Wednesday 5 December 2012

အင်္ဂလန် ကလပ်များ ရှုံးပွဲကိုယ်စီ တွေ့ခဲ့ရသည့် ချန်ပီယံလိဂ် ပွဲစဉ်များ

Photo: အင်္ဂလန် ကလပ်များ ရှုံးပွဲကိုယ်စီ တွေ့ခဲ့ရသည့် ချန်ပီယံလိဂ် ပွဲစဉ်များ
Wednesday, December 05, 2012 

အုပ်စု (A)

ဒိုင်နမိုကိယက်ဗ် အသင်း ယူရိုပါလိဂ် တစ်နေရာစာ သေချာနေပြီး PSGနှင့် ပေါ်တို အသင်းတို့ ချန်ပီယံလိဂ် တစ်နေရာစီ ပိုင်ဆိုင် နေခဲ့သည့် အုပ်စုတွင်တော့ ပြင်သစ်မြေတွင် ကစားခဲ့သည့် အုပ်စုဗိုလ် လုပွဲကသာ စိတ်ဝင် စားစရာ ကောင်းခဲ့သည်။

PSG ၂-၁ ပေါ်တို

ယခုပွဲတွင်တော့ အိမ်ရှင် အသင်း အနိုင်ပွဲ ရယူနိုင် ခဲ့ပြီး ပေါ်တို အသင်းကို ကျော်တက်ကာ အုပ်စုဗိုလ် ဖြစ်သွားခဲ့သည်။ နှစ်သင်းလုံး အုပ်စုဗိုလ် ဖြစ်ရန် မျှော်လင့်ချက်နှင့် လူစုံတက်စုံ ကစားခဲ့သဖြင့် ပွဲ မြိုင်ဆိုင် ခဲ့ပြီး တိုက်စစ်ဦးစားပေး ကစားခဲ့ကြသည်။ အိမ်ရှင် အသင်းအတွက် ဦးဆောင်ဂိုးကို ပွဲချိန် (၂၉) မိနစ်မှာပင် နောက်ခံလူ သီယာဂိုဆေးလ်ဗား က သွင်းယူပေးနိုင် ခဲ့သော်လည်း ၄မိနစ် အကြာတွင်ပင် မာတီနက်ဇ် က ပေါ်တိုအတွက် ပြန်လည် ချေပခဲ့သည်။ သို့သော်လည်း တိုက်စစ်မှုး လာဗက်ဇီ က အိမ်ရှင် အသင်း အုပ်စုဗိုလ် ဖြစ်စေမည့် ဂိုးကို ပွဲချိန် (၆၁) မိနစ်တွင် သွင်းယူပေးနိုင် ခဲ့သည်။

ဒိုင်နမိုဇာဂရတ် ၁-၁ ဒိုင်နမိုကိယက်ဗ်

နှစ်သင်းလုံး အတွက် ရလဒ်ပိုင်း အရေး မပါခဲ့သောကြောင့် အရံ ကစားသမား များဖြင့် ပွဲကို အဖြစ်သာ ကစားသွား ခဲ့ကြသည်။ ဧည့်သည် အတွက် ပထမပိုင်း အချိန်ပိုတွင် ယာမိုလန်ကို က ဦးဆောင်ဂိုး သွင်းယူ ခဲ့သော်လည်း ပွဲချိန် နောက်ဆုံးမိနစ် တွင် အိမ်ရှင် အသင်း ပင်နယ်တီ ရခဲ့ကာ ကာစတန်နိုဗစ် က အမှားအယွင်းမရှိ သွင်းယူခဲ့ပြီး အိမ်ကွင်းတွင် သရေရလဒ် ရယူနိုင် ခဲ့သည်။

အုပ်စု (B)

ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ် နေရာများ အတွက် ကိုယ်စီ အဖြေပေါ်ပြီးသား
ဖြစ်သော်လည်း အုပ်စု ဗိုလ် နေရာအတွက် အာဆင်နယ် နှင့် ရှောလ်ကေး အသင်းတို့ တိုက်ပွဲ ဝင်ခဲ့ကြရသည်။ နှစ်သင်းလုံး နိုင်ပွဲမရရှိခဲ့သော်လည်း အာဆင်နယ် အသင်း အဝေးကွင်းတွင် ရှုံးနိမ့် ခဲ့ရပြီး အုပ်စု ဒုတိယ
နေရာဖြင့်သာ ကျေနပ် ခဲ့ရသည်။

အိုလံပီယာကော့စ် ၂-၁ အာဆင်နယ်

ယနေ့ပွဲတွင် ဧည့်သည် အာဆင်နယ် အသင်း၌ အရန် ကစားသမားများစွာ အသုံးပြု သွားခဲ့သည်ကို တွေ့ရပြီး ချာမက်၊ ရိုဆစ်စကီး၊ ကိုကွီလင်၊ စကွီလာစီ၊ ဂျန်ကင်ဆင် တို့ ပါဝင် ကစားခဲ့ကြသည်။ အိမ်ရှင် အိုလံပီယာကော့စ် သည်လည်း ယူရိုပါလိဂ် ဝင်ခွင့်ရနေရာ သေချာခဲ့ပြီ
ဖြစ်သဖြင့် အဓိက ကစားသမား အချို့ကို ချန်လှပ် ခဲ့သည်။

ပွဲချိန် (၃၈) မိနစ်တွင် အာဆင်နယ် အသင်းအတွက် ရိုဆစ်စကီး ဦးဆောင်ဂိုး သွင်းယူပေး ခဲ့ပြီး အိမ်ရှင် အသင်းကို ဖိအားပေး ခဲ့သော်လည်း ရလဒ်ကောင်း ရယူနိုင်ရန် လုံလောက်ခဲ့ခြင်း မရှိပါဘူး။ အိမ်ရှင် အတွက် ချေပဂိုးနှင့် အနိုင်ဂိုးကို ပွဲချိန် ဒုတိယပိုင်းတွင် ပြန်လည် သွင်းယူခဲ့သည်။ ပွဲချိန် (၆၄) မိနစ်တွင် မန်နီယားတစ် က ချေပဂိုး သွင်းယူခဲ့ခြင်း ဖြစ်ကာ နောက်ထပ် (၉) မိနစ် အကြာတွင် မီထရိုဂလော က အိမ်ရှင်ပရိသတ် အတွက် အနိုင်ပွဲ
ဖန်တီးစေမည့် ဂိုးကို သွင်းယူပေး ခဲ့သည်။ ယခုပွဲ ရလဒ်ကြောင့် အာဆင်နယ် အသင်း အုပ်စု ဒုတိယ နေရာနှင့် ကျေနပ် ခဲ့ရသည်။

မောင့်ပယ်လီယာ ၁-၁ ရှောလ်ကေး

အုပ်စုပွဲစဉ် အားလုံးတွင် သရေတစ်မှတ်သာ ရယူထားနိုင်သည့်
မောင့်ပယ်လီယာ အသင်းသည် အပိတ်ပွဲစဉ်တွင်လည်း အုပ်စုဗိုလ်
ရှောလ်ကေး ထံမှ သရေတစ်မှတ် ခွဲယူနိုင် ခဲ့ပြန်သည်။ အဓိက ကစားသမား များ ပါဝင်ခြင်း မရှိသည့် ယနေ့ပွဲစဉ်ဟာ ပွဲကောင်း တစ်ပွဲ မဖြစ်ခဲ့ပဲ ပွဲချိန် ဒုတိယပိုင်း သွင်းဂိုးများနှင့် တစ်ဂိုးစီ သရေကျခဲ့သည်။ အဖွင့်ဂိုးကို ဧည့်သည် အသင်းမှ ဟိုးဝီးဒီးစ် က ပွဲချိန် ၅၆မိနစ် တွင် သွင်းယူခဲ့ပြီး အိမ်ရှင်အသင်း တိုက်စစ်မှုး ဟာရဲရား က သုံးမိနစ်အတွင်း ပြန်လည် ချေပခဲ့သည်။ ယခုပွဲ သရေရလဒ်ကြောင့် ရှောလ်ကေး အသင်း အာဆင်နယ်နှင့် နှစ်မှတ်အကွာ
ရောက်ရှိသွားပြီး အုပ်စုဗိုလ် ဖြစ်ခဲ့သည်။

အုပ်စု (C)

ချန်ပီယံလိဂ် အုပ်စု တက်ရောက်သွားသည့် အသင်းများ အတွက် ယှဉ်ပြိုင်မှု မရှိတော့သော်လည်း ဇင်းနစ်နှင့် အန်းဒါးလက်ခ်ျ တို့ ယူရိုပါလိဂ်
မျှော်လင့်ချက် အတွက် ရလဒ်ကောင်းများ ရရန် ကြိုးစားသွားခဲ့ကြသည်။ အုပ်စု အပိတ်ပွဲစဉ်၌ နှစ်သင်းလုံး အဝေးကွင်း တွင် သွားရောက် ကစားခဲ့ရပြီး ဇင်းနစ် အသင်း အနိုင်ရလဒ် ရယူနိုင်ခဲ့ကာ အန်းဒါးလက်ခ်ျ သရေကျ ခဲ့သဖြင့် ဇင်းနစ် ယူရိုပါလိဂ် ဝင်ခွင့် ရခဲ့သည်။

မီလန် ၀-၁ ဇင်းနစ်

မီလန် အသင်းသည် ချန်ပီယံလိဂ် အုပ်စု ဗိုလ်နေရာအတွက် မျှော်လင့်ချက် မရှိတော့သည်နှင့် အညီ အဓိက ကစားသမား အချို့ကို ချန်လှပ်ခဲ့ချိန် လူစုံတက်စုံ ကစားခဲ့သည့် ဇင်းနစ် အသင်းကို အိမ်ကွင်းတွင် အရှုံးပေး ခဲ့ရသည်။ ဧည့်သည် ဇင်းနစ်ကို ယူရိုပါလိဂ် ဝင်ခွင့် ရစေမည့် တစ်လုံးတည်းသော အနိုင် ဂိုးကိုတော့ ကွင်းလယ် တောင်ပံ ကစားသမား ဒန်နီ က ပထမပိုင်း ပွဲချိန် (၃၅) မိနစ်တွင် သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။

မာလာဂါ ၂-၂ အန်းဒါးလက်ခ်ျ

မာလာဂါ အသင်း အုပ်စုဗိုလ် ဖြစ်ပြီးနေ၍ အရံ ကစားသမားများဖြင့်သာ ပွဲကို ရင်ဆိုင် ခဲ့ရသော်လည်း ဧည့်သည် အန်းဒါးလက်ခ်ျ ကို အသာစီးမှ ကစားသွားနိုင် ခဲ့သည်။ ထို့အပြင် ပွဲကို ဒူဒါ၏ သွင်းဂိုးများနှင့်
နှစ်ကြိမ်တိုင်တိုင် ဦးဆောင်နိုင် ခဲ့သော်လည်း အန်းဒါးလက်ခ်ျ က ပြန်လည် ချေပခဲ့သဖြင့် ၂ဂိုးစီ သရေရလဒ် ထွက်ပေါ် ခဲ့သည်။ အိမ်ရှင်အတွက် ဒူဒါ က ပွဲချိန် (၄၅)နှင့် (၆၁) မိနစ်တွင် သွင်းယူခဲ့ပြီး ဧည့်သည်အတွက် ဂျိုဗန်နိုဗစ် က ပွဲချိန် မိနစ် (၅၀) တွင် ပထမချေပဂိုး၊ အမ်ဘိုကာနီ က ပွဲချိန် (၈၉) မိနစ်တွင် ဒုတိယချေပဂိုး တို့ကို သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။ ယခု သရေရလဒ်ကြောင့် အန်းဒါးလက်ခ်ျ အသင်း ယူရိုပါလိဂ် ဝင်ခွင့် ဆုံးရှုံး ခဲ့ရသည်။

အုပ်စု (D)

ချန်ပီယံလိဂ် ရှုံးထွက် အဆင့်အတွက် တက်ရောက်မည့် နှစ်သင်း အဖြေပေါ်ပြီး ဖြစ်တဲ့ ဒီအုပ်စုမှာတော့ ယူရိုပါလိဂ် နေရာအတွက် ယှဉ်ပြိုင်မှုတွေ ရှိခဲ့ပါတယ်။ သို့သော်လည်း ယူရိုပါလိဂ် ပြိုင်ပွဲဝင်ခွင့် ရစေရေး ရလဒ်ကောင်း လိုအပ်နေသည့် အသင်း နှစ်သင်းလုံး အဝေးကွင်း ရှုံးပွဲများ ကြုံတွေ့ခဲ့ရပြီး အုပ်စု ရပ်တည်ချက် အပြောင်းအလဲ မရှိခဲ့ပါဘူး။

ဒေါ့မန် ၁-၀ မန်စီးတီး

ဒေါ့မန် အသင်းနှင့် မန်စီးတီး တို့ရဲ့ ပွဲစဉ်မှာတော့ အုပ်စုဗိုလ် ဖြစ်ပြီးသား
ဒေါ့မန် အသင်းကပဲ အိမ်ကွင်း ရလဒ်ကောင်း ရယူနိုင် ခဲ့ပါတယ်။ ဒီနေ့ပွဲမှာ အိမ်ရှင် အသင်း အတွက် အဓိက ကစားသမား အချို့ ပါဝင်ခဲ့ခြင်း မရှိခဲ့သလို မန်စီးတီး အသင်းတွင်လည်း အဓိက ကွင်းလယ်လူများဖြစ်သည့်
ဆေးလ်ဗားနှင့် ယာယာတိုရေး တို့ မပါဝင်ခဲ့ချေ။ အိမ်ရှင် အသင်းသည် ၎င်းတို့အတွက် အနိုင်ရလဒ် မလိုအပ်သော်လည်း မန်စီးတီး အသင်းအား ကစားကွက် အသာစီးဖြင့် ကစားနိုင် ခဲ့ကာ အနိုင်ရယူနိုင် ခဲ့သည်။

ယခုပွဲတွင် နှစ်သင်းလုံး ဂိုးသွင်းကန်ချက် များ ရယူနိုင်ခဲ့သည်ကို
တွေ့ခဲ့ရပြီး နှစ်ဖက် အသင်း ဂိုးသမားများ လက်စွမ်းကိုယ်စီ ပြ ခဲ့ရသည်။ အိမ်ရှင် အတွက် တစ်လုံးတည်းသော အနိုင် ဂိုးကို တိုက်စစ်မှုး ရှိုက်ဘာက ဂိုးပေါက်နှင့် အနီးကပ် ပိတ်သွင်းယူခဲ့ခြင်း ဖြစ်သည်။ ပွဲချိန် ဒုတိယပိုင်းတွင် မန်စီးတီး အသင်းဖက်မှ အဂွေရို၊ ဘာလော့တယ်လီ နှစ်ဦး ဒီဇီကိုနှင့် ဆင်ကလဲယား အစား လူစားဝင် ခဲ့သော်လည်း ရလဒ်ပြောင်းလဲရန် မစွမ်းဆောင်နိုင် ခဲ့ချေ။ ယခု ရလဒ်ကြောင့်ပင် မန်စီးတီး အသင်းသည်  ယူရိုပါလိဂ် ပြိုင်ပွဲနှင့် လွဲချော် ခဲ့ရကာ ယခုနှစ်အတွက် ဥရောပပြိုင်ပွဲ
မျှော်လင့်ချက် ကုန်ဆုံးသွား ခဲ့ပြီ ဖြစ်သည်။

ရီးရဲလ် ၄-၁ အေဂျက်စ်

ရီးရဲလ်နှင့် အေဂျက်စ် အသင်းတို့ ပွဲမှာတော့ အိမ်ရှင် ရီးရဲလ် အသင်းဟာ ပွဲချိန် တစ်ဝက်အကျိုးမှာပဲ အေဂျက်စ် အသင်းကို သုံးဂိုးပြတ်ဖြင့် ဦးဆောင်နိုင်ခဲ့ပြီး နောက်ပိုင်း မိနစ် များမှာ ကစားအား ချွေကစားသွား ခဲ့ပါတယ်။ ဧည့်သည် အသင်းတွင် လူစုံတက်စုံ ရှိခဲ့သော်လည်း အိမ်ရှင် ရီးရဲလ်တွင် ရော်နာဒိုနှင့် ဘင်ဇီမာ နှစ်ဦးမှ လွဲ၍  အရံ ကစားသမားများ
ကိုသာ ပွဲထွက် ကစားစေ ခဲ့တာကို တွေ့ရပါတယ်။ သို့သော်လည်း အိမ်ရှင်တို့ အိမ်ကွင်း အားသာချက် အပြည့်အဝ ယူနိုင်ခဲ့ပြီး အေဂျက်စ် အသင်းကို ခြေပြတ် ဂိုးပြတ် ကစားသွားနိုင် ခဲ့သည်။

အိမ်ရှင် အတွက် ဦးဆောင်ဂိုးကို တိုက်စစ်မှုး ရော်နာဒို က ပွဲချိန် (၁၃) မိနစ်တွင်ပဲ သွင်းယူပေးနိုင် ခဲ့ပြီး အေဂျက်စ် အသင်းကို စတင်ဖိအား
ပေးခဲ့သည်။  ထို့နောက် ၁၅ မိနစ် အကြာတွင် ကွင်းလယ်လူ ကယ်လာဂျွန်က ဒုတိယဂိုး သွင်းယူပေးခဲ့ကာ ဒုတိယပိုင်း ပြန်လည်
စတင်ချိန်တွင်လည်း ကာကာ က တတိယ ဦးဆောင်ဂိုး သွင်းယူပေး ခဲ့ပြန်သည်။ ဧည့်သည် အသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးကို ပွဲချိန် ၅၉ မိနစ်တွင် ဘိုရစ်တာ က သွင်းယူခဲ့ပေမယ့် (၈၈) မိနစ်တွင် ကယ်လာဂျွန်ကပဲ ရီးရဲလ်အတွက် ဂိုးဆက်လက် သွင်းယူပေး ခဲ့ပြီး အိမ်ရှင်အသင်းအား ၄ဂိုး တစ်ဂိုးဖြင့် အနိုင် ရရှိစေခဲ့သည်။

ဗျိုင်းအို
myanmar strikerအုပ်စု (A)

ဒိုင်နမိုကိယက်ဗ် အသင်း ယူရိုပါလိဂ် တစ်နေရာစာ သေချာနေပြီး PSGနှင့် ပေါ်တို အသင်းတို့ ချန်ပီယံလိဂ် တစ်နေရာစီ ပိုင်ဆိုင် နေခဲ့သည့် အုပ်စုတွင်တော့ ပြင်သစ်မြေတွင် ကစားခဲ့သည့် အုပ်စုဗိုလ် လုပွဲကသာ စိတ်ဝင် စားစရာ ကောင်းခဲ့သည်။

PSG ၂-၁ ပေါ်တို

ယခုပွဲတွင်တော့ အိမ်ရှင် အသင်း အနိုင်ပွဲ ရယူနိုင် ခဲ့ပြီး ပေါ်တို အသင်းကို ကျော်တက်ကာ အုပ်စု ဗိုလ် ဖြစ်သွား ခဲ့သည်။ နှစ်သင်းလုံး အုပ်စုဗိုလ် ဖြစ်ရန် မျှော်လင့်ချက်နှင့် လူစုံတက်စုံ ကစားခဲ့သဖြင့် ပွဲ မြိုင်ဆိုင် ခဲ့ပြီး တိုက်စစ်ဦးစားပေး ကစားခဲ့ကြသည်။ အိမ်ရှင် အသင်းအတွက် ဦးဆောင်ဂိုးကို ပွဲချိန် (၂၉) မိနစ်မှာပင် နောက်ခံလူ သီယာဂိုဆေးလ်ဗား က သွင်းယူပေးနိုင် ခဲ့သော်လည်း ၄မိနစ် အကြာတွင်ပင် မာတီနက်ဇ် က ပေါ်တိုအတွက် ပြန်လည် ချေပခဲ့သည်။ သို့သော်လည်း တိုက်စစ်မှုး လာဗက်ဇီ က အိမ်ရှင် အသင်း အုပ်စုဗိုလ် ဖြစ်စေမည့် ဂိုးကို ပွဲချိန် (၆၁) မိနစ်တွင် သွင်းယူပေးနိုင် ခဲ့သည်။

ဒိုင်နမိုဇာဂရတ် ၁-၁ ဒိုင်နမိုကိယက်ဗ်

နှစ်သင်းလုံး အတွက် ရလဒ်ပိုင်း အရေး မပါခဲ့သောကြောင့် အရံ ကစားသမား များဖြင့် ပွဲကို အဖြစ်သာ ကစားသွား ခဲ့ကြသည်။ ဧည့်သည် အတွက် ပထမပိုင်း အချိန်ပိုတွင် ယာမိုလန်ကို က ဦးဆောင်ဂိုး သွင်းယူ ခဲ့သော်လည်း ပွဲချိန် နောက်ဆုံးမိနစ် တွင် အိမ်ရှင် အသင်း ပင်နယ်တီ ရခဲ့ကာ ကာစတန်နိုဗစ် က အမှား အယွင်း မရှိ သွင်းယူခဲ့ပြီး အိမ်ကွင်းတွင် သရေရလဒ် ရယူနိုင် ခဲ့သည်။

အုပ်စု (B)

ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ် နေရာများ အတွက် ကိုယ်စီ အဖြေပေါ်ပြီးသားဖြစ်သော်လည်း အုပ်စု ဗိုလ် နေရာ အတွက် အာဆင်နယ် နှင့် ရှောလ်ကေး အသင်းတို့ တိုက်ပွဲဝင်ခဲ့ကြရ သည်။ နှစ်သင်းလုံး နိုင်ပွဲ မရရှိခဲ့သော်လည်း အာဆင်နယ် အသင်း အဝေးကွင်းတွင် ရှုံးနိမ့် ခဲ့ရပြီး အုပ်စု ဒုတိယ
နေရာဖြင့်သာ ကျေနပ် ခဲ့ရသည်။

အိုလံပီယာကော့စ် ၂-၁ အာဆင်နယ်

ယနေ့ပွဲတွင် ဧည့်သည် အာဆင်နယ် အသင်း၌ အရန် ကစားသမားများစွာ အသုံးပြု သွားခဲ့ သည်ကို တွေ့ ရပြီး ချာမက်၊ ရိုဆစ်စကီး၊ ကိုကွီလင်၊ စကွီလာစီ၊ ဂျန်ကင်ဆင် တို့ ပါဝင် ကစားခဲ့ကြသည်။ အိမ်ရှင် အိုလံ ပီယာကော့စ် သည်လည်း ယူရိုပါလိဂ် ဝင်ခွင့်ရနေရာ သေချာခဲ့ပြီဖြစ်သဖြင့် အဓိက ကစားသမား အချို့ကို ချန်လှပ် ခဲ့သည်။
ပွဲချိန် (၃၈) မိနစ်တွင် အာဆင်နယ် အသင်းအတွက် ရိုဆစ်စကီး ဦးဆောင်ဂိုး သွင်းယူပေး ခဲ့ပြီး အိမ်ရှင် အသင်းကို ဖိအားပေး ခဲ့သော်လည်း ရလဒ်ကောင်း ရယူနိုင်ရန် လုံလောက်ခဲ့ခြင်း မရှိပါဘူး။ အိမ်ရှင် အတွက် ချေပဂိုးနှင့် အနိုင်ဂိုးကို ပွဲချိန် ဒုတိယပိုင်းတွင် ပြန်လည် သွင်းယူခဲ့သည်။ ပွဲချိန် (၆၄) မိနစ်တွင် မန်နီယားတစ် က ချေပဂိုး သွင်းယူခဲ့ခြင်း ဖြစ်ကာ နောက်ထပ် (၉) မိနစ် အကြာတွင် မီထရိုဂလော က အိမ်ရှင်ပရိသတ် အတွက် အနိုင်ပွဲဖန်တီးစေမည့် ဂိုးကို သွင်းယူပေး ခဲ့သည်။ ယခုပွဲ ရလဒ်ကြောင့် အာဆင်နယ် အသင်း အုပ်စု ဒုတိယ နေရာနှင့် ကျေနပ် ခဲ့ရသည်။

မောင့်ပယ်လီယာ ၁-၁ ရှောလ်ကေး

အုပ်စုပွဲစဉ် အားလုံးတွင် သရေတစ်မှတ်သာ ရယူထားနိုင်သည့်မောင့်ပယ်လီယာ အသင်းသည် အပိတ် ပွဲစဉ်တွင်လည်း အုပ်စုဗိုလ်ရှောလ်ကေး ထံမှ သရေတစ်မှတ် ခွဲယူနိုင် ခဲ့ပြန်သည်။ အဓိက ကစားသမား များ ပါဝင်ခြင်း မရှိသည့် ယနေ့ပွဲစဉ်ဟာ ပွဲကောင်း တစ်ပွဲ မဖြစ်ခဲ့ပဲ ပွဲချိန် ဒုတိယပိုင်း သွင်းဂိုးများနှင့် တစ်ဂိုး စီ သရေကျခဲ့သည်။ အဖွင့်ဂိုးကို ဧည့်သည် အသင်းမှ ဟိုးဝီးဒီးစ် က ပွဲချိန် ၅၆မိနစ် တွင် သွင်းယူ ခဲ့ပြီး အိမ်ရှင်အသင်း တိုက်စစ်မှုး ဟာရဲရား က သုံးမိနစ်အတွင်း ပြန်လည် ချေပခဲ့သည်။ ယခုပွဲ သရေရ လဒ်ကြောင့် ရှောလ်ကေး အသင်း အာဆင်နယ်နှင့် နှစ်မှတ်အကွာရောက်ရှိသွားပြီး အုပ်စုဗိုလ် ဖြစ်ခဲ့သည်။

အုပ်စု (C)

ချန်ပီယံလိဂ် အုပ်စု တက်ရောက်သွားသည့် အသင်းများ အတွက် ယှဉ်ပြိုင်မှု မရှိတော့သော်လည်း ဇင်းနစ်နှင့် အန်းဒါးလက်ခ်ျ တို့ ယူရိုပါလိဂ်မျှော်လင့်ချက် အတွက် ရလဒ်ကောင်းများ ရရန် ကြိုးစား သွား ခဲ့ ကြ သည်။ အုပ်စု အပိတ်ပွဲစဉ်၌ နှစ်သင်းလုံး အဝေးကွင်း တွင် သွားရောက် ကစားခဲ့ရပြီး ဇင်းနစ် အသင်း အနိုင်ရလဒ် ရယူနိုင်ခဲ့ကာ အန်းဒါးလက်ခ်ျ သရေကျ ခဲ့သဖြင့် ဇင်းနစ် ယူရိုပါလိဂ် ဝင်ခွင့် ရခဲ့သည်။

မီလန် ၀-၁ ဇင်းနစ်

မီလန် အသင်းသည် ချန်ပီယံလိဂ် အုပ်စု ဗိုလ်နေရာအတွက် မျှော်လင့်ချက် မရှိတော့သည်နှင့် အညီ အဓိက ကစားသမား အချို့ကို ချန်လှပ်ခဲ့ချိန် လူစုံတက်စုံ ကစားခဲ့သည့် ဇင်းနစ် အသင်းကို အိမ်ကွင်းတွင် အရှုံးပေး ခဲ့ရသည်။ ဧည့်သည် ဇင်းနစ်ကို ယူရိုပါလိဂ် ဝင်ခွင့် ရစေမည့် တစ်လုံးတည်းသော အနိုင် ဂိုးကိုတော့ ကွင်းလယ် တောင်ပံ ကစားသမား ဒန်နီ က ပထမပိုင်း ပွဲချိန် (၃၅) မိနစ်တွင် သွင်းယူပေး ခဲ့ခြင်း ဖြစ်သည်။

မာလာဂါ ၂-၂ အန်းဒါးလက်ခ်ျ

မာလာဂါ အသင်း အုပ်စုဗိုလ် ဖြစ်ပြီးနေ၍ အရံ ကစားသမားများဖြင့်သာ ပွဲကို ရင်ဆိုင် ခဲ့ရသော်လည်း ဧည့်သည် အန်းဒါးလက်ခ်ျ ကို အသာစီးမှ ကစားသွားနိုင် ခဲ့သည်။ ထို့အပြင် ပွဲကို ဒူဒါ၏ သွင်းဂိုးများနှင့်
နှစ်ကြိမ်တိုင်တိုင် ဦးဆောင်နိုင် ခဲ့သော်လည်း အန်းဒါးလက်ခ်ျ က ပြန်လည် ချေပခဲ့သဖြင့် ၂ဂိုးစီ သရေ ရလဒ် ထွက်ပေါ် ခဲ့သည်။ အိမ်ရှင်အတွက် ဒူဒါ က ပွဲချိန် (၄၅)နှင့် (၆၁) မိနစ်တွင် သွင်းယူခဲ့ပြီး ဧည့်သည် အတွက် ဂျိုဗန်နိုဗစ် က ပွဲချိန် မိနစ် (၅၀) တွင် ပထမချေပဂိုး၊ အမ်ဘိုကာနီ က ပွဲချိန် (၈၉) မိနစ်တွင် ဒုတိ ယချေပဂိုး တို့ကို သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။ ယခု သရေရလဒ်ကြောင့် အန်းဒါးလက်ခ်ျ အသင်း ယူရိုပါလိဂ် ဝင်ခွင့် ဆုံးရှုံး ခဲ့ရသည်။

အုပ်စု (D)

ချန်ပီယံလိဂ် ရှုံးထွက် အဆင့်အတွက် တက်ရောက်မည့် နှစ်သင်း အဖြေပေါ်ပြီး ဖြစ်တဲ့ ဒီအုပ်စုမှာတော့ ယူရိုပါလိဂ် နေရာအတွက် ယှဉ်ပြိုင်မှုတွေ ရှိခဲ့ပါတယ်။ သို့သော်လည်း ယူရိုပါလိဂ် ပြိုင်ပွဲဝင်ခွင့် ရစေရေး ရလဒ်ကောင်း လိုအပ်နေသည့် အသင်း နှစ်သင်းလုံး အဝေးကွင်း ရှုံးပွဲများ ကြုံတွေ့ခဲ့ရပြီး အုပ်စု ရပ်တည် ချက် အပြောင်းအလဲ မရှိခဲ့ပါဘူး။

ဒေါ့မန် ၁-၀ မန်စီးတီး

ဒေါ့မန် အသင်းနှင့် မန်စီးတီး တို့ရဲ့ ပွဲစဉ်မှာတော့ အုပ်စုဗိုလ် ဖြစ်ပြီးသားဒေါ့မန် အသင်း ကပဲ အိမ်ကွင်း ရလဒ်ကောင်း ရယူနိုင် ခဲ့ပါတယ်။ ဒီနေ့ပွဲမှာ အိမ်ရှင် အသင်း အတွက် အဓိက ကစားသမား အချို့ ပါဝင်ခဲ့ခြင်း မရှိခဲ့သလို မန်စီးတီး အသင်းတွင်လည်း အဓိက ကွင်းလယ်လူများဖြစ်သည့်
ဆေးလ်ဗားနှင့် ယာယာတိုရေး တို့ မပါဝင်ခဲ့ချေ။ အိမ်ရှင် အသင်းသည် ၎င်းတို့အတွက် အနိုင်ရလဒ် မလိုအပ်သော်လည်း မန်စီးတီး အသင်းအား ကစားကွက် အသာစီးဖြင့် ကစားနိုင် ခဲ့ကာ အနိုင်ရယူနိုင် ခဲ့သည်။

ယခုပွဲတွင် နှစ်သင်းလုံး ဂိုးသွင်းကန်ချက် များ ရယူနိုင်ခဲ့သည်ကိုတွေ့ခဲ့ရပြီး နှစ်ဖက် အသင်း ဂိုး သမားများ လက်စွမ်းကိုယ်စီ ပြ ခဲ့ရသည်။ အိမ်ရှင် အတွက် တစ်လုံးတည်းသော အနိုင် ဂိုးကို တိုက်စစ်မှုး ရှိုက်ဘာက ဂိုးပေါက်နှင့် အနီးကပ် ပိတ်သွင်းယူခဲ့ခြင်း ဖြစ်သည်။ ပွဲချိန် ဒုတိယပိုင်းတွင် မန်စီးတီး အသင်းဖက်မှ အဂွေရို၊ ဘာလော့ တယ်လီ နှစ်ဦး ဒီဇီကိုနှင့် ဆင်ကလဲယား အစား လူစားဝင် ခဲ့သော်လည်း ရလဒ်ပြောင်း လဲရန် မစွမ်းဆောင်နိုင် ခဲ့ချေ။ ယခု ရလဒ်ကြောင့်ပင် မန်စီးတီး အသင်းသည် ယူရိုပါလိဂ် ပြိုင်ပွဲနှင့် လွဲချော် ခဲ့ရကာ ယခုနှစ်အတွက် ဥရောပပြိုင်ပွဲမျှော်လင့်ချက် ကုန်ဆုံးသွား ခဲ့ပြီ ဖြစ်သည်။

ရီးရဲလ် ၄-၁ အေဂျက်စ်

ရီးရဲလ်နှင့် အေဂျက်စ် အသင်းတို့ ပွဲမှာတော့ အိမ်ရှင် ရီးရဲလ် အသင်းဟာ ပွဲချိန် တစ်ဝက် အကျိုး မှာပဲ အေဂျက်စ် အသင်း ကို သုံးဂိုးပြတ်ဖြင့် ဦးဆောင်နိုင်ခဲ့ပြီး နောက်ပိုင်း မိနစ် များမှာ ကစား အား ချွေကစားသွား ခဲ့ပါတယ်။ ဧည့်သည် အသင်းတွင် လူစုံတက်စုံ ရှိခဲ့သော်လည်း အိမ်ရှင် ရီးရဲလ် တွင် ရော် နာဒိုနှင့် ဘင်ဇီမာ နှစ်ဦးမှ လွဲ၍ အရံ ကစားသမားများကိုသာ ပွဲထွက် ကစားစေ ခဲ့တာ ကို တွေ့ ရပါတယ်။ သို့သော်လည်း အိမ်ရှင်တို့ အိမ်ကွင်း အားသာချက် အပြည့်အဝ ယူနိုင်ခဲ့ပြီး အေဂျက်စ် အသင်းကို ခြေပြတ် ဂိုးပြတ် ကစားသွားနိုင် ခဲ့သည်။

အိမ်ရှင် အတွက် ဦးဆောင်ဂိုးကို တိုက်စစ်မှုး ရော်နာဒို က ပွဲချိန် (၁၃) မိနစ်တွင်ပဲ သွင်းယူပေးနိုင် ခဲ့ပြီး အေဂျက်စ် အသင်းကို စတင်ဖိအားပေးခဲ့သည်။ ထို့နောက် ၁၅ မိနစ် အကြာတွင် ကွင်းလယ်လူ ကယ်လာဂျွန်က ဒုတိယဂိုး သွင်းယူပေးခဲ့ကာ ဒုတိယပိုင်း ပြန်လည်စတင်ချိန်တွင်လည်း ကာကာ က တတိယ ဦးဆောင်ဂိုး သွင်းယူပေး ခဲ့ပြန်သည်။ ဧည့်သည် အသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးကို ပွဲချိန် ၅၉ မိနစ်တွင် ဘိုရစ်တာ က သွင်းယူခဲ့ပေမယ့် (၈၈) မိနစ်တွင် ကယ်လာဂျွန်ကပဲ ရီးရဲလ်အတွက် ဂိုးဆက်လက် သွင်းယူပေး ခဲ့ပြီး အိမ်ရှင်အသင်းအား ၄ဂိုး တစ်ဂိုးဖြင့် အနိုင် ရရှိစေခဲ့သည်။

myanmar striker

No comments:

Post a Comment