မြန်မာတစ်နိုင်ငံလုံးတွင် သန်းခေါင်စာရင်းကောက်ခံပြီးသည့်
အိမ်ထောင်စုပေါင်း ရှစ်သန်းကျော်ရှိပြိး တစ်ပြည် လုံး ၏ ၇၈ ရာခိုင်နှုန်းကို
ကောက်ခံပြီးဖြစ်ကြောင်း ဗဟိုသန်းခေါင်စာရင်း ကော်မရှင်က ဧပြီ ၇ရက် တွင်
သတင်းထုတ်ပြန်သည်။
ကချင်ပြည်နယ်တွင် ကေအိုင်အေက ဟန့်တား၍ ရွာပေါင်း နှစ်ရာကျော်ကို မကောက်နိုင်ခဲ့ သော်လည်း ဧပြီ ၂ရက်တွင် သန်းခေါင်စာရင်းကောက်ခံသူများအား လုံခြုံရေးဆောင်ရွက်ပေးသည့်အတွကရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင်တွင်လည်း ကေအိုင်အေ၏ ဟန့်တားမှုကြောင့် ၅၄ ရွာ မကောက် ခံနိုင်သော်လည်း လုံခြုံရေးဆောင်ရွက်ပေးခြင်းကြေ
‘‘လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့ဝန်ထမ်းဦးစီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်ရီ မနေ့က ‘၀’အထူးဒေသ က ပြန်ရောက်ပါတယ်။ ‘ဝ’ဒေသမှာ ဒေသခံများကို လေ့ကျင့်ပြီးကောက်တာ အားလုံး အဆင်ပြေ တယ်။ ကေအိုင်အေနဲ့ ဘင်္ဂါလီတွေပဲ နားလည်မှုလွဲပြီးအဟန့်အတားဖြစ်နေ
‘‘တချို့အိမ်တွေထဲက ကျွန်တော်တို့က ရိုဟင်ဂျာပါ။ ပြည်ထောင်စုလူမျိုးပါ။ ဘာလို့ဖောင်ထဲမပါတာလဲမေး တယ်။ ကိုယ်လည်းသေချာရှင်းပြရတယ်။ သူတို့ပြောတာ သေချာမှတ်တယ်။ လွဲသွားရင် အားလုံးနစ်နာမှာ။ သွားကောက်တော့လည်း တချို့ အိမ်တွေက အဆင်ပြေတယ်။ လူမှုရေးသိတတ်တယ်။ တချို့ ကျ တော့ တော်တော်လေးဆက်ဆံရတာခက်တယ်။ လူမျိုးစုံပဲ’’ဟု သာကေတမြို့နယ်တွင် သန်းခေါင် စာရင်းကောက် ယူ သည့် အထက်တန်းပြဆရာမတစ်ဦးက ပြောသည်။
ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ခံမှုများမှာ ဧပြီ ၁၀ ရက်တွင် ပြီးဆုံးမည်ဖြစ်သည်။
7Day News Journal
7Day News Journal
No comments:
Post a Comment