
ရောဂါပိုး၏ဗီဇကို လေ့လာကြည့်ရှုရာမှ ယခုနှစ်သည် ဆိုးရွားသောတုပ်ကွေးဖြစ်မည့် နှစ်တစ်နှစ်ဖြစ်ပြီး ၎င်း အတွက်ထိရောက်သောကာကွယ်ဆေးများကိုလည်း ဖြန့်ဝေသွားမည်ဖြစ်သည်ဟုဖရိုက်ဒန်က ပြောကြားသွားသည်။
ကာကွယ်ဆေးပေါင်း ၁၂၃သန်းခန့်ကို ကျန်းမာရေးစောင့်ရှောက်မှု ဝန်ထမ်းများမှ ကြိုတင်ဖြန့်ဝေခဲ့ကာ လူဦးရေ ၁၁၂သန်းကိုလည်း ကာကွယ်ဆေးများ ကြိုတင်ထိုးနှံခဲ့ပြီးလည်း ဖြစ်သည်။ ဆရာဝန်များ၊ သူနာပြု များနှင့် ဆေးဝါးပညာရှင်များက နိုင်ငံတွင်းရှိ ကိုယ်ဝန်ဆောင်အမျိုးသမီးထက်ဝက်ခန့်နှင့် လူထု ၈၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးများ ထိုးနှံပေးခဲ့သည်။
ကလေးငယ်များကိုလည်း ကာကွယ်ဆေး ထိုးပေးခြင်းခံရသော ကလေးငယ်အရေအတွက်မှာလည်း ပိုမိုတိုးပွားလာသည်။ CDC ၏ အဆိုအရ သံယဖြစ်ဖွယ်တုပ်ကွေးသည် တောင်ပိုင်းပြည်နယ်များဖြစ်သော အယ်လ်ဘားမား၊ လူးဝစ်စီယာနာ၊ မစ္စစပီ၊ တန်းနက်စက် နှင့် တက္ကစက် ဒေသများသို့ ကူးစက် ပျံနှံ့လာ သည် ဟု သိရသည်။ ခရစ်စမတ်ကာလ ပြီးသည့်တိုင်အောင် ဖြစ်ပွားလေ့မရှိခဲ့သော တုပ်ကွေးသည် ယခုနှစ်တွင် ပိုမိုစောစီးစွာ ဖြစ်ပေါ်လာခဲ့ခြင်းလည်း ဖြစ်သည်။
Source: XinhuaNet
Planet Myanmar Network
No comments:
Post a Comment