Wednesday 25 June 2014

အမျိုးသားတက္ကသိုလ်(၇)ခု သတ်မှတ်ရေးကို အဆင့်မြင့်ပညာရေး ဥပဒေ အတည်ပြုပြီးမှသာ စတင်အကောင်အထည်ဖော်နိုင်မည်

အမျိုးသားတက္ကသိုလ်(၇)ခု သတ်မှတ်ရေးကိုအမျိုးသားပညာရေး ဥပဒေကို အတည်ပြုပြီး နောက်ဆက်တွဲ ဥပဒေဖြစ်သည့် အဆင့်မြင့်ပညာရေးဥပဒေကို ရေးဆွဲအတည်ပြုပြီးမှသာ စတင်အကောင်အထည်ဖော်နိုင် မည်ဖြစ် သည်ဟု ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဒေါက်တာဇော်မင်းအောင်ကပြောကြားခဲ့သည်။
ဇွန်လ(၂၃)ရက်နေ့က ကျင်းပသော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် ဦးဥာဏ်လင်း၏မြန်မာနိုင်ငံတွင် နိုင်ငံတော်အဆင့်အမျိုးသားတက္ကသိုလ်(၇)ခုတည်ထောင်ဖွင့်လှစ်သွားမည့် အခြေအနေကို သိရှိလိုကြောင်းမေးခွန်းနှင့်ပတ်သက်ပြီး ယခုလိုပြန်လည်ဖြေကြားသွားခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်ပေါင်း(၁၆၉)ခုကို ပေါင်းစည်းထားသော အမျိုးသားတက္ကသိုလ်(၇)ခုသတ်မှတ်နိုင်ရေးအပါအ၀င် တက္ကသိုလ်များပေါင်းစည်းခြင်း၊ သီးခြား ရပ်တည်ခြ င်းနှင့် လွတ်လပ်စွာ စီမံခန့်ခွဲနိုင်သော တက္ကသိုလ်များပေါ်ပေါက်လာရန်အတွက် တက္ကသိုလ် အသီးသီးက ပါမောက္ခချုပ်များ၊ ပေါမောက္ခများနှင့်တာဝန်ရှိသူများက ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေသည်ဟု ဒုတိယ ၀န်ကြီး ကပြောကြား ခဲ့ သည်။

SkyNet TV Browser

No comments:

Post a Comment