Tuesday 8 April 2014

X-Factor သီချင်းဆို ပြိုင်ပွဲတွင် ချယ်ရီကိုးလ် ဒိုင်အဖြစ် ပြန်လည်ပါဝင်မည်

 
ကမ္ဘာကျော်အဆိုတော် ချယ်ရီကိုးလ်သညဗြိတိန်နိုင်ငံ၌ အထင်ကရရှိုးပွဲ တစ်ခုဖြစ်သည့် X-Factor သီချင်း ဆို ပြိုင်ပွဲမှ ထွက်ခွာပြီး သုံးနှစ်ကြာ ယင်းပြိုင်ပွဲတွင် ဒိုင်လူကြီး အဖြစ် ပြန်လည် ပါဝင်ရန် စတာလင်ပေါင် ၁ ဒသမ ၅ သန်းဖြင့် သဘောတူ စာချုပ်ချုပ် ဆိုခဲ့ကြောင်း သိရ သည်။
Girls Aloud အဆိုအဖွဲ့၏ အဖွဲ့ဝင်ဟောင်း ချယ်ရီသည် အမေရိကန် X-Factor သီချင်းဆို ပြိုင်ပွဲတွင် ဒိုင်လူကြီးအဖြစ် ပြန်လည် ပါဝင်ရန်အတွက် ဗြိတိန်ရှိုးပွဲမှ ၂ဝ၁၁ ခုနှစ်အတွင်းက ထွက်ခွာ ခဲ့ခြင်း ဖြစ်ကြော င်း သိရသည်။ သို့ရာတွင် ၄င်းသီချင်း ဆိုပြိုင်ပွဲ၏ ဒုတိယ episode တွင် ပါဝင် တင်ဆက်ပြီးနောက် သူမ၏ လေယူလေသိမ်းကို အမေရိကန် ပရိသတ်များက နားလည်ခဲ့ခြင်း မရှိသောကြောင့် ပြိုင်ပွဲမှ ထွက်ခွာခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

ယခုအခါ X-Factor သီချင်းဆို ပြိုင်ပွဲတွင် ဒိုင်လူကြီးအဖြစ် တင်ဆက်နေသော နီကိုးလ် ရှာဇင်ဂါနှင့် ဂါရီဘာ လိုတို့သည် ထပ်မံ ကျင်းပမည့် ပြိုင်ပွဲ၏ အစီအစဉ်သစ် တွင် ပြန်လည် ပါဝင်တော့မည် မဟုတ်သောေ ကြာ င့် ချယ်ရီနှင့် ယင်းကဲ့သို့ စာချုပ် ချုပ်ဆိုခဲ့ခြင်း ဖြစ်ကြောင်း ပြိုင်ပွဲ စီစဉ်သူ ဆိုင်မွန်ကိုဝဲလ် က ပြောကြား ခဲ့သည်။

မြ၀တီ

No comments:

Post a Comment