Tuesday 8 April 2014

မတ်လအတွင်း ယာဉ်တိုက်မှု ၁၃၁၀ ဖြစ်ပွား ဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ၁၇၄၂၉၆၂၀၀ ရှိ

မြန်မာနိုင်ငံ၌ ၂၀၁၄ ခုနှစ် မတ်လအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ် များတွင် ယာဉ်တိုက်မှုပေါင်း ၁၃၁၀ ဖြစ်ပွားရာ သေဆုံးသူ ၄၇၂ ဦး၊ ဒဏ်ရာ ရသူ ၂၃၆၇ ဦး ရှိခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ၁၇၄၂၉၆၂၀၀ ရှိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ယာဉ်တိုက်မှုများထဲမှ နေပြည်တော်တွင် ၃၆ မှုဖြစ်ပွားရာ သေဆုံးသူ ၁၃ ဦး၊ ဒဏ်ရာရသူ ၆၅ ဦးနှင့် ဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ၅၀၀၈၀၀၀ ရှိခဲ့သည်။ ကချင်ပြည်နယ်တွင် ယာဉ်တိုက်မှု ၃၆ မှုဖြစ်ပွား ရာ သေဆုံးသူ ၁၅ဦး၊ ဒဏ်ရာရသူ ၆၀ နှင့် ဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ၄၂၀၂၅၀၀ ရှိခဲ့ပြီး ကယား ပြည်နယ်တွင် ယာဉ်တိုက်မှု ပေါင်း ၁၆ မှု ဖြစ်ပွားရာ သေဆုံးသူ လေးဦး၊ ဒဏ်ရာရသူ ၂၃ ဦးနှင့် ဆုံးရှုံး မှု တန်ဖိုး ငွေကျပ် ၈၁၀၀၀၀ ဖြစ်သည်။

ချင်းပြည်နယ်တွင် ယာဉ်တိုက်မှု သုံးမှုဖြစ်ပွားရာ ဒဏ်ရာရသူ ငါးဦးနှင့် ဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ၁၅၅၀၀၀၀ တို့ဖြစ်ကြောင်း သိရသည်။ အလားတူ ရန်ကုန်တိုင်းဒေသကြီး၌ ယာဉ်တိုက်မှုပေါင်း ၂၆၃ မှု ဖြစ်ပွား ရာ သေဆုံးသူ ၆၁ ဦး၊ ဒဏ်ရာရသူ ၄၀၇ ဦးနှင့် ဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ၆၆၉၆၅၀၀၀ ဖြင့် အများ ဆုံး ဖြစ်ပွားခဲ့ပြီး မန္တလေးတိုင်းဒေသကြီးတွင် ယာဉ်တိုက်မှုပေါင်း ၁၇၁ မှုဖြစ်ပွားရာ သေဆုံးသူ ၆၁ ဦး၊ ဒဏ်ရာရသူ ၂၆၃ဦးနှင့် ဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ၇၀၂၇၂၀၀ ဖြင့် ဒုတိယအများဆုံး ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ယာဉ်တိုက်မှုအများဆုံးဖြစ်ပွားရခြင်းမှာ စီးပွားရေးအချက်အချာကျသဖြင့် ယာဉ် စီး ရေတိုးပွားလာပြီး ယာဉ်ကြော ပိတ်ဆို့မှုကြောင့် အဓိကဖြစ်ပွားရခြင်းဖြစ်ကြောင်း သိရသည်။

MOI Webportal Myanmar

No comments:

Post a Comment