Tuesday 4 December 2012

မြောက်ကိုရီးယား ဒုံးပျံ လွှတ်တင်မည့် ကိစ္စ တရုတ်နိုင်ငံ စိုးရိမ်

Photo: မြောက်ကိုရီးယား ဒုံးပျံ လွှတ်တင်မည့် ကိစ္စ တရုတ်နိုင်ငံ စိုးရိမ်
Tuesday, December 04, 2012

တရုတ် နိုင်ငံသည် ဒီဇင်ဘာ ၁ဝ ရက်နှင့် ၂၂ ရက် အကြားတွင် ပစ်လွှတ်မည့် မြောက်ကိုရီး ယားနိုင်ငံ၏ တာဝေးပစ် ဒုံးပျံ အစီအစဉ်နှင့် စပ်လျဉ်း၍ စိုးရိမ် ပူပန်လျက် ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ 
တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ချင်ကန်၏ ပြောကြားချက်ကို ကိုးကား၍ ဆင်ဟွာ သတင်း ဌာနက ဖော်ပြခဲ့သည်။

မြောက်ကိုရီးယား အစိုးရသည် ၄င်းတို့၏ အာကာသ အစီအစဉ်ကို လုပ်ဆောင်ရန် အခွင့်အရေး ရှိသော်လည်း ၄င်းအစီ အစဉ်နှင့် စပ်လျဉ်း၍ လုပ်ဆောင်ရာတွင် ကုလ သမဂ္ဂ လုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက်
ဘောင်အတွင်း ၌သာ ဆောင်ရွက် သင့်ကြောင်း ချင်ကန်က ပြောကြား ထားသည်။

မြောက်ကို ရီးယား၏ ဒုံးပျံ လွှတ်တင်မည့် အစီ အစဉ်ကြောင့် စိုးရိမ် ပူပန်မှု ဖြစ်ပွားလျက် ရှိသည့် နိုင်ငံ များ အနေဖြင့် တင်းမာမှု များကို လျှော့ချနိုင်ပြီး ကိုရီးယား ကျွန်းဆွယ် တည်ငြိမ်ရေးနှင့်
အေးချမ်းရေးကို အထောက်အပံ့ ဖြစ်စေသည့် အပြုသဘော ဆောင်သော နည်းလမ်းများကို ရှာဖွေ ဖော်ထုတ်၍ လုပ်ဆောင် ရမည် ဖြစ်ကြောင်း ၄င်းက ထပ်လောင်း ပြောကြားခဲ့သည်။

မြောက်ကိုရီးယား နိုင်ငံသည် kwa- ngmyongsong-3 ဂြိုဟ်တု Unha- 3 ဒုံးပျံကို အသုံးပြု၍ ဆိုဟေး အာကာသ စခန်းမှ ဒီဇင်ဘာ ၁ဝ ရက်နှင့် ၂၂ ရက်ကြားတွင် လွှတ်တင်သွားမည် ဖြစ်ကြောင်း ကိုရီးယား အာကာသ နည်းပညာ ကော်မတီ၏ ပြောကြားချက်ကို ကိုးကား၍ KCNA သတင်း ဌာနက ကြေညာခဲ့ သည်။

မြောက်ကိုရီးယား အစိုးရ၏ အစီ အစဉ်သည် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်သည့် လုပ်ရပ် ဖြစ်သည့်အပြင် အမေရိကန်
ပြည်ထောင်စု အတွက် ''တိုက်ရိုက် ခြိမ်းခြောက်မှု'' ဖြစ်ကြောင်း အမေရိကန် တို့ဘက်က ပြောကြား ခဲ့သည်။

မြောက်ကိုရီးယား နိုင်ငံသည် ယခုနှစ် ဧပြီ ၁၃ ရက်က ဒုံးပျံ တစ်စင်းကို လွှတ်တင်ရန် ကြိုးပမ်းခဲ့ သော်လည်း အောင်မြင်မှု မရရှိခဲ့ပေ။ သို့သော် အဆိုပါ ဒုံးပျံ လွှတ်တင် မှုကြောင့် အမေရိကန် အစိုးရကမြောက်ကိုရီးယား
နိုင်ငံသို့ ပေးအပ်မည့် အစား အစာ ထောက်ပံ့ရေး အစီအစဉ်ကို ရပ်ဆိုင်း ခဲ့သည်။

မြ၀တီတရုတ် နိုင်ငံသည် ဒီဇင်ဘာ ၁ဝ ရက်နှင့် ၂၂ ရက် အကြားတွင် ပစ်လွှတ်မည့် မြောက်ကိုရီး ယားနိုင်ငံ၏ တာဝေးပစ် ဒုံးပျံ အစီအစဉ်နှင့် စပ်လျဉ်း၍ စိုးရိမ် ပူပန်လျက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ
တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ချင်ကန်၏ ပြောကြားချက်ကို ကိုးကား၍ ဆင်ဟွာ သတင်း ဌာနက ဖော်ပြခဲ့သည်။
မြောက်ကိုရီးယား အစိုးရသည် ၄င်းတို့၏ အာကာသ အစီအစဉ်ကို လုပ်ဆောင်ရန် အခွင့်အရေး ရှိသော်လည်း ၄င်းအစီ အစဉ်နှင့် စပ်လျဉ်း၍ လုပ်ဆောင်ရာတွင် ကုလ သမဂ္ဂ လုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက်ဘောင်အတွင်း ၌သာ ဆောင်ရွက် သင့်ကြောင်း ချင်ကန်က ပြောကြား ထားသည်။
မြောက်ကို ရီးယား၏ ဒုံးပျံ လွှတ်တင်မည့် အစီ အစဉ်ကြောင့် စိုးရိမ် ပူပန်မှု ဖြစ်ပွားလျက် ရှိသည့် နိုင်ငံ များ အနေဖြင့် တင်းမာမှု များကို လျှော့ချနိုင်ပြီး ကိုရီးယား ကျွန်းဆွယ် တည်ငြိမ်ရေးနှင့်အေးချမ်းရေး ကို အထောက်အပံ့ ဖြစ်စေသည့် အပြုသဘော ဆောင်သော နည်းလမ်းများကို ရှာဖွေ ဖော်ထုတ်၍ လုပ်ဆောင် ရမည် ဖြစ်ကြောင်း ၄င်းက ထပ်လောင်း ပြောကြားခဲ့သည်။
မြောက်ကိုရီးယား နိုင်ငံသည် kwa- ngmyongsong-3 ဂြိုဟ်တု Unha- 3 ဒုံးပျံကို အသုံးပြု၍ ဆိုဟေး အာကာသ စခန်းမှ ဒီဇင်ဘာ ၁ဝ ရက်နှင့် ၂၂ ရက်ကြားတွင် လွှတ်တင်သွားမည် ဖြစ်ကြောင်း ကိုရီးယား အာကာသ နည်းပညာ ကော်မတီ၏ ပြောကြားချက်ကို ကိုးကား၍ KCNA သတင်း ဌာနက ကြေညာခဲ့ သည်။

မြောက်ကိုရီးယား အစိုးရ၏ အစီ အစဉ်သည် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်သည့် လုပ်ရပ် ဖြစ်သည့်အပြင် အမေရိကန်ပြည်ထောင်စု အတွက် ''တိုက်ရိုက် ခြိမ်းခြောက်မှု'' ဖြစ်ကြောင်း အမေရိကန် တို့ဘက်က ပြောကြား ခဲ့သည်။

မြောက်ကိုရီးယား နိုင်ငံသည် ယခုနှစ် ဧပြီ ၁၃ ရက်က ဒုံးပျံ တစ်စင်းကို လွှတ်တင်ရန် ကြိုးပမ်းခဲ့ သော် လည်း အောင်မြင်မှု မရရှိခဲ့ပေ။ သို့သော် အဆိုပါ ဒုံးပျံ လွှတ်တင် မှုကြောင့် အမေရိကန် အစိုးရကမြောက် ကိုရီးယားနိုင်ငံသို့ ပေးအပ်မည့် အစား အစာ ထောက်ပံ့ရေး အစီအစဉ်ကို ရပ်ဆိုင်း ခဲ့သည်။

မြ၀တီ

No comments:

Post a Comment