Wednesday 5 December 2012

စည်သွပ်စက်ရုံ လေလံအောင်သူ တစ်နှစ် ကြာသော်လည်း စက်ရုံလက်ဝယ် မရောက်၍ တစ်လ သိန်း ၃၇၀ကျော် နစ်နာ

သာကေတ စက်မှု ဇုန်ရှိ သာကေတ စည်သွပ် စက်ရုံကို လေလံ ငွေကျပ် ၃၂၉၀ သန်းဖြင့် လွန်ခဲ့သည့် တနှစ် ခန့်က လေလံ အောင်မြင်၍ ငွေအကျေပေးသွင်းပြီး သော်လည်း ယနေ့ အချိန် အထိ စက်ရုံကို ပိုင်ဆိုင်ခွင့် မရသေး၍ တစ်လကို သိန်း ၃၇၅သိန်းခန့် နစ်နာ နေရကြောင်း စက်ရုံကိုo.Ltd ပိုင်ရှင် ဒေါ်မေအေးမွန်လေလံ အောင်ခဲ့သည့် Mega Marine Cက ဒီဇင်ဘာလ ၄ ရက်တွင် တရားဝင် ထုတ်ဖော် ပြောကြားသည်။
လေလံငွေ အကြေ ပေးသွင်း ခဲ့သော်လည်း လက်ရှိ အချိန်ထိ ပုဂ္ဂလိက ပိုင် ပြုလုပ်ရေး ကော်မရှင် အပါ အဝင် မွေးမြူရေး နှင့်ရေလုပ်ငန်း ဝန်ကြီး ဌာန ကပါ ဌားရမ်းလုပ် ဆောင်နေသော မြန်မာ မက်ခရို အင်ဒက် စရီ ကုမ္ပဏီကို ပြောင်းရွှေ့ ပေးရန် စာဖြင့် အကြိမ်ကြိမ် အသိပေး ထားသော်လည်းပြောင်းရွှေ့ ပေးခြင်း မရှိ သဖြင့် ယခုကဲ့သို့ ထုတ်ဖော်ပြောကြားခြင်းဖြစ်ကြောင်း ပြည်တွင်း မီဒီယာ များနှင့် ယနေ့ မွန်းလွဲ ၁ နာရီတွင် တွေ့ဆုံစဉ် ဒေါ်မေအေးမွန် ကပြောကြားသည်။

သာကေတ မြို့နယ်၊ မြမာလာ လမ်းရှိ မြေဧက ၄ဒသမ ၇၀ ဧကရှိ သာကေတ စည်သွပ် စက်ရုံ တည်ရှိရာ မြေ ကွက်ကို ၂၀၁၁ခုနှစ် ဇန်နဝါရီ လတွင် လေလံဆွဲသူ ၁၅ ဦးတွင် ၎င်းတို့က အမြင့် ဆုံး ပေး ကာ ရယူ နိုင်ခဲ့ပြီး ၂၀၁၁ခုနှစ် ဖေဖော်ဝါရီ လတွင် လေလံ တန်ဖိုး၏ ဆယ်ရာခိုင်နှုန်း ငွေကျပ် သိန်း ၃၂၉၀ ကို လည်းကောင်း၊ နောက်ထပ် နှစ်ဆယ် ရာခိုင်နှုန်း
ဖြစ် သော ငွေ ကျပ် ၆၅၈၀ သိန်းကို ၂၀၁၁ ခုနှစ် မတ်လ တွင် လည်းကောင်း၊ ငွေကျပ်သန်း ၁၀၀၀ ပြည့်မှီ စေရန် ယင်းနှစ် မတ်လ အတွင်းမှာပင် ငွေကျပ် သိန်း ၁၃၀ ကို ထပ်မံ သွင်းခဲ့ပြီး၊ ထပ်မံ၍ ၂၀၁၁ခုနှစ် ၁၀လပိုင်း တွင် ငွေကျပ် ၁၆၃၃သိန်း၊ ငွေကျပ် ၃၀၀၀ သိန်းနှင့် ငွေကျပ် ၂၇၀၀ သိန်း တို့ကို အဆိုပါ လုပ်ငန်းသို့ ပေးသွင်း ခဲ့ပြီး ကျန်ငွေ များ ကို ၂ဝ၁၂ခုနှစ် ဇန်နဝါရီလ အတွင်း လေလံဆွဲ ဝယ်ယူသည့် ငွေအတိုင်း အကြေ ပေးသွင်း ခဲ့ကြောင်း အဆိုပါ ကုမ္ပဏီ ထံမှ သိရသည်။

“ငွေကို အကြေ ပေးသွင်းပြီးလို့ နှစ်ပတ် အတွင်း လွှဲပြောင်း ပေးမယ်လို့ စာထုတ် ပေးခဲ့ပေမယ့် ဒီနေ့ အထိ လက်ဝယ် မရသေး ပါဘူး။ ဒီသွင်းတဲ့ ငွေကို အတိုးနဲ့ တွက်ရင် တစ်လကို ၃၇၅ သိန်းလောက် ဆုံးရှုံး နစ်နာ နေရပါတယ်’’ ဟု လေလံ အောင်ထား သော်လည်း ယနေ့ထိ အဆိုပါ မြေကို လက်ဝယ် မရသေးသည့် ဒေါ်မေအေးမွန် က ဆိုသည်။
၁၉၉၇ ခုနှစ် တည်းက ငါးနှစ် တစ်ကြိမ် သက်တမ်း တိုးခြင်းဖြင့်မွေးမြူရေး နှင့် ရေလုပ်ငန်း ဝန်ကြီးဌာန ထံမှ မြေငှား ရမ်း ထားသောမြန်မာ မက်ခရို အင်ဒက်စရီ ကုမ္ပဏီ လီမိတက် သည် လေလံ
ရောင်းချပြီး နောက်ပိုင်း ၎င်း၏ လုပ်ငန်းကို ၂၀၁၇ ခုနှစ် အထိ အဆိုပါ မြေတွင် လုပ်ငန်း ဆက်လက် လုပ်ကိုင်မည် ဖြစ်ကြောင်း
၂၀၁၁ ခုနှစ် ဧပြီလ တွင် ကြေးမုံ သတင်း စာ တွင် ကြေညာခဲ့သည်။

The Voice Weekly

No comments:

Post a Comment