
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ တိုင်းအကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ (၂)မှတပ်ဖွဲ့ဝင် များ သည် ခါး ပိုက်နှိုက် ဖမ်းဆီးရမိရေးအတွက် ၇.၄.၂၀၁၄ ရက်နေ့ ၀၄၃၀ အချိန်တွင် မရမ်းကုန်းမြို့နယ်၊ တံတားလေး လမ်းဝ မှတ်တိုင်၌ သတင်းစုံစမ်းဆောင်ရွက်နေစဉ် ယာဉ်လိုင်းအမှတ်(၄၃) ယာဉ်ပေါ်မှ ဆင်းလာသည့် ခါးပိုက်နှိုက်ပြစ်ချက်ဟောင်းရှိသူများဖြစ်သည့် လှိုင်သာယာမြို့နယ်နေ ပေါက်စီ(ခ) သန့်ဇင်ဦး၊ (၃၅)နှစ်၊ (ဘ)ဦးလှဦး၊ ရှမ်းမ(ခ)သိန်းထွန်းနိုင်၊ (၃၂)နှစ်၊ (ဘ)ဦးကျင်သန်းနှင့် ကြည့်မြင်တိုင်မြို့နယ်နေ မောင်ဇော်၊ (၄၄)နှစ်၊ (ဘ)ဦးကျော်ဝင်းတို့(၃)ဦးကိုတွေ့ရှိသဖြင့် စစ်ဆေး ရှာဖွေရာ ပေါက်စီ (ခ)သန့်ဇင်ဦး၏ ကျောပိုး အိတ် အတွင်းမှငွေကျပ်(၁၇၆၀၀) ကိုတွေ့ရှိခဲ့ပါသည်။
ထိုသို့တွေ့ရှိသည့်ငွေများနှင့်ပတ်သက်၍စစ်ဆေးရာ ၎င်းတို့(၃)ဦးသည် အဆိုပါယာဉ်လိုင်းဖြင့် လိုက်ပါ စီးနင်း လာစဉ် ယာဉ်ပေါ်ပါ အသက်(၃၀)နှစ်ခန့်ရှိ အမျိုးသမီးတစ်ဦး၏ စလင်းဘက်အိတ် အား ပေါက်စီ (ခ)သန့်ဇင်ဦးနှင့် ရှမ်းမ(ထ)သိန်းထွန်းနိုင်တို့ကလူကာပေးပြီး မောင်ဇော်မှဇစ်ဖွင့်၍နှိုက်ယူရရှိ ခဲ့သောငွေ များဖြစ်ကြောင်း ပေါ်ပေါက်သဖြင့် မရမ်းကုန်းမြို့မရဲစခန်း (ပ)၁၁၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၇၉(နှိုက်)/၅၄ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Yangon Police
No comments:
Post a Comment