ဥပဒေပညာရှင်
တရားလွှတ်တော်ရှေ့နေဦးရောဘတ်ဆန်းအောင်က “ပြည်သူ့ဝန်ထမ်းအဖြစ် တာဝန် ဝတ္ထရား
ဆောင် ရွက်နေစဉ် ဥပဒေနှင့်ဆန့်ကျင်သော အစုအဝေးကို လူစုခွဲရန်
ကြိုးပမ်းနေသော၊ သို့တည်း မဟုတ်
ရုန်းရင်းဆန်ခတ်မှုကိုဖြစ်စေ၊သတ်ပုတ်နှောင့်ယှက်မှုကိုဖြစ်စေ
နှိမ်နင်းရန်ကြိုးပမ်းနေသော ပြည်သူ့ ဝန်ထမ်းကို မည်သူမဆို
လက်ရောက်မှုပြုလျှင် သို့တည်းမဟုတ် လက်ရောက်မှုပြုရန် ခြိမ်းခြောက်လျှင်
သို့တည်းမဟုတ် ဟန့်တားလျှင် သို့တည်းမဟုတ် ဟန့်တားရန် အားထုတ်လျှင်
သို့တည်းမဟုတ် ထိုပြည်သူ့ဝန်ထမ်းကို ရာဇာဝတ် မကင်းသော အနိုင်အထက်မှုပြုလျှင်
သို့တည်းမဟုတ် ထိုသို့ပြုရန် အားထုတ် လျှင် သို့တည်းမဟုတ် ထိုသို့ပြုရန်
ခြိမ်းခြောက်လျှင် ထိုသူကို သုံးနှစ်ထိ
ထောင်ဒဏ် တစ်မျိုးမျိုး ကိုဖြစ်စေ၊ငွေဒဏ်ဖြစ်စေ၊ဒဏ်နှစ်မျိုးလုံးဖြစ်စေ
ချမှတ်လို့ရတယ် အခုဒေါ်မြမြအေးကို တရားစွဲထားတဲ့ ပုဒ်မ ၁၅၂ကတော့
မတရားလုပ်တာဖြစ်နေတယ်” ဟုပြောသည်။

လယ်ယာမြေအားကို
လာရောက်သိမ်းယူခြင်းများခံရသောကြောင့် ချမ်းမြသာစည်မြို့နယ်၊ အုံးအင်းကွင်း
အမှတ်(၄၁၁)ရှိ လယ်မြေဧက ၅၀ အား ပိုင်ဆိုင်ထားသော လယ်သမား (၄၁)ဦးက
ဒေါ်မြမြအေးအား လယ်ယာမြေများပြန်လည်ရရှိရန်အတွက် တရားဝင်း
လုပ်ပိုင်ခွင့်များကို ရှေ့နေနှင့်တကွ စာချုပ်ပေါ်တွင်
လက်မှတ်ထိုးလွှဲပြောင်းပေးခဲ့သည်။ယင်းနောက် ၂၂.၃.၂၀၁၄ ရက်က ရဲတပ်ဖွဲ့အင်အား
၂၀၀၊စည်ပင်ဝန်ထမ်း အယောက် ၁၀၀ ဖြင့် လာရောက်သိမ်းယူ ခဲ့ပြီး
မြေတူးကားများဖြစ်မြေများ တူးဖော်ခြင်း၊ခြံစည်းရိုးများခတ်ခဲ့ခြင်း၊
စည်ပင်ပိုင်မြေဆိုသော ဆိုင်းဘုတ်များ ထူထောင်ခဲ့သလို လယ်သမား များ၏
အကျိုးဆောင်ရွက်သူ ဒေါ်မြမြအေး အား ပုဒ်မ ၁၅၂ ဖြင့်တရားစွဲထားသည်။
“ ကျွန်တော်တို့ ဒီလယ်မြေအတွင်းကနေ ထွက်ဖို့ နို့တစ်စာကြိုတင်ထုတ်ထား တယ် နို့တစ်စာပေး သည်ဖြစ်စေ မပေးသည်ဖြစ်စေ ဒီနေရာက ထွက်ရမှာပဲ ဒီနေရာက သိပ္ပံနဲ့နည်းပညာတက္ကသိုလ်ဆောက် မယ့်နေရာဖြစ်တယ် ကျွန်တော်တို့သွားသိမ်းတဲ့အခါမှာ ဒီအမျိုးသမီးအပါအဝင် လယ်သမားတွေအားလုံး မသွားဘူးလို့ အကြိမ်ကြိမ် ပြောတယ် ဖမ်းရင်လည်းဖမ်းဆိုပြီးတော့ အော်တယ် ဒီလယ်က သူတို့မပိုင်ဘူး အခွင့်ဆောင်တယ် ဆိုတာက လည်း လယ်လုပ်ရင် အခွန်ဆောင်ရတာပဲ ဒါကို ပိုင်တယ်လို့ပြောလို့မရဘူး” ဟု မန္တလေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့မှ အတွင်းရေးမှူး ဦးအုန်းလွင်ကပြောသည်။
ပုဒ်မ ၁၅၂ ဖြင့်တရားစွဲဆိုခံထားရသော ဒေါ်မြမြအေးက “စည်ပင် သိမ်းသွားတဲ့ လယ်ဧက ၅၀ကို လယ်သမား ၄၁ဦးက အဘိုးအဘွားတွေ လက်ထပ်ကနေစပြီးတော့ အခုချိန်ထိ လုပ်ကိုင်စားသောက်လာ တာပါ ဒီလယ်သမားတွေထဲက ဦးတုတ်ကြီးဆီကနေ ကျွန်မ လယ် ၃ဧက ဝယ်ထားပါတယ် နောက်ပြီးတော့ လယ်သမားတွေအားလုံးကလည်း သူတို့ရဲ့လယ်ယာမြေအားလုံးကို လုပ်ပိုင်ခွင့်အကုန်လွဲပေးထားတယ် ဒါကြောင့် အခုစည်ပင်ကနေလာသိမ်းတော့ ကျွန်မက ဝင်ကူညီပေးတာပါ ဝင်ကူညီပေးတဲ့ လူကိုလည်း ပုဒ်မ ၁၅၂ နဲ့တရားစွဲထားတယ် ကျွန်မကိုရဲမေတွေက အချုပ်ကားပေါ်ကို အတင်းဆွဲခေါ်လို့ ခန္ဓာကိုယ်ပေါ် မှာလည်း ပွန်းပဲ့ဒဏ်ရာတွေရခဲ့တယ်” ဟုပြောသည်။
ချစ်မင်းထွန်း
မြန်မာ့ခေတ်

No comments:
Post a Comment