Tuesday 8 April 2014

ကမ္ဘာ့အကြီးဆုံး စာကြည့်တိုက် ကြီးများ

Photo: ကမ္ဘာ့အကြီးဆုံး စာကြည့်တိုက် ကြီးများ

စာကြည့်တိုက်များသည် ဗဟုသုတ ဘဏ်တိုက်ကြီးများပင်ဖြစ်သည်။

ကျွန်ုပ်တို့ အနေဖြင့် လွန်ခဲ့သော နှစ်ပေါင်းများစွာက မွေးဖွားခဲ့သော ပုဂ္ဂိုလ်များနှင့် စကားပြောဆိုရသကဲ့သို့ပင်  ၎င်းပုဂ္ဂိုလ်တို့၏ ဘဝတစ်လျှောက် ရရှိခဲ့သော ဗဟုသုတ အတွေ့အကြုံများ တိုက်ရိုက် ရရှိနိုင်သည့် အခွင့်အရေးကို စာကြည့်တိုက်ကြီးများတွင် ရရှိနိုင်သည်။ အဆိုပါ စာကြည့် တိုက် ကြီးများတွင် စာအုပ်များကို အလွယ်တကူ ရှာဖွေရရှိနိုင်ရုံမျှသာ မကဘဲ အတွေး အခေများ ဖလှယ်ခြင်း၊ စိတ်ဝင်စားစရာ နေရာများကို စူးစမ်းလေ့လာခြင်း၊ ကမ္ဘာတစ်ဝန်း ခရီးသွားလာ ခြင်းတို့ကိုလည်း စာကြည့်တိုက်များမှ တစ်ဆင့် ပြုလုပ်နိုင်သည်။ ကမ္ဘာပေါ်တွင် စာအုပ် အများဆုံး စုဆောင်းထားသည့် စာကြည့်တိုက်ကြီးများကို ထုတ်နုတ် တင်ပြလိုက်ပါသည်။

အမေရိကန်ကွန်ဂရက် လွှတ်တော် စာကြည့်တိုက် အမေရိကန် ကွန်ဂရက် လွှတ်တော် စာကြည့်တိုက်သည် စုဆောင်းထားသော စာအုပ်နှင့် စာအုပ်စင် အရေအတွက်တို့အရ  ကမ္ဘာ ပေါ်တွင် အကြီးမားဆုံး စာကြည့်တိုက်ဖြစ်သည်။ စာအုပ် အရေအတွက် ၁၅၁ သန်းကျော် စုဆောင်းထားရှိပြီး အမေရိကန် ပြည်ထောင်စု ဝါရှင်တန် ဒီစီ၌တည်ရှိသည်။ အဆိုပါ စုဆောင်းထားမှုများထဲတွင် ဘာသာပေါင်း ၄၇ဝ ကျော်ဖြင့် ထုတ်ဝေထားရှိသည့်  စာအုပ်များ ပါဝင်သည်။  ပုံနှိပ်စာအုပ် ၃၄ ဒသမ ၅  သန်းကျော်နှင့် လက်ရေးမူ ၆၆ ဒသမ ၆ သန်းကျော် ရှိနေသည်ဟု သိရသည်။ ထို့ပြင်အဆိုပါ စာကြည့်တိုက်သည်  ဥပဒေ အထောက် အကူပြု ပစ္စည်း၊ မြေပုံ၊ ဖလင်၊ အသံဖမ်းဖိုင်နှင့် တေးဂီတ ဓာတ်ပြားများကို ကမ္ဘာပေါ်တွင် အကြီးမားဆုံး စုဆောင်းထားသော နေရာလည်းဖြစ်သည်။

 ဗြိတိသျှ စာကြည့်တိုက် စာအုပ်ရေ စုစုပေါင်း သန်း ၁၅ဝ ကျော်သို မှီးထားသည့် ဗြိတိသျှ စာကြည့်တိုက်သည် ကမ္ဘာပေါ်တွင် ဒုတိယ အကြီးမားဆုံးသော စာကြည့်တိုက်ဖြစ်သည်။

လန်ဒန်မြို့၌ တည်ရှိပြီး ယူနိုက်တက် ကင်းဒမ်း၏ အမျိုးသား စာကြည့်တိုက်လည်း ဖြစ်သည်။ နှစ်စဉ် စာအုပ်စာတမ်း စုစုပေါင်း သုံးသန်းကျော် အသစ် စုဆောင်းလေ့ရှိသည်ဟု ဆိုသည်။ စိတ်ဝင်စားစရာအချက်တစ်ခုမှာ စာဖတ်သူတစ်ဦးအနေဖြင့် တစ်နေ့လျှင် စာအုပ်ငါးအုပ်ကို နေ့စဉ်ဖတ်ရှုမည် ဆိုပါကနှစ်ပေါင်း ၈ဝဝဝဝ အချိန်ယူ ဖတ်ရှုမှ စာကြည့်တိုက် တစ်တိုက်လုံးရှိ စာအုပ်များကို ဖတ်ရှုပြီး စီးနိုင်မည်ဟုဆိုသည်။ အဖိုးတန် စုဆောင်းမှုများ ထဲတွင် မက်ဂနာကာတာလီယိုနာ ယိုဒါဗင်ချီ၏ မှတ်စာအုပ်နှင့် ဘီတယ်လ် တေးဂီတ အဖွဲ့ဝင်များ၏ လက်ရေးမူများ လည်းရှိသည်။

 နယူးယောက် ပြည်သူစာကြည့်တိုက်ကမ္ဘာပေါ်တွင် အကြီးမားဆုံး စာကြည့်တိုက်ကြီး နှစ်ခုပြီးလျှင် တတိယမြောက် အကြီးမားဆုံး စာကြည့်တိုက်မှာ နယူးယောက် ပြည်သူ့ စာကြည့်တိုက် ဖြစ်ပြီး စုဆောင်းထားသည့် စာအုပ်စာတမ်း ၅၁ ဒသမ ၃ သန်းကျော်ရှိသည်။  အမေရိကန် ပြည်ထောင်စုတွင် ဒုတိယမြောက် အကြီးမားဆုံး စာကြည့်တိုက်ဖြစ်ပြီး  ဌာနခွဲ  ၉၁  ခုရှိသည်။ ၁၈၉၅ခုနှစ်တွင် စတင် တည်ထောင်ခဲ့သော အဆိုပါ စာကြည့်တိုက်သည် လွန်ခဲ့ သောနှစ်ပေါင်း ၁ဝဝ ကျော်မှစ၍ ဝန်ဆောင်မှု ပေးနေခြင်းဖြစ်သည်။ အများပြည်သူကို  အခမဲ့ ဝန်ဆောင်မှု ပေးနေသော စာကြည့်တိုက်ကြီး တစ်ခု ဖြစ်သည်။

ကျော်ဇင်ထွဋ်
စာကြည့်တိုက်များသည် ဗဟုသုတ ဘဏ်တိုက်ကြီးများပင်ဖြစ်သည်။
ကျွန်ုပ်တို့ အနေဖြင့် လွန်ခဲ့သော နှစ်ပေါင်းများစွာက မွေးဖွားခဲ့သော ပုဂ္ဂိုလ်များနှင့် စကားပြောဆိုရ သကဲ့သို့ပင် ၎င်းပုဂ္ဂိုလ်တို့၏ ဘဝတစ်လျှောက် ရရှိခဲ့သော ဗဟုသုတ အတွေ့အကြုံများ တိုက်ရိုက် ရရှိနိုင်သည့် အခွင့်အရေးကို စာကြည့်တိုက်ကြီးများတွင် ရရှိနိုင်သည်။ အဆိုပါ စာကြည့် တိုက် ကြီးများတွင် စာအုပ် များကို အလွယ်တကူ ရှာဖွေရရှိနိုင်ရုံမျှသာ မကဘဲ အတွေး အခေများ ဖလှယ်ခြင်း၊ စိတ်ဝင် စားစရာ နေရာများကို စူးစမ်းလေ့လာခြင်း၊ ကမ္ဘာတစ်ဝန်း ခရီးသွားလာ ခြင်းတို့ကိုလည်း စာကြည့်တိုက် များမှ တစ်ဆင့် ပြုလုပ်နိုင်သည်။ ကမ္ဘာပေါ်တွင် စာအုပ် အများဆုံး စုဆောင်းထားသည့် စာကြည့်တိုက်ကြီး များကို ထုတ်နုတ် တင်ပြလိုက်ပါသည်။

အမေရိကန်ကွန်ဂရက် လွှတ်တော် စာကြည့်တိုက် အမေရိကန် ကွန်ဂရက် လွှတ်တော် စာကြည့်တိုက် သည် စုဆောင်းထားသော စာအုပ်နှင့် စာအုပ်စင် အရေအတွက်တို့အရ ကမ္ဘာ ပေါ်တွင် အကြီးမားဆုံး စာကြည့် တိုက်ဖြစ်သည်။ စာအုပ် အရေအတွက် ၁၅၁ သန်းကျော် စုဆောင်းထားရှိပြီး အမေရိ ကန် ပြည်ထောင်စု ဝါရှင်တန် ဒီစီ၌တည်ရှိသည်။ အဆိုပါ စုဆောင်းထားမှုများထဲတွင် ဘာသာပေါင်း ၄၇ဝ ကျော်ဖြင့် ထုတ်ဝေထားရှိသည့် စာအုပ်များ ပါဝင်သည်။ ပုံနှိပ်စာအုပ် ၃၄ ဒသမ ၅ သန်းကျော်နှင့် လက်ရေး မူ ၆၆ ဒသမ ၆ သန်းကျော် ရှိနေသည်ဟု သိရသည်။ ထို့ပြင်အဆိုပါ စာကြည့်တိုက်သည် ဥပဒေ အထောက် အကူပြု ပစ္စည်း၊ မြေပုံ၊ ဖလင်၊ အသံဖမ်းဖိုင်နှင့် တေးဂီတ ဓာတ်ပြားများကို ကမ္ဘာပေါ်တွင် အကြီးမားဆုံး စုဆောင်းထားသော နေရာလည်းဖြစ်သည်။

ဗြိတိသျှ စာကြည့်တိုက် စာအုပ်ရေ စုစုပေါင်း သန်း ၁၅ဝ ကျော်သို မှီးထားသည့် ဗြိတိသျှ စာကြည့်တိုက် သည် ကမ္ဘာပေါ်တွင် ဒုတိယ အကြီးမားဆုံးသော စာကြည့်တိုက်ဖြစ်သည်။

လန်ဒန်မြို့၌ တည်ရှိပြီး ယူနိုက်တက် ကင်းဒမ်း၏ အမျိုးသား စာကြည့်တိုက်လည်း ဖြစ်သည်။ နှစ်စဉ် စာအုပ် စာတမ်း စုစုပေါင်း သုံးသန်းကျော် အသစ် စုဆောင်းလေ့ရှိသည်ဟု ဆိုသည်။ စိတ်ဝင်စားစရာ အချက်တစ်ခုမှာ စာဖတ်သူတစ်ဦးအနေဖြင့် တစ်နေ့လျှင် စာအုပ်ငါးအုပ်ကို နေ့စဉ်ဖတ်ရှုမည် ဆိုပါ ကနှစ်ပေါင်း ၈ဝဝဝဝ အချိန်ယူ ဖတ်ရှုမှ စာကြည့်တိုက် တစ်တိုက်လုံးရှိ စာအုပ်များကို ဖတ်ရှုပြီး စီးနိုင်မည်ဟု ဆိုသည်။ အဖိုးတန် စုဆောင်းမှုများ ထဲတွင် မက်ဂနာကာတာလီယိုနာ ယိုဒါဗင်ချီ၏ မှတ်စာအုပ်နှင့် ဘီတယ်လ် တေးဂီတ အဖွဲ့ဝင်များ၏ လက်ရေးမူများ လည်းရှိသည်။

နယူးယောက် ပြည်သူစာကြည့်တိုက်ကမ္ဘာပေါ်တွင် အကြီးမားဆုံး စာကြည့်တိုက်ကြီး နှစ်ခုပြီးလျှင် တတိ ယမြောက် အကြီးမားဆုံး စာကြည့်တိုက်မှာ နယူးယောက် ပြည်သူ့ စာကြည့်တိုက် ဖြစ်ပြီး စုဆောင်း ထားသည့် စာအုပ်စာတမ်း ၅၁ ဒသမ ၃ သန်းကျော်ရှိသည်။ အမေရိကန် ပြည်ထောင်စုတွင် ဒုတိယမြောက် အကြီးမားဆုံး စာကြည့်တိုက်ဖြစ်ပြီး ဌာနခွဲ ၉၁ ခုရှိသည်။ ၁၈၉၅ခုနှစ်တွင် စတင် တည်ထောင်ခဲ့သော အဆိုပါ စာကြည့်တိုက်သည် လွန်ခဲ့ သောနှစ်ပေါင်း ၁ဝဝ ကျော်မှစ၍ ဝန်ဆောင်မှု ပေးနေခြင်းဖြစ်သည်။ အများပြည်သူကို အခမဲ့ ဝန်ဆောင်မှု ပေးနေသော စာကြည့်တိုက်ကြီး တစ်ခု ဖြစ်သည်။

ကျော်ဇင်ထွဋ်
မြ၀တီ

No comments:

Post a Comment