
ရန်ကုန်တက္ကသိုလ် ကျောင်းသားရေးရာဌာနမှ တာဝန်ရှိသူတစ်ဦးက''ဒီနှစ် ပညာသင်နှစ်က စပြီးတော့ ဂုဏ်ထူးတန်း ပထမနှစ် သင်တန်းတွေကို ပြန်ပြီးတော့ ဖွင့်လှစ်သင်ကြားသွားမှာပါ။ သင်ကြားပေး တဲ့ အခါမှာလည်း အရင်တုန်းကရှိခဲ့တဲ့ ကျောင်းဆောင်တွေကိုပဲ ပြန်လည်ပြုပြင်ပြီး သင်ကြားပေးမှာပါ။ တက်ရောက်ခွင့်လျောက်ထားတဲ့ ကျောင်းသားအရေအတွက်ကို မူတည်ပြီး ၀င်ခွင့်ဖြေဆိုရမှာပါ'' ဟု ပြောပြသည်။
အဆိုပါ သင်တန်းအတွက် အဆင့်မြင့်ပညာ ဦးစီးဌာန (အောက်မြန်မာပြည်) ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ (ပထမ) နှစ် ဂုဏ်ထူးတန်း ၀င်ခွင့်ရရှိသူများသည် သင်တန်း ၀င်ခွင့် လျောက်လွှာ များကို ရန်ကုန်တက္ကသိုလ် ကျောင်းသားရေးရာဌာနတွင် ပထမနှစ် (ဂုဏ်ထူးတန်း) ၀င်ခွင့် ရရှိကြောင်း ထောက် ခံစာ၊ အမှတ် စာရင်းမူရင်းနှင့်အတူလျောက်ထားနိုင်ပြီး မန္တလေး တက္ကသိုလ် တွင်လည်း အလားတူလျောက်ထားနိုင်ကြောင်း သိရသည်။ ဂုဏ်ထူးတန်းသည် မဟာဝင်ခွင့် သင်တန်းအတွက် တက်ရောက်ရသော နှစ်နှစ် သင်တန်းဖြစ်ပြီး အဆိုပါ ရန်ကုန်နှင့် မန္တလေးတက္ကသိုလ်ရှိ ဂုဏ်ထူးတန်း များကို ၁၉၉၆ ခုနှစ်ကျောင်းသားအရေးအခင်း ဖြစ်ပွားမှုအပြီးမှ စတင်၍ ဖွင့်လှစ်သင်ကြားခြင်း မရှိတော့ကြောင်း သိရသည်။
Eleven Media Group
No comments:
Post a Comment