Wednesday 5 December 2012

အာဆီယံခုနစ်နိုင်ငံမှ ပညာရှင်များပါဝင်သော မြို့ပြကဏ္ဍ အခြေအနေ ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲနှင့် စာတမ်းဖတ်ပွဲ တောင်ကြီးမြို့တွင် ပြုလုပ်


Photo: အာဆီယံခုနစ်နိုင်ငံမှ ပညာရှင်များပါဝင်သော မြို့ပြကဏ္ဍ အခြေအနေ
ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲနှင့် စာတမ်းဖတ်ပွဲ တောင်ကြီးမြို့တွင် ပြုလုပ် 
Wednesday, 05 December 2012 

အာဆီယံနိုင်ငံများဖြစ်ကြသည့် ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ လာအို ခုနစ်နိုင်ငံ တက္ကသိုလ်များမှ ပညာရှင် ၂၂ ဦး၊ ဂျာမနီနိုင်ငံမှ စာတမ်းရှင်တစ်ဦးတို့ ပါဝင်သော လေ့လာရေးအဖွဲ့သည် ဒီဇင်ဘာလ၂ ရက် နံနက် ၇ နာရီတွင် တောင်ကြီးမြို့နယ် ညိုမီးကျေးရွာ၊ လွယ်မွန်းကျေးရွာများသို့ သွားရောက်လေ့လာပြီး တောင်ကြီးမြို့၏ မြို့ပြအခြေအနေကို လေ့လာကြည့်ရှုခဲ့ကြောင်း၊ ထီသိမ်ကန် (ခေါ်) ရုရှားကန်သို့ သွားရောက်၍ မြို့ရေပေးဝေမှု အခြေအနေကို
လေ့လာကြကြောင်း သိရသည်။

အဆိုပါနေ့ မွန်းလွဲ ၁၂နာရီခွဲတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေး
ကာ မွန်းလွဲ ၂ နာရီခွဲတွင် ထမ့်စမ်းဂူ၊ ဟိုပုံးရေထွက်နှင့် ဟိုပုံးမြို့ပြ အခြေအနေများကို ကြည့်ရှုပြီး ည ၆ နာရီမှ ၇ နာရီခွဲအထိ ဟိုပုံးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲကို ကြည့်ရှုလေ့လာကာ
တောင်ကြီးမြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။

အာဆီယံခုနစ်နိုင်ငံမှ တက္ကသိုလ်ပညာရှင်များ၊ ဂျာမနီမှ ပညာရှင်များ ပါဝင်သည့် လေ့လာရေးအဖွဲ့သည် ဒီဇင်ဘာလ ၃ ရက် နံနက် ၉ နာရီတွင် တောင်ကြီးဟိုတယ်ခန်းမ၌ အလုပ်ရုံဆွေးနွေးပွဲနှင့် စာတမ်းဖတ်ပွဲကို ကျင်းပရာ စာတမ်းဖတ်ကြား တင်ပြကြပြီး တက်ရောက်လာသူများက ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြောင်း၊ ဆက်လက်ပြီး တောင်ကြီးမြို့ပေါ်ရှိ လူနေအထူထပ်ဆုံး ရပ်ကွက်များဖြစ်သည့် စိန်ပန်း၊ ရွှေတောင်၊ ချမ်းမြ သာစည်၊
ညောင်ဖြူစခန်းနှင့် ဘုရားဖြူရပ်ကွက်များသို့ ကွင်းဆင်းလေ့လာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဒီဇင်ဘာလ ၄ ရက်နေ့ နံနက် ၇ နာရီတွင် အေးသာယာစက်ရုံများကို သွားရောက်လေ့လာ၍ အင်းလေးဖောင်တော်ဦးဘုရားကို သွားရောက်ဖူးမြော်ကာ အင်းလေး၊ ညောင်ရွှေ၊ ရွှေညောင်မြို့များ၏ မြို့ပြအခြေအနေများကို လေ့လာခဲ့ကြောင်း၊ နေ့လယ်ပိုင်းတွင် တောင်ကြီးမြို့ဝန်းကျင်ရှိ ကျေးရွာများသို့ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း၊ ဒီဇင်ဘာလ ၅ ရက် လေ့လာတွေ့ရှိချက်များကို စုပေါင်းဆွေးနွေးကာ မွန်းလွဲ ၁ နာရီတွင် လေယာဉ်ဖြင့် ဟဲဟိုးမှ ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာ
သွားကြောင်း သိရသည်။

“ဒီအစီအစဉ်ကို မြန်မာနိုင်ငံမှာ ပထမဦးဆုံး ပြုလုပ်တာပါ။
တောင်ကြီးမြို့ကို ရွေးချယ်ရတဲ့ အကြောင်းကတော့ တောင်ကြီးမြို့ဟာ
တောင်ပေါ်က တောင်ကလပ်မြို့တစ်မြို့ ဖြစ်တာရယ်၊ လူနေအိမ်ခြေတွေဟာ
မြေပြင်ညီတဲ့ နေရာတွေမှာသာမက တောင်ကုန်း၊ တောင်တန်း၊ ဆင်ခြေလျှောတွေမှာ တည်ဆောက်ထားတာရယ် လူနေမှုဘဝတွေကို ကွင်းဆင်းလေ့လာခဲ့ ကြပါတယ်” ဟု စီစဉ်သူ ဦးမြင့်နိုင်က ပြောပြသည်။

Eleven Media Group အာဆီယံနိုင်ငံများဖြစ်ကြသည့် ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ လာအို ခုနစ်နိုင်ငံ တက္ကသိုလ်များမှ ပညာရှင် ၂၂ ဦး၊ ဂျာမနီနိုင်ငံမှ စာတမ်းရှင်တစ်ဦးတို့ ပါဝင်သော လေ့ လာရေးအဖွဲ့သည် ဒီဇင်ဘာလ၂ ရက် နံနက် ၇နာရီတွင် တောင်ကြီး မြို့နယ် ညိုမီးကျေးရွာ၊ လွယ်မွန်းကျေး ရွာများသို့ သွားရောက်လေ့ လာပြီး တောင်ကြီးမြို့၏မြို့ပြ အခြေအနေကို လေ့လာကြည့်ရှု ခဲ့ကြောင်း၊ ထီသိမ်ကန် (ခေါ်) ရုရှားကန်သို့ သွားရောက်၍ မြို့ရေပေးဝေ မှု အခြေအနေကိုလေ့လာ ကြကြောင်း သိရသည်။
အဆိုပါနေ့ မွန်းလွဲ ၁၂နာရီခွဲတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးကာ မွန်းလွဲ ၂ နာရီ ခွဲတွင် ထမ့်စမ်းဂူ၊ ဟိုပုံးရေထွက်နှင့် ဟိုပုံးမြို့ပြ အခြေအနေများကို ကြည့်ရှုပြီး ည ၆ နာရီမှ ၇ နာရီခွဲအထိ ဟိုပုံးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲကို ကြည့်ရှုလေ့လာကာတောင်ကြီးမြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။
အာဆီယံခုနစ်နိုင်ငံမှ တက္ကသိုလ်ပညာရှင်များ၊ ဂျာမနီမှ ပညာရှင်များ ပါဝင်သည့် လေ့လာရေးအဖွဲ့သည် ဒီဇင်ဘာလ ၃ ရက် နံနက် ၉ နာရီတွင် တောင်ကြီးဟိုတယ်ခန်းမ၌ အလုပ်ရုံဆွေးနွေးပွဲနှင့် စာတမ်းဖတ်ပွဲကို ကျင်းပရာ စာတမ်းဖတ်ကြား တင်ပြကြပြီးတက်ရောက်လာသူများက ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြောင်း၊ ဆက်လက်ပြီး တောင်ကြီးမြို့ပေါ်ရှိ လူနေအထူထပ်ဆုံး ရပ်ကွက်များဖြစ်သည့် စိန်ပန်း၊ ရွှေတောင်၊ ချမ်းမြ သာစည်၊ညောင်ဖြူစခန်းနှင့် ဘုရားဖြူရပ်ကွက်များသို့ ကွင်းဆင်းလေ့လာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဒီဇင်ဘာလ ၄ ရက်နေ့ နံနက် ၇ နာရီတွင် အေးသာယာစက်ရုံများကို သွားရောက်လေ့လာ၍ အင်းလေးဖောင်တော်ဦး ဘုရားကို သွားရောက်ဖူးမြော်ကာ အင်းလေး၊ ညောင်ရွှေ၊ ရွှေညောင်မြို့များ၏ မြို့ပြအခြေအနေများကို လေ့လာခဲ့ကြောင်း၊ နေ့လယ်ပိုင်းတွင် တောင်ကြီးမြို့ဝန်းကျင်ရှိ ကျေးရွာများသို့ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း၊ ဒီဇင်ဘာလ ၅ ရက် လေ့လာတွေ့ရှိချက်များကို စုပေါင်းဆွေးနွေးကာ မွန်းလွဲ ၁ နာရီတွင် လေယာဉ်ဖြင့် ဟဲဟိုးမှ ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။

“ဒီအစီအစဉ်ကို မြန်မာနိုင်ငံမှာ ပထမဦးဆုံး ပြုလုပ်တာပါ။တောင်ကြီးမြို့ကို ရွေးချယ်ရတဲ့ အကြောင်း ကတော့ တောင်ကြီးမြို့ဟာတောင်ပေါ်က တောင်ကလပ်မြို့တစ်မြို့ ဖြစ်တာရယ်၊ လူနေ အိမ်ခြေတွေ ဟာမြေပြင် ညီတဲ့ နေရာတွေမှာသာမက တောင်ကုန်း၊ တောင်တန်း၊ ဆင်ခြေလျှောတွေမှာ တည်ဆောက် ထားတာရယ် လူနေမှုဘဝတွေကို ကွင်းဆင်းလေ့လာခဲ့ ကြပါတယ်” ဟု စီစဉ်သူ ဦးမြင့်နိုင်က ပြောပြသည်။

Eleven Media Group

No comments:

Post a Comment