Wednesday 5 December 2012

"၀" အထူးဒေသ(၂) အား ပြည်နယ်အဖြစ် လွှတ်တော်တွင် တောင်းဆိုမည်


Photo: "၀" အထူးဒေသ(၂) အား ပြည်နယ်အဖြစ် လွှတ်တော်တွင် တောင်းဆိုမည်
Wednesday, 05 December 2012 

"၀" အထူးဒေသ(၂) အား ပြည်နယ်အဖြစ် လွှတ်တော်တွင် တင်ပြတောင်းဆို သွားမည် ဖြစ်ကြောင်း "၀" အထူးဒေသ(၂) မှ ဒုတိယဥက္ကဌ လျောက်ညီလျံ က ပြောကြားသည်။

ဒီဇင်ဘာ(၄) ရက်နေ့က "၀" အထူးဒေသ(၂) ရှိ ပန်ဆန်းမြို့ တွင် ပြုလုပ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ ဒုတိယဥက္ကဌ များဖြစ်သော ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ၊ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးသိန်းဇော် တို့ ဦးဆောင်သော အဖွဲ့ နှင့် တွေ့ဆုံသည့်ပွဲတွင် ယင်း ကဲ့သို့ ပြောကြားခဲ့သည်။

"၀" ပြည်နယ်ရရှိရေးအတွက် လွှတ်တော်မှာ တင်ပြတောင်းဆိုသွားမှာပါ ဟု ယင်းက အထက်ပါအတိုင်းပြောကြားခဲ့သည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၂) အပိုဒ် ၅၆(စ) တွင် ရှမ်းပြည်နယ်ရှိ ဟိုပန် မြို့နယ် ၊ မိုင်းမော မြို့နယ် ၊ ပန်ဝိုင်မြို့နယ် ၊နားဖန်းမြို့နယ် ၊ မက်မန်းမြို့နယ် ၊ နှင့် ပန်ဆန်း (ပန်ခမ်း) မြို့နယ် (၆) မြို့နယ်တို့ကို ခရိုင် ၂ ခရိုင် ဖွဲ့ပြီး "၀" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အဖြစ် သတ်မှတ်ပေးခဲ့ပြီးဖြစ်သည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၂) အပိုဒ် ၅၅ တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတစ်ခုခု၏ အမည် ကိုဖြစ်စေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတစ်ခုခု၏ အမည်ကို ဖြစ်စေ ပြောင်းလဲ သတ်မှတ်လိုလျှင် တိုင်းဒေသကြီးတစ်ခုခုအမည်ကို ဖြစ်စေ ၊ ပြည်နယ် တစ်နယ်နယ်၏ အမည် ကိုဖြစ်စေ ၊ ပြောင်းလဲသတ်မှတ်သည့် နည်းလမ်းအတိုင်း ပြောင်းလဲသတ်မှတ်ရမည် ဟု ဖော်ပြပါရှိသည်။

D-မင်း
Yangon Media Group "၀" အထူးဒေသ(၂) အား ပြည်နယ်အဖြစ် လွှတ်တော်တွင် တင်ပြတောင်းဆို သွားမည် ဖြစ်ကြောင်း "၀" အထူးဒေသ(၂) မှ ဒုတိယဥက္ကဌ လျောက်ညီလျံ က ပြောကြားသည်။
ဒီဇင်ဘာ (၄) ရက်နေ့က "၀" အထူးဒေသ(၂) ရှိ ပန်ဆန်းမြို့ တွင် ပြုလုပ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ ဒုတိယဥက္ကဌ များဖြစ်သော ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ၊ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးသိန်းဇော် တို့ ဦးဆောင်သော အဖွဲ့ နှင့် တွေ့ဆုံသည့်ပွဲတွင် ယင်းကဲ့သို့ ပြောကြား ခဲ့သည်။"၀" ပြည်နယ်ရရှိရေးအတွက် လွှတ်တော်မှာ တင်ပြတောင်းဆိုသွားမှာပါ ဟု ယင်းကအထက်ပါ အတိုင်းပြောကြား ခဲ့သည်။ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၂) အပိုဒ် ၅၆(စ) တွင် ရှမ်းပြည်နယ်ရှိ ဟိုပန် မြို့နယ် ၊ မိုင်းမော မြို့နယ် ၊ ပန်ဝိုင်မြို့နယ် ၊နားဖန်းမြို့နယ် ၊ မက်မန်းမြို့နယ် ၊ နှင့် ပန်ဆန်း (ပန်ခမ်း) မြို့နယ် (၆) မြို့နယ်တို့ကို ခရိုင် ၂ ခရိုင် ဖွဲ့ပြီး "၀" ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း အဖြစ် သတ်မှတ်ပေးခဲ့ပြီးဖြစ်သည်။ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၂) အပိုဒ် ၅၅ တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတစ်ခုခု၏ အမည် ကိုဖြစ်စေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတစ်ခုခု၏ အမည်ကို ဖြစ်စေ ပြောင်းလဲ သတ်မှတ်လိုလျှင် တိုင်းဒေသကြီး တစ်ခုခုအမည်ကို ဖြစ်စေ ၊ ပြည်နယ် တစ်နယ်နယ်၏ အမည် ကိုဖြစ်စေ ၊ ပြောင်းလဲသတ်မှတ်သည့် နည်းလမ်း အတိုင်း ပြောင်းလဲသတ်မှတ်ရမည် ဟု ဖော်ပြပါရှိသည်။

D-မင်း
Yangon Media Group

No comments:

Post a Comment