
ဧပြီ ၇ ရက်နေ့က ပြည်တွင်းအခွန်များ ဦးစီးဌာနဟာ ၂၀၁၂ – ၁၃ ခုနှစ်အတွက်
ဝင်ငွေခွန်နဲ့ ကုန်သွယ် လုပ်ငန်းခွန် အများဆုံးပေးခဲ့တဲ့ အခွန်ထမ်း အယောက်
၁၀၀ ကို ဂုဏ်ပြုတဲ့ပွဲတခု မရမ်းကုန်းမြို့ နယ် မြန်မာကွန်ဗင်းရှင်းစင်တာမှာ ပြုလုပ်ခဲ့ပါတယ်။
အခွန်အများဆုံး ဆောင်တဲ့ ထိပ်တန်းကုမ္ပဏီတွေထဲမှာ မြန်မာဘရူဝါရီ၊ Rothmans
of Pall Mall Myanmar ၊ ဒဂုံဗေးဘရိတ်၊ မြန်မာ စီပီ လိုက်စတော့၊ စီးတီးမတ်
ဟိုးလ်ဒင်း၊ ကမ္ဘောဇနဲ့ ရွှေတောင် ကုမ္ပဏီတွေ ပါဝင်ကြပါတယ်။ပြည်တွင်းအခွန်များဦးစီးဌာနဟာ ပြီးခဲ့တဲ့နှစ်အတွက် အခွန်စုစုပေါင်း ကျပ်ငွေ ၂ ထရီလီယံ ကျော် ရခဲ့ပေမယ့် ဒါဟာ တစ်မျိုးသားလုံး ထုတ်ကုန်ပမာဏ ဂျီဒီပီရဲ့ ၆ ရာခိုင်နှုန်းကျော်ပဲရှိသေဲးပီး အိမ်နီး ချင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ် ရင်တောင် နည်းပါးနေပါသေးတယ်။
DVB
No comments:
Post a Comment