Wednesday 5 December 2012

အမေရိကန် ဒေါ်လာ ၇၅ဝဝဝ တန်ဖိုးရှိ သုံးဘီး ဆိုင်ကယ်ပျံ အမေရိကန် ထုတ်လုပ်


Photo: အမေရိကန် ဒေါ်လာ ၇၅ဝဝဝ တန်ဖိုးရှိ သုံးဘီး ဆိုင်ကယ်ပျံ အမေရိကန် ထုတ်လုပ်
Wednesday, 05 December 2012

အမေရိကန် ပြည်ထောင်စုတွင် သုံးဘီး ဆိုင်ကယ်ပျံ အမျိုး အစား တစ်မျိုးကို အောင်မြင်စွာ တီထွင် နိုင်ခဲ့ပြီး ၎င်းဆိုင် ကယ်ပျံကို ဒေါ်လာ ၇၅ဝဝဝ ဖြင့် ရောင်းချ သွားမည် ဖြစ်ကြောင်းအင်တာနက် သတင်း
တစ်ရပ် အရ သိရသည်။

အဆိုပါ သုံးဘီး ဆိုင်ကယ်ပျံကို "The Butterfly Aircraft LLC" ဟု အမည်ပေးထားပြီး ၎င်းကို မစ္စတာ လာရီနီးလ် ဆိုသူက နှစ်ပေါင်း များစွာ အချိန်ယူ တီထွင်ခဲ့ ရကြောင်း သိရသည်။

ထိုဆိုင်ကယ်ပျံကို Super Sky Cycle ဟုလည်း ခေါ်တွင်ပြီး ၎င်းတွင် 582 CC အင်ဂျင်တစ်လုံးနှင့် ၆၈ လက်မ အရွယ်အစားရှိ ဒလက်ပန်ကာ သုံးခုကို တပ်ဆင်ထား သည်ဟု သိရသည်။ ဆိုင်ကယ်ပျံသည် မြေပြင်မှ အမြင့်ပေ ၂ဝ တွင် တစ်နာရီလျှင် ၃၅ မိုင်နှုန်းဖြင့် မောင်းနှင်နိုင်ပြီး မြေပြင်တွင်လည်း တစ်နာရီလျှင် ၆၅ မိုင်နှုန်းဖြင့် မောင်းနှင် နိုင်ကြောင်း သိရသည်။ ထိုဆိုင်ကယ်ပျံတွင် ဓာတ်ဆီကန် တစ်ခုပါ ရှိပြီး ဆီတစ်ကြိမ် ဖြည့်ထား ပါက ၅ နာရီကြာ မောင်းနှင် နိုင်ကြောင်း သိရသည်။

ထိုသုံးဘီး ဆိုင်ကယ်တွင် ဖြည့်တင်းရမည့် လောင်စာဆီ များကို ပုံမှန် ဓာတ်ဆီ အရောင်းဆိုင် များတွင် ဝယ်ယူ ဖြည့်တင်း နိုင်ပြီး ယခု အခါတွင် သုံးဘီး ဆိုင်ကယ်ပျံကို ဝယ်ယူရန် အတွက် အမေရိကန်နှင့် အခြား
နိုင်ငံများရှိ ကုမ္ပဏီ များက မစ္စတာ နီးလ်ထံ အမှာစာများပေးပို့ထားပြီး
ဖြစ်ကြောင်း သိရသည်။

မြ၀တီ အမေရိကန် ပြည်ထောင်စုတွင် သုံးဘီး ဆိုင်ကယ်ပျံ အမျိုး အစား တစ်မျိုးကို အောင်မြင်စွာ တီထွင် နိုင်ခဲ့ပြီး ၎င်းဆိုင် ကယ်ပျံကို ဒေါ်လာ ၇၅ဝဝဝ ဖြင့် ရောင်းချ သွားမည် ဖြစ်ကြောင်းအင်တာနက် သတင်းတစ်ရပ် အရ သိရသည်။
အဆိုပါ သုံးဘီး ဆိုင်ကယ်ပျံကို "The Butterfly Aircraft LLC" ဟု အမည်ပေးထားပြီး ၎င်းကို မစ္စတာ လာရီနီးလ် ဆိုသူက နှစ်ပေါင်း များစွာ အချိန်ယူ တီထွင်ခဲ့ ရကြောင်း သိရသည်။

ထိုဆိုင်ကယ်ပျံကို Super Sky Cycle ဟုလည်း ခေါ်တွင်ပြီး ၎င်းတွင် 582 CC အင်ဂျင်တစ်လုံးနှင့် ၆၈ လက်မ အရွယ်အစားရှိ ဒလက်ပန်ကာ သုံးခုကို တပ်ဆင်ထား သည်ဟု သိရသည်။ ဆိုင်ကယ် ပျံသည် မြေပြင် မှ အမြင့်ပေ ၂ဝ တွင် တစ်နာရီလျှင် ၃၅ မိုင်နှုန်းဖြင့် မောင်းနှင်နိုင် ပြီး မြေပြင်တွင် လည်း တစ်နာရီလျှင် ၆၅ မိုင်နှုန်းဖြင့် မောင်းနှင် နိုင်ကြောင်း သိရသည်။ ထိုဆိုင်ကယ်ပျံတွင် ဓာတ်ဆီကန် တစ်ခုပါ ရှိပြီး ဆီတစ်ကြိမ် ဖြည့်ထား ပါက ၅ နာရီကြာ မောင်းနှင် နိုင်ကြောင်း သိရသည်။

ထိုသုံးဘီး ဆိုင်ကယ်တွင် ဖြည့်တင်းရမည့် လောင်စာဆီ များကို ပုံမှန် ဓာတ်ဆီ အရောင်းဆိုင် များတွင် ဝယ်ယူ ဖြည့်တင်း နိုင်ပြီး ယခု အခါတွင် သုံးဘီး ဆိုင်ကယ်ပျံကို ဝယ်ယူရန် အတွက် အမေရိကန်နှင့် အခြားနိုင်ငံများရှိ ကုမ္ပဏီ များက မစ္စတာ နီးလ်ထံ အမှာစာများပေးပို့ထားပြီးဖြစ်ကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment