
ထိုသို့ပြုလုပ်ရခြင်းမှာ အိမ်နီးချင်းနိုင်ငံများဖြစ်သော အိန္ဒိယ၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့တွင် မသုံးတော့သည့် စွန့်ပစ်ပစ္စည်းများကို မိမိနိုင်ငံတွင်းဝင်ရောက်ရောင်းချခြင်း၊ သဘာဝဇီဝမျိုးစိတ်များ ထိခိုက်မှုမရှိစေရန်၊
တောင်သူ လယ်သမားများ အသိဉာဏ် အားနည်းသည့်ပေါ်တွင် အခွင့်ကောင်းယူ၍ အရည်အသွေး မပြည့် မီသောပစ္စည်းများကိုရောင်းချခြင်းမရှိစေရန်၊ ဈေးကွက်မှန်ကန်စွာ ရောင်းချနေသူအပေါ်ကလိန်ကျသူများကြောင့် ဈေးကွက်မပျက်စေရန်နှင့် ဆေးနှင့်
ဓာတ်မြေသြဇာများကြောင့် သီးနှံအထွက်မလျော့စေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ကိုရဲမင်းဦးက ပြောသည်။ ဒေသအချို့ စစ်ဆေးရာ၌ နိုင်ငံတကာတွင် အသံုးပြုမှု မရှိသော ပစ္စည်းများဖြစ်သည့် လူကိုပါ အန္တရာယ်ဖြစ်စေနိုင်သော ပိုးသတ်ဆေးများကိုပါ အသုံးပြုသည် များ ကိုလည်း တွေ့ရကြောင်း ကိုရဲမင်းဦးက ဆက်လက်ပြောသည်။
မန္တလေးနှင့် ရွှေဘိုမြို့နယ်ရှိဒေသအချို့သို့ ကွင်းဆင်းစစ်ဆေးရာတွင်နိုင်ငံတကာက သုံးစွဲခွင့် မပြုသော ဆေး တစ်မျိုးကို ပြီးခဲ့သည့် သုံး၊လေးလခန့်က တွေ့ရှိခဲ့ကြောင်း ကိုရဲမင်းအောင်ကပြောသည်။
အဆိုပါအစီအစဉ်ကို ဆောင်ရွက်ရန် အစိုးရဌာနများကိုလည်း တင်ပြထားပြီဖြစ်ပြီး လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းလုပ်ဆောင်
နိုင်ရန် အစည်းအဝေးများပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
7Day News Journal
No comments:
Post a Comment