
စွမ်းအင်ဝန်ကြီးဌာနဟာ မြန်မာ့ကမ်းနီး၊ ကမ်းလွန် ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ရေး လုပ်ကွက် ၂၀ အတွက် တင်ဒါအောင်ထားတဲ့ နိုင်ငံခြားကုမ္ပဏီတွေ စာရင်း ကြေညာပြီး သိပ်မကြာခင် အဲဒီ ကုမ္ပဏီတွေနဲ့ ဖက်စပ် လုပ်ကိုင်မယ့် မြန်မာကုမ္ပဏီ ၈ ခု စာရင်း ထုတ်ပြန် ကြေညာပါတယ်။
စွမ်းအင်ဝန်ကြီးဌာနက တင်ဒါပေးလိုက်တဲ့ လုပ်ကွက် ၂၀ အနက် ကမ်းဝေး လုပ်ကွက်တွေကို နိုင်ငံခြား ကုမ္ပဏီတွေပဲ သီးခြား လုပ်ကိုင်ခွင့်ရှိပေမယ့် ကမ်းနီးလုပ်ကွက်တွေ အတွက်ကိုတော့ မြန်မာနိုင်ငံသား ကုမ္ပဏီတွေနဲ့ ဖက်စပ် ပူးပေါင်း လုပ်ကိုင်ကြဖို့ စည်းကမ်း သတ်မှတ်ထားပါတယ်။
DVB
No comments:
Post a Comment