Wednesday 5 December 2012

ရခိုင်ပြည်က အိုးအိမ်မဲ့တို့အတွက် ကန်ဒေါ်လာ ၅. ၃ သန်း ရမယ်

ကုလသမဂ္ဂ၏ အရေးပေါ် ကယ်ဆယ်ရေး ဆိုင်ရာ ရံပုံငွေ ဗဟို အဖွဲ့ဖြစ်သည့် Central Emergency Response Fund က မကြာသေးမီက ရခိုင်ပြည်နယ် ပဋိပက္ခကြောင့် အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ရသူ စုစုပေါင်း ၃၆၀၀၀ ကျော်အတွက် အဆိုပါ CERF ရံပုံ ငွေ အဖွဲ့က အမေရိကန် ဒေါ်လာ ၅.၃ သန်းကို ထောက်ပံ့ ကူညီသွား မယ် လို့ ပြောဆို ထား တာကို OneWorld South Asia သတင်း
တပုဒ်မှာ ဖော်ပြ ထားပါတယ်။ အဆိုပါ ရံပုံငွေတွေကို လူသားချင်း စာနာထောက်ထားရေးဆိုင်ရာ ကိစ္စ များဖြစ်သည့် ကျန်းမာရေး၊ အာဟာရ တိုက်ကျွေးမှု၊ နေရာ၊ ရေနှင့် အိမ်သုံးဆေး၊ အစားအစာ များ အတွက် အသုံးပြုသွားရန် ဖြစ်တယ် လို့ သိရပါတယ်။ 
မြန်မာနိုင်ငံရှိ ကုလ သမဂ္ဂ လူသားချင်းစာနာထောက်ထားရေး ဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးမှူး Ashok Nigam ကလည်း အခုလို CERF ရဲ့ ချက်ချင်း ရံပုံငွေ ထောက်ပံ့ ကူညီပေးမှုအတွက် အရေးပေါ် အသက် ကယ်ရေးကဲ့သို့ ကိစ္စများအတွက်ပါ အကျိုးရှိသွားစေတယ်လို့ ပြောဆိုထားပါတယ်။ 

ပထမအကြိမ် ရခိုင်ပြည်နယ် ပဋိပက္ခတွင် လူပေါင်း ၇၅၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်သွားခဲ့ရပြီး ဒုတိယ အကြိမ် ပဋိပက္ခတွင် လူပေါင်း ၃၆၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ထပ်မံတိုးပွားလာခဲ့ကြောင်း ကုလ အေဂျင်စီ သတင်းအချက်အလက်များကို ကိုးကားပြီး အဆိုပါ သတင်းတွင် ထည့်သွင်းဖော်ပြထားတယ်။ 



CERF ရဲ့ ရံပုံငွေထဲက လတ်တလော အမေရိကန် ဒေါ်လာ ၂ သန်းကို နောက်တိုး အိုးအိမ်မဲ့ တို့အတွက် အသုံးပြုသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အဆိုပါ အဖွဲ့ရဲ့ ရံပုံငွေ အမေရိကန် ဒေါ်လာ ၁၀ ထက် မနည်းကို ရခိုင် ပဋိပက္ခကြောင့် အကူအ ညီ လိုအပ်နေသူတွေအတွက် ဒီနှစ်အတွင်း အသုံးပြုဖို့ လျာထားထားတယ် လို့လည်း သိရပါတယ်။ 

ကုလသမဂ္ဂရဲ့ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ OCHA ကတော့ ရခိုင်ပြည်နယ် ပဋိပက္ခ ကြောင့် အကူအညီလိုအပ်သူတွေအတွက် ယခု ၂၀၁၂ ခုနှစ် ဇူလိုင်လကနေ ဒီဇင် ဘာလအထိ အမေရိကန် ဒေါ်လာ ၃၂.၅ သန်း လိုအပ်မယ်လို့ လျာထားတွက်ချက်ထားခဲ့ကြောင်း၊ လွန်ခဲ့တဲ့ အပတ်ကဘဲ ရခိုင်ပဋိပက္ခ ၂ ကြိမ်လုံးကြောင့် အိုး အိမ်မဲ့ စုစုပေါင်း ၁၁၅၀၀ တို့အတွက် ၂၀၁၂ ဇူလိုင်လ ကနေ ၂၀၁၃ ဇူလိုင်လအထိ အမေရိကန် ဒေါ်လာ ၆၇. ၆ သန်း လိုအပ်မည်ဟု တွက်ချက် ထားခဲ့ ရာ လတ်တလော ဒေါ်လာ ၂၇ သန်းသာ လက်ခံရရှိထားကြောင်းလည်း OCHA က ဆိုထားပါတယ်။ .

No comments:

Post a Comment