
အနောက်အာဖရိကနိုင်ငံအများစုလိုပဲ ဂါနာနိုင်ငံသားတွေဟာ သူတို့နိုင်ငံကို အီဘိုလာ ဗိုင်းရပ်စ် ကူးစက် မှု ရောက်လာမှာကို စိုးရိမ်နေကြလို့ သတင်းစာခေါင်းကြီးပိုင်းတွေမှာ သံသယအဖြစ်ဆုံးကိစ္စ အဖြစ် ဖော် ပြနေ တာ ဖြစ်ပါတယ်။
ဂါနာနိုင်ငံတွင်းမှာ အီဘိုလာဗိုင်းရပ်စ်ကို တွေ့ပြီလားလို့ ကြောက်နေတဲ့ နိုင်ငံသားတွေကို မကြောက် ဖို့ ဖြေသိမ့်ပေးချင်တယ်လို့ သူက ဆက်ပြောပါတယ်။
အီဘိုလာဗိုင်းရပ်စ်ဟာ ဂီနီနဲ့ လိုက်ဘေးရီးယား နိုင်ငံတွေထဲမှာ လူ ၉၀ ကျော်ကို အသက် သေ ဆုံးစေခဲ့တာ ဖြစ်ပြီး မာလီနိုင်ငံထဲမှာလဲ သံသယဖြစ်မှုတခု အစီရင်ခံခဲ့ပါသေးတယ်။
ကျန်းမာရေးဝန်ဆောင်မှုတွေ အားနည်းပြီး ဆင်းရဲမွဲတေတဲ့ဒေသအတွင်း မမျှော်မှန်းနိုင်တဲ့ ပြန့်ပွား မှုတွေ ဖြစ်နိုင်တယ်လို့ ကျန်းမာရေးဆိုင်ရာ အိုင်အန်ဂျီအိုလ်အဖွဲ့ကြီးဖြစ်တဲ့ MSF က သတိပေးထားပါတယ်။
တိုဂို၊ ဘာကီနာဖာဆိုနဲ့ အိုင်ဗရီကို့စ်နိုင်ငံတွေနဲ့နယ်နမိတ်ချင်း ဆက်နေတဲ့ ဂါနာနိုင်ငံဟာ ဂီနီနိုင်ငံတွင်းက ကူးစက်မှုစတည်းက ကျန်းမာရေးစောင့်ကြည့်မှုတွေ လုပ်ခဲ့တယ်လို့ ကျန်းမာရေး ၀န်ကြီးက ပြောပါတယ်။
ရောဂါ ကူးစက် ပြန့်ပွားမှု ထိန်းချုပ်ရေးအတွက် လူတွေ လှုပ်ရှားသွားလာမှုကို ပြင်းပြင်းထန်ထန် ကန့်သတ် မှုတော့ အမိန့် မထုတ်ရသေးဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဖြစ်တဲ့ ဒဗလျူအိတ်ခ်ျအိုက ပြောပါတယ်။
ဒီအဆင့်မှာ မလိုအပ်သေးဘူးလို့ ဂါနာနိုင်ငံဆိုင်ရာ ဒဗလျူအိတ်ခ်ျအိုကိုယ်စားလှယ် ဒေါက်တာ မက်ဒါ ရိုဘာလိုက ပြောပါတယ်။
ရောဂါလက္ခဏာတွေကို စုံစမ်းစစ်ဆေးဖို့ ကမ်းခြေနဲ့ နယ်စပ်ဝန်ထမ်းတွေကို သင်တန်း ပေးထားပြီး အမျိုး သားကော်မတီတရပ်ကိုလဲ ဖွဲ့စည်းထားပြီး စမ်းသပ်ရေး ကိရိယာတွေကို စုဆောင်းထားကာ သတင်းပေးဖို့ အရေးပေါ်တယ်လီဖုန်းလိုင်းတွေကိုလဲ ချထားပေးပြီးပြီလို့ သူက ပြောခဲ့ပါတယ်။
DVB
No comments:
Post a Comment