Wednesday 5 December 2012

အမျိုးသားနေ့၌ နတ်မောက်သွားကာ အကြွေးဆပ်မည့် ဒေါ်အောင်ဆန်းစုကြည်

Photo: အမျိုးသားနေ့၌ နတ်မောက်သွားကာ အကြွေးဆပ်မည့်
ဒေါ်အောင်ဆန်းစုကြည်
Wednesday, 05 December 2012 

လာမည့် ဒီဇင်ဘာ(၈)ရက်နေ့ အမျိုးသားနေ့တွင် အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှာ  မကွေး တိုင်းဒေသကြီး   ဖခင်ဗိုလ်ချုပ်၏ ဇာတိနတ်မောက် မြို့နယ်မှ ပြည်သူလူထုနှင့်တွေ့ဆုံကာ
ဟောပြောပွဲပြုလုပ်မည်ဖြစ်ကြောင်း ဒီချုပ်ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အချို့ထံမှ သိရှိရသည်။

ဒီချုပ်ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ဒီဇင်ဘာ ၇ရက်နေ့တွင်
နေပြည်တော် ဥတ္တရသီရိ မြို့နယ်မှ တောင်တွင်းကြီးသို့ ခရီးစတင်
ထွက်ခွာမည်ဖြစ်ပြီး ဒီဇင်ဘာ (၈)ရက်နေ့တွင် နတ်မောက် ပြည်သူ
လူထုနှင့် တွေ့ဆုံကာ ဒီဇင်ဘာ(၉)ရက်နေ့ ၌ တောင်တွင်းကြီးမြို့မှ
ပြည်သူနှင့်တွေ့ဆုံမည် ဟု  ဒီချုပ်ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မကွေးခရီးစဉ်စတင်ရခြင်းမှာ ကြားဖြတ်ရွေးကောက်ပွဲမတိုင်ခင် မြိတ်ခရီးစဉ်အပြီး မကွေးသို့သွားရန် အစီအစဉ်ဆွဲခဲ့သော်လည်း ကျန်းမာရေးအခြေအနေကြောင့်  မကွေးမှ ပြည်သူလူထုနှင့်တွေ့ဆုံရန်ကျန် ရှိနေခြင်းအား
ပြန်လည်အကောင်အထည်ဖော်ခြင်း ဖြစ်နိုင်ကြောင်း မကွေးဒေသခံ တစ်ဦးက သုံးသပ်သည်။

“ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
လည်းဖြစ်တယ်ဆိုတော့ ရွေးကောက်ပွဲအကြိုမှာ မကွေးကိုလာမယ်ဆိုပြီး ကတိစကားပြောခဲ့တယ် ဒါပေမဲ့ မြိတ်ခရီးစဉ်မှာတင်ပဲ ကျန်းမာရေး အခြေအနေကြောင့် မကွေးတိုင်းဘက်ကို မရောက်ဖြစ်ခဲ့တာ အခု လွှတ်တော်နားရက်မှာ ရွေးကောက်ပွဲတုန်းက ပြောခဲ့တဲ့ ကတိစကားကို လာပြီး အကြွေးဆပ်တဲ့အနေနဲ့ လာတာပါ ပြီးတော့ လူထုနဲ့လည်း
နွေးနွေးထွးထွေးတွေ့ဆုံမှာပါ။” ဟု မကွေးတိုင်းဒေသကြီးမှ ဒေသခံ
တစ်ဦးဖြစ်သူ ဦးမြင့်သိန်းက ပြောသည်။

ဒီဇင်ဘာ(၈)ရက်နေ့တွင် ကျရောက်မည့် အမျိုးသားနေ့အခမ်းအနားကို ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ကျင်းပမည်ဖြစ်သော်လည်း အဆိုပါ အခမ်းအနားကို ဒီချုပ်ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်နိုင်မည် မဟုတ်ကြောင်း အဖွဲ့ချုပ်အဖွဲ့ဝင်များထံက သိရှိရသည်။

၂၀၁၃ခုနှစ် နှစ်ဆန်းပိုင်းတွင်လည်း ပြည်ပခရီးစဉ်အဖြစ် ကိုရီးယားနှင့် ဂျပန်တို့ကို သွားရောက်ရန် အစီအစဉ်ရှိသည်ဟု ကြားသိရသည်။

ဝင့်သင်ဇာကျော် (မြစ်မခ)
by Myit Makha Mediagroupလာမည့် ဒီဇင်ဘာ(၈)ရက်နေ့ အမျိုးသားနေ့တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှာ မကွေး တိုင်းဒေသကြီး ဖခင်ဗိုလ်ချုပ်၏ ဇာတိနတ်မောက် မြို့နယ် မှ ပြည်သူ လူထုနှင့်တွေ့ဆုံကာဟောပြောပွဲပြုလုပ်မည်ဖြစ်ကြောင်း ဒီချုပ် ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အချို့ထံမှ သိရှိရသည်။
ဒီချုပ်ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ဒီဇင်ဘာ ၇ရက်နေ့ တွင်နေပြည်တော် ဥတ္တရသီရိ မြို့နယ်မှ တောင်တွင်းကြီးသို့ ခရီး စတင် ထွက်ခွာမည်ဖြစ်ပြီး ဒီဇင်ဘာ (၈)ရက်နေ့တွင် နတ်မောက် ပြည်သူ လူထုနှင့် တွေ့ဆုံကာ ဒီဇင်ဘာ(၉)ရက်နေ့ ၌ တောင်တွင်းကြီးမြို့မှပြည်သူနှင့်တွေ့ ဆုံမည် ဟု ဒီချုပ် ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မကွေးခရီးစဉ်စတင်ရခြင်းမှာ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်ခင် မြိတ် ခရီးစဉ်အပြီး မကွေးသို့သွားရန် အစီအစဉ်ဆွဲခဲ့သော်လည်း ကျန်းမာရေးအခြေအနေကြောင့် မကွေးမှ ပြည်သူလူထုနှင့်တွေ့ဆုံရန်ကျန်ရှိနေခြင်းအားပြန်လည်အကောင်အထည်ဖော်ခြင်း ဖြစ်နိုင်ကြောင်း မကွေးဒေသခံ တစ်ဦးက သုံးသပ်သည်။
“ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လည်းဖြစ်တယ် ဆိုတော့ ရွေးကောက်ပွဲ အကြိုမှာ မကွေးကိုလာမယ်ဆိုပြီး ကတိစကားပြောခဲ့တယ် ဒါပေမဲ့ မြိတ်ခရီးစဉ်မှာတင်ပဲ ကျန်းမာရေး အခြေ အနေကြောင့် မကွေးတိုင်းဘက်ကို မရောက်ဖြစ်ခဲ့တာ အခုလွှတ်တော် နားရက်မှာ ရွေးကောက်ပွဲ တုန်းက ပြောခဲ့တဲ့ ကတိစကားကို လာပြီး အကြွေးဆပ်တဲ့အနေနဲ့ လာတာပါ ပြီးတော့ လူထုနဲ့လည်း
နွေးနွေးထွးထွေးတွေ့ဆုံမှာပါ။” ဟု မကွေးတိုင်းဒေသကြီးမှ ဒေသခံတစ်ဦးဖြစ်သူ ဦးမြင့်သိန်း က ပြော သည်။
ဒီဇင်ဘာ(၈)ရက်နေ့တွင် ကျရောက်မည့် အမျိုးသားနေ့အခမ်းအနားကို ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ကျင်းပမည်ဖြစ်သော်လည်း အဆိုပါ အခမ်းအနားကို ဒီချုပ်ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်နိုင်မည် မဟုတ်ကြောင်း အဖွဲ့ချုပ်အဖွဲ့ဝင်များထံက သိရှိရသည်။
၂၀၁၃ခုနှစ် နှစ်ဆန်းပိုင်းတွင်လည်း ပြည်ပခရီးစဉ်အဖြစ် ကိုရီးယားနှင့် ဂျပန်တို့ကို သွားရောက်ရန် အစီအစဉ်ရှိသည်ဟု ကြားသိရသည်။

  Myit Makha Mediagroup

No comments:

Post a Comment