
ကျန်းမာရေး အန္တရာယ်များ ကပ်ညိ နေနိုင်သော အသုံးအဆောင်များ ဘွတ်ဖိနပ် တွေက သင့်ကို ထိခိုက် စေနိုင်သလား၊ မီးခိုး ထွက်ကြောင်း အချက်ပြစက် က သင့်ကို ဆိုးကျိုး ဖြစ်စေ နိုင်သလား။
အိပ်ခန်းထဲရှိ ဗီရိုဘာကြောင့်လဲ - ကြာရှည်စီးထားတဲ့ ဘွတ်ဖိနပ်ကို ထည့်ထားတာကြောင့်ပါ။
လမ်းလျှောက်တဲ့အခါနဲ့ ပြေးတဲ့အ ခါတွေမှာ စီးတဲ့ ဘွတ်ဖိနပ်တွေက အချိန် ကြာလာတဲ့ အခါ ခြေထောက် ကို ထိခိုက် နိုင်ခြေ များပါတယ်။ ဒါကြောင့် သင့်ဗီရိုထဲက ဘွတ်ဖိနပ်တွေက ဟောင်းနွမ်း နေပြီဆိုရင် လွှင့်ပစ်သင့်နေပါပြီ။ ယေဘု ယျအားဖြင့် ဘွတ်ဖိနပ်တစ်ရံရဲ့ သက် တမ်းက အချိန် ခြောက်လ ဒါမှမဟုတ် သွားတဲ့ ခရီး မိုင် ၃၀ဝ - ၅၀ဝ လောက်ပဲ ခံပါတယ်။
အိမ်အနားတစ်ဝိုက်
လဲလှယ်လိုက်ပါ။မီးခိုးထွက်ကြောင်း သတိပေးတဲ့ စက်ကိရိယာဟာ အချိန် ၁၀ နှစ်ကျော်ပြီဆိုရင် အသစ် လဲသင့်နေပါပြီ။
မီးခိုးထွက်ကြောင်း သတိပေးစက် (Smoke Alarm) ကို အိပ်ခန်းတွေထဲ မှာ တပ်ဆင်ထားပြီး တစ်နှစ် တစ်ကြိမ် ဘက်ထရီလဲပေးဖို့ လိုပါတယ်။
ရေချိုးခန်းထဲရှိ အံဆွဲ
လွှင့်ပစ်လိုက်ပါ ဆားရေ၊ နေကာခရင်မ်နဲ့ ဆေးဝါးတွေကို လွှင့်ပစ်သင့်ပါပြီ
အလုံပိတ်ထားတဲ့ နှာခေါင်းတွင်း ထည့်ဆားရေနဲ့ ဆေးဝါးတွေကို အစိုဓာတ်များတဲ့နေရာမှာ ထားရင် သူတို့ရဲ့ သတ်မှတ်ရက်ထက် အာနိသင်လျော့နည်း မှု မြန်တတ်ပါတယ်။ အခန်းတွင်း အပူ ချိန်မြင့် တာကြောင့် နေရောင်ကာ ခရင်မ် တွေရဲ့ အာနိသင်ကလည်း ယုတ်လျော့ တတ်တဲ့အတွက် တစ်နှစ်ကြာရင် မသုံး သင့်တော့ပါ။
ဂိုဒေါင်ထဲရှိ စင်များ
လွှင့်ပစ်လိုက်ပါ -ပိုးသတ်ဆေးတွေကို အချိန်နှစ်နှစ်ကျော်ကြာရင် လွှင့်ပစ်သင့်ပါတယ်။
ပိုးသတ်ဆေး အဟောင်းထဲက ဓာ တုပစ္စည်းတွေက ကောင်းကောင်းအလုပ် မလုပ်တော့သလို ပါကင်တွေကလည်း ဟောင်းနွမ်းပြီး မလုံတော့တာကြောင့် သင့်ကို အဆိပ်တွေနဲ့ ထိတွေ့ခံရနိုင်ခြေ များပါတယ်။
Good Health
No comments:
Post a Comment