Wednesday 5 December 2012

အာဆီယံ တက္ကသိုလ်များ အားကစားပြိုင်ပွဲ မြန်မာနိုင်ငံမှ ဝင်ရောက် ယှဉ်ပြိုင်မည်

Photo: အာဆီယံ တက္ကသိုလ်များ အားကစားပြိုင်ပွဲ မြန်မာနိုင်ငံမှ ဝင်ရောက် ယှဉ်ပြိုင်မည်
Wednesday, 05 December 2012

(၁၆)ကြိမ်မြောက် အာဆီယံ တက္ကသိုလ်များ အားကစား ပြိုင်ပွဲကို
မြန်မာနိုင်ငံမှ အားကစားနည်း ခြောက်မျိုး ဝင်ရောက် ယှဉ်ပြိုင်မည်
ဖြစ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကိုလာအိုနိုင်ငံတွင် လာမည့် ဒီဇင်ဘာ ၁၂ ရက်မှ
၂ဝ ရက်အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်၊ ဘောလုံး၊ စားပွဲတင်တင်းနစ်နှင့် တင်းနစ်ဟူသည့် အားကစားနည်း ခြောက်မျိုးတွင် အားကစားသမား ၆၂ ဦးနှင့် အုပ်ချုပ်သူ နည်းပြများ အပါအဝင် စုစုပေါင်း ၉ဝ ဦးခန့် သွားရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။

လာအိုနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၁၆) ကြိမ်မြောက် အာဆီယံ တက္ကသိုလ်များ အားကစားပြိုင်ပွဲကို အားကစားနည်း ၃၆ မျိုးနှင့် ကျင်းပမည်ဖြစ်ပြီး မလေးရှား နိုင်ငံက အားကစားနည်း ၃၄ မျိုး၊ ထိုင်းနိုင်ငံက အားကစား နည်း ၃၂ မျိုးနှင့် အင်ဒိုနီးရှားနိုင်ငံက အားကစားနည်း ၂၆ မျိုးဖြင့် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကို အာဆီယံနိုင်ငံများသာ ဝင်ရောက်ယှဉ်ပြိုင် ခွင့်ရှိပြီး အသက် ၁၇ နှစ်မှ ၂၈ နှစ်အတွင်းနှင့် ပညာအရည် အချင်းပထမနှစ်မှ ဘွဲ့ကြိုတန်း အထိသာ ဝင်ရောက် ယှဉ်ပြိုင်နိုင်ကြောင်း သတင်းရရှိသည်။

မြ၀တီ (၁၆)ကြိမ်မြောက် အာဆီယံ တက္ကသိုလ်များ အားကစား ပြိုင်ပွဲ ကိုမြန်မာနိုင်ငံ မှ အားကစားနည်း ခြောက်မျိုး ဝင်ရောက် ယှဉ်ပြိုင် မည်ဖြစ်ကြောင်း သိရသည်။အဆိုပါပြိုင်ပွဲကိုလာအိုနိုင်ငံတွင် လာမည့် ဒီဇင်ဘာ ၁၂ ရက်မှ၂ဝ ရက်အထိ ကျင်းပမည်ဖြစ် ပြီး မြန်မာနိုင်ငံ မှ ဘော်လီဘော၊ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်၊ ဘောလုံး၊ စားပွဲ တင် တင်းနစ်နှင့် တင်းနစ်ဟူသည့် အားကစားနည်း ခြောက်မျိုးတွင် အား ကစားသမား ၆၂ ဦးနှင့် အုပ်ချုပ်သူ နည်းပြများ အပါအဝင် စုစုပေါင်း ၉ဝ ဦးခန့် သွားရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။

လာအိုနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၁၆) ကြိမ်မြောက် အာဆီယံ တက္ကသိုလ်များ အားကစား ပြိုင်ပွဲကို အားကစားနည်း ၃၆ မျိုးနှင့် ကျင်းပမည်ဖြစ်ပြီး မလေးရှား နိုင်ငံက အားကစားနည်း ၃၄ မျိုး၊ ထိုင်းနိုင်ငံ က အားကစား နည်း ၃၂ မျိုးနှင့် အင်ဒိုနီးရှားနိုင်ငံက အားကစားနည်း ၂၆ မျိုးဖြင့် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကို အာဆီယံနိုင်ငံများသာ ဝင်ရောက်ယှဉ်ပြိုင် ခွင့်ရှိပြီး အသက် ၁၇ နှစ်မှ ၂၈ နှစ်အတွင်းနှင့် ပညာအရည် အချင်းပထမနှစ်မှ ဘွဲ့ကြိုတန်း အထိသာ ဝင်ရောက် ယှဉ်ပြိုင်နိုင်ကြောင်း သတင်းရရှိသည်။

မြ၀တီ

No comments:

Post a Comment