
မြန်မာနိုင်ငံအတွင်းရှိ တိုင်းနှင့်ပြည်နယ်များတွင် စာတတ်မြောက်ရေးအတွက်
ပြည်သူများထံသို့ စည်းရုံးရေး ဆင်းရာတွင်အခက်အခဲ များကြုံတွေ့နေရကြောင်း
စည်းရုံးရေးဆင်းသူများထံက သိရသည်။
စာသင်ပေးရန် စည်းရုံးရေးဆင်းရာတွင်
ဒေသခံအချို့မှာအသက်အရွယ်ကြီးပြီဖြစ်သောကြောင့် စာပြန်လည် သင်ယူ ရမည်ကို
ရှက်ကြောက်နေခြင်း ၊စားဝတ်နေရေးအတွက် အလုပ်လုပ်နေရသဖြင့် မအားလပ်သူများ
ရှိနေသောကြောင့်စည်းရုံးရန် အခက်အခဲဖြစ်နေခြင်းဖြစ်သည်။ “တချို့ဆိုစာတစ်လုံးမှ မတတ်ဘူး စာကိုလည်း တကယ်သင်ချင်တယ် ဆင်းရဲတော့စားဝတ်နေရေး အတွက် အလုပ်လုပ်နေရတယ် အဲ့ဒါဆိုရင် ကျွန်တော်တို့အဖွဲ့တွေကသူတို့အလုပ်တွေကို ၀ိုင်းကူ လုပ်ပေးနေ ရတာတွေ ရှိတယ် တချို့ဆိုရင် သားနဲ့အမေနှစ်ယောက်လုံး စာမတတ်ဘူးအမေကသားနဲ့ အတူတူရှက်လို့ စာ မသင်ချင် အဲ့ဒါမျိုးတွေ အများကြီးကြုံတွေ့ရတယ်”ဟုမြန်မာနိုင်ငံစာတတ်မြောက်ရေး လှုပ်ရှားမှုအတွက် စည်းရုံးရေးဆင်းသူ ကိုမင်းသုခကပြောသည်။
၂၀၁၄ ခုနှစ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းစဉ်တွင် မြန်မာနိုင်ငံရှိမြို့နယ်ပေါင်း (၂၉)ခုမှ ရပ် ကွက် ကျေး ရွာပေါင်း (၁၁၆၃) နေရာ၊ သင်ယူမည့်သူ(၄၆၄၇၉) ဦးတို့ကို ၂၀၁၄ ခုနှစ် ဧပြီ (၁)ရက်မှ မေလ ၁၅ ရက်အထိသင်ကြားပေးသွားမည် ဖြစ်ကြောင်းသိရသည်။
“နိုင်ငံတော်ဖွံဖြိုးတိုးတက်ဖို့အတွက် နိုင်ငံသားတိုင်စာတတ်ဖို့ လိုတယ်။လူစွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးတိုး တက် ဖို့အတွက် မျှော်မှန်ပြီးလုပ်ဆောင်နေတာပါ။ ဒီလိုအစီအစဉ်တွေကို ရှေးမြန်မာ မင်းတွေလက်ထက် ကတည်းက စတင်လုပ်ဆောင်နေတာပါ အဲ့ဒါကြောင့်ပြည်သူတွေ ဘက်ကလည်းစာတတ်ကြဖို့အတွက် မရှက်မကြောက် ပါဝင်ဆောင်ရွက် စေချင်ပါတယ်”ဟု စာတတ်မြောက်ရေး အထောက်အကူပြုပင်မ ဌာနဥက္ကဌ ဦးသန်းဦးက ပြောသည်။
၂၀၁၄ ခုနှစ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်ခံယူ၍ လူထု လှုပ်ရှားမှု အသွင်ဖြင့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများအခမ်းအနားဖွင့်ပွဲကိုဧပြီလ(၆)ရက် တွင် ပြည်နယ်နှင့်တိုင်းအားလုံး၌တစ်ပြိုင်နက်တည်းကျင်းပပြုလုပ်ခဲ့သည်။
မင်းအောင်မြင်(မြစ်မခ)
Ma Kha Media Group
No comments:
Post a Comment