Tuesday 8 April 2014

ဇနီးဖြစ်သူမှအတွေ့မခံသဖြင့် အရက်မူးယစ်ပြီး အဆောင်အားမီးရှို့သူကို အရေးယူ

၇.၄.၂၀၁၄ ရက်နေ့ ၁၅၀၀ အချိန် လှိုင်သာယာမြို့နယ်၊ (၆)ရပ်ကွက်ရှိ “ချမ်းမြေ့”အဆောင်ပိုင်ရှင် ဦးသန်းဌေးအောင် မှ ၎င်းသည် မြို့တွင်းသို့ သွားနေစဉ် အဆောင်၌မီးရှို့မှုဖြစ်ပွားကြောင်းကြားသိရ
သဖြင့် ပြန်လာခဲ့ပြီး ဖြစ်စဉ်အားစုံစမ်းမေးမြန်းခဲ့ကြောင်း၊ ထိုသို့စုံစမ်းခဲ့ရာ အဆောင်တွင် ငှားရမ်းနေ ထိုင်သော ဒေါ်ခင်နှင်းဖြူ ထံသို့ ၎င်း၏တူမတော်စပ်သူ မစန်းသန္တာကိုမှာ ခင်ပွန်းဖြစ်သူ ခင်မောင်ဆွေနှင့် အဆင်မပြေဖြစ်ပြီး ရောက်ရှိနေထိုင်နေစဉ် ၁၄၅၅ အချိန်တွင် ခင်မောင်ဆွေမှ လာရောက် တွေ့ဆုံ ခဲ့ကြောင်း၊ ထိုသို့တွေ့ဆုံသည်ကို မစန်းသန္တာကိုမှ အတွေ့မခံသဖြင့် ခင်မောင်ဆွေမှ အရက်မူးပြီး ကြွပ်ကြွပ်အိတ်အားမီးရှို့ကာ အဆောင်ပေါ်သို့ပစ်တင်လိုက်စဉ် အဆောင်နောက်ဘက်ရှိ ပလပ်စတစ်စ အဖီအမိုးပေါ်သို့ကျပြီး ကပ်လျက်ရှိခြံစည်းရိုးမှ အအ၀တ်အထည်များနှင့် ပလပ်စတစ်ရေပုံး(၁)ပုံးတို့ ကို ကူးစက်လောင်ကျွမ်းခဲ့၍ ပတ်ဝန်းကျင်မှ ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့ရသည်ကို သိရှိရကြောင်းနှင့် ခင်မောင်ဆွေ ကို အရေးယူပေးရန် တိုင်တန်းလာခဲ့ ပါသည်။

ထိုသို့တိုင်တန်းချက်အရ လှိုင်သာယာမြို့မရဲစခန်း(ပ)၄၆၀/၂၀၁၄၊ ပြစ်မှုပုဒ်မ-၄၃၆ ဖြင့် အမှုဖွင့်အရေး ယူဆောင် ရွက်ခဲ့ပြီး ခင်မောင်ဆွေ၊ (၃၆)နှစ်၊ (ဘ)ဦးစက်ဗိုလ်၊ တန့်ဆည်မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး
နေသူကို ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

No comments:

Post a Comment