ဦးရဲထွဋ်ကပြောသည်။
အစိုးရအဖွဲ့ဝင်တစ်ဦး အဂတိလိုက်စားမှု ကျူးလွန်ပါက ဥပ ဒေအရ ဆယ်နှစ်ထက်မပိုသော ထောင်ဒဏ်နှင့် ငွေဒဏ် ချမှတ် နိုင်သည်ဟု သိရသည်။
7Day Daily

No comments:

Post a Comment