Wednesday 5 December 2012

မူးမေ့သွားအောင်ပြုလုပ်ပြီး ပစ္စည်းများအားခိုးယူသူ

၎-၁၂-၂၀၁၂ရက်နေ့ ၀၉၀၀ အချိန် မန္တလေးတိုင်းဒေသကြီး၊အောင်မြေသာစံမြို့နယ်နေ မအေးအေးကြွယ် (၃၈)နှစ်သည် နေအိမ်တွင် တစ်ဦးတည်း စက်ချုပ်နေစဉ် အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၁)ဦး
(စိစစ်ဆဲ)တို့ရောက်ရှိလာပြီး အထည်အပ်နှံသဖြင့် ၎င်းတို့အားကျောပေး၍ အထည်တိုင်း နေစဉ် မူးယစ် ထုံထိုင်းစေသော ပစ္စည်းတစ်ခုခုဖြင့် အုပ်လိုက်သည့်အတွက် ရှုရှိုက်မိပြီး
သတိလစ်သွားခဲ့ရာ ၁၀၀၀ အချိန် မိခင်ဖြစ်သူမှ လာရောက်နှိုး၍ ခုတင်ပေါ်တွင် ရောက်ရှိနေကြောင်းသိရပြီး ခန္ဓာကိုယ်တွင် ၀တ်ဆင်ထားသည့် ရွှေဆွဲကြိုး(၁)ကုံး၊ လက်ကောက်(၁)ကွင်း၊ လက်စွပ်(၃) ကွင်းနှင့် သေတ္တာ အတွင်းမှငွေ ကျပ်(၁)သိန်း၊စုစုပေါင်းတန်ဖိုး(၄,၇၇၀,၀၀၀)ကျပ်မှာ ပျောက်ဆုံးနေသဖြင့် ၁၃၃၀ အချိန် မအေးအေးကြွယ်မှတိုင်တန်းသဖြင့် အမှတ်(၄)ရဲစခန်း(ပ)၃၂၄/၁၂၊ ပြစ်မှုပုဒ်မ ၃၂၈/၃၈၀ဖြင့် အမှုဖွင့်ပြီး တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

  Facebook

No comments:

Post a Comment