
Sports Illustrated မော်ဒယ်လ် တစ်ဦးဖြစ်သည့် ကိတ်သည် မကြာသေးမီ
လပိုင်းများက ယူကရိန်း အက ပညာရှင် မက်စ်ဆင်မ် ချမာကော့ဗ်စကီးနှင့်
လမ်းခွဲခဲ့ပြီး ထို့နောက်တွင် ယခင်ချစ် သူဟောင်း ဘေ့စ်ဘော အားကစားသမား ဂျက်စတင် ဗာလန်ဒါနှင့် ခေတ္တခဏ ပြန်တွဲဖြစ်ခဲ့သည်။
မိမိအပေါ် လိမ်လည်လှည့်ဖျားခဲ့သည့် ချစ်သူဟောင်းများအပေါ် အကောင်းဆုံး
လက်စားချေနည်းသည် ဘဝကို ပျော်ရွှင်စွာ နေထိုင်ခြင်းပင်ဖြစ်ကြောင်း
ကိတ်အပ်တန်က သူမ၏ ခံယူချက်ကို ဖွင့်ဟ ပြောကြား ခဲ့သည်။ အသက်(၂၁)နှစ်ရှိ
အမေရိကန် မော်ဒယ်လ်က အမျိုးသမီးများ အနေဖြင့် မိမိကို မရိုးသားခဲ့သည့်
ချစ်သူဟောင်းကို လက်စားချေရာတွင် အခြားနည်းလမ်းများကို ရွေးချယ်ရန်ထက်
ကိုယ့်ဘဝကိုယ် စိုပြေ သာယာအောင် ဖန်တီးခြင်းကိုသာ လက်တွေ့
ကျင့်သုံးသင့်ကြောင်း အကြံပြုခဲ့သည်။ Sports Illustrated မော်ဒယ်လ် တစ်ဦးဖြစ်သည့် ကိတ်သည် မကြာသေးမီ လပိုင်းများက ယူကရိန်း အက ပညာရှင် မက်စ်ဆင်မ် ချမာကော့ဗ်စကီးနှင့် လမ်းခွဲခဲ့ပြီး ထို့နောက်တွင် ယခင်ချစ်သူဟောင်း ဘေ့စ်ဘော အားကစားသမား ဂျက်စတင် ဗာလန်ဒါနှင့် ခေတ္တခဏ ပြန်တွဲဖြစ်ခဲ့သည်။ ကိတ်က “သစ္စာ မရှိ တဲ့ ယောက်ျား တစ်ယောက်ကို အကောင်းဆုံး လက်စားချေဖို့ ဆိုတာကတော့ ကိုယ့် ဘဝ ကိုယ် ပျော်ပျော် ကြီး ဖြတ်သန်းပြီး အဲဒီလို လူစားမျိုးအတွက် တစ်စက္ကန့်လေးတောင် အလဟဿ အချိန် ကုန် မခံဖို့ပဲလို့ ကျွန်မကတော့ ခံယူထားပါတယ်”ဟု ဆိုသည်။
သူမက “ကျွန်မအနေနဲ့ အဲဒီလို အခြေအနေမျိုး ကြုံလာတဲ့အခါ ကိုယ်တတ်နိုင်သလောက် အကောင်း ဆုံးဖြစ်အောင် ကြိုးစားတယ်။ ကျွန်မ လုပ်နိုင်တဲ့ အရာဆိုလို့လည်း ဒါပဲရှိမယ်လေ”ဟုလည်း မှတ်ချက်ပြုခဲ့ သည်။ သူမက ဘဝတွင် များများစားစား အပူအပင် မထားတတ်ဟုလည်း ပြောကြားခဲ့သေးသည်။ ကိတ်က “ကျွန်မက ကိစ္စတိုင်းကို အများကြီး လိုက်စိုးရိမ်နေတတ်တဲ့သူ မဟုတ်ပါဘူး။ ကျွန်မကိုယ်ကိုယ် ဒီလိုနည်း လမ်းမျိုးကနေ မရှုမြင် မချဉ်းကပ်ချင်ဘူး။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တယ်၊ ကိုယ့်ရဲ့ ပင်ကိုအလေ့ အထတွေ ကို အာရုံပြုထားတယ်။ တစ်နေ့ချင်းစီ ကျွန်မရဲ့ ပုံမှန်လုပ်ဆောင် မှုတွေနဲ့ ဖြတ်သန်းတယ်။ စိတ်ပူစရာတွေ များများစားစား မရှိဘူးဆိုရင် ဘဝက သိပ်ကို ကောင်းမွန်ပါတယ်”ဟုလည်း သုံးသပ်သွားခဲ့သည်။
Planet Myanmar Network
No comments:
Post a Comment