Wednesday 5 December 2012

ထိုင်းရောက်မြန်မာလုပ်သားများကို ဒီဇင်ဘာ ၃၁ နောက်ဆုံးထား၍ ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးမည်၊ ဇန်န၀ါရီ ၁ ရက်မှစ၍ တစ်ရက်လုပ်ခ ဘတ် ၃၀၀ ရမည်


Photo: ထိုင်းရောက်မြန်မာလုပ်သားများကို ဒီဇင်ဘာ ၃၁ နောက်ဆုံးထား၍ ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးမည်၊ ဇန်န၀ါရီ ၁ ရက်မှစ၍ တစ်ရက်လုပ်ခ ဘတ် ၃၀၀ ရမည်
Wednesday, December 05, 2012

ထိုင်းနိုင်ငံ၌ အထောက်အထား မ လုပ်ရသေးသော မြန်မာလုပ်သား တစ်သန်းနီးပါးသည် ယာယီနိုင်ငံကူးလက်မှတ်နှင့် နိုင်ငံသားသက်
သေခံလက်မှတ်ကို ဒီဇင်ဘာ ၃၁ရက်နောက်ဆုံးထား ပြုလုပ်ရမည်
ဖြစ်ကြောင်းအလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေး ၀န်ကြီး
ဌာနမှ ဒုဝန်ကြီး ဦးမြင့်သိန်းက ပြောသည်။

တရားမ၀င်မြန်မာလုပ်သားများအားယာယီနိုင်ငံကူးလက်မှတ်ထုတ်
ပေးခြင်းနှင့် နိုင်ငံသား သက်သေခံလက်မှတ်ထုတ်ပေးခြင်းကို ၂၀၀၉ မှ ၂၀၁၂ ခုနှစ်အထိ ခွင့်ပြုခဲ့သည်။ ထပ်မံ၍ သက်တမ်းတိုးမြှင့်ပေးရန် ထိုင်းအစိုးရကလောလောဆယ် အစီအစဉ် မရှိသည့်အတွက်ကြောင့်
ဖြစ်သည်။

“အခုသူတို့ ဒီဇင်ဘာ ၁၄ မတိုင်ခင်မှာ သက်တမ်းတိုးတာ နှစ်ကြိမ်
တိုးပေးထားပေမယ့် နောက်ထပ်ဒီဘက်က အထောက်အထားမဲ့နဲ့ ခိုးဝင်နေတဲ့ အလုပ်သမားက များများလာတယ်။ အဲဒီအခါကျတော့ အခုထပ်လုပ်ပေးလည်း နောက်တိုးဦးမှာပဲ” ဟု ဒုဝန်ကြီးဦးမြင့်သိန်းက
ပြောသည်။

ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးသည့်ကာလ သက်တမ်းတိုးမြှင့်ပေးရန်
နှစ်နိုင်ငံအလုပ်သမား ဒုဝန်ကြီးအဖွဲ့တို့သည် ညှိနှိုင်းဆွေးနွေးပွဲများ၌ 
အကြိတ်အနယ်ဆွေးနွေးခဲ့ရာ ဒီဇင်ဘာ ၁၄ မှ ၃၁ ရက်ထိ တိုး၍ခွင့်ပြုပေးခဲ့သည်။ ထို့အပြင် ၂၀၀၉ ခုနှစ်က ယာယီနိုင်ငံ
ကူးလက်မှတ်များ ပြုလုပ်ခဲ့သူများ၏ ပတ်စပို့သက်တမ်း တိုးမြှင့်ပေးရန်နှင့် အထောက်အထားမဲ့ ကလေးများအား အထောက်အထားပြုလုပ်ပေးရန်
နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့် စခန်းငါးခုအနက်နှစ်ခုအား
ရွေးချယ်ခွင့်ပေးထားကြောင်း သတင်းရရှိသည်။

“လာအိုနဲ့ ကမ္ဘောဒီးယားကို ငါတို့လိုပဲ လုပ်နေတာ။ သူတို့က ထိုင်းရဲ့ သဘောအတိုင်းတူတယ်ဆိုတော့ အားကိုးမရှိတော့ဘူး။ ဒါပေမဲ့ ငါတို့လုပ်သားတွေက သူတို့ထက် သန်းဂဏန်းများတယ်။ ဆက်ပြီး ညှိနေအုံးမှာပဲ” ဟု နေပြည်တော်အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ
ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောသည်။

ထို့ပြင် တရားဝင်အထောက်အထားရှိသော မြန်မာလုပ်သားများကို 
၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၁ရက် မှစ၍ ထိုင်းနိုင်ငံသားတို့နှင့် တန်းတူ လစာငွေတစ်ရက်လျှင် ဘတ်သုံးရာထိ တိုးမြှင့်မည်ဟု ဆိုသည်။

“လုပ်ခလစာငွေကိုလည်း လာမည့် ဇန်န၀ါရီ ၁ ရက်မှ စပြီး အတတ်နိုင်ဆုံးတူအောင် လုပ်ပေးမယ်။ တစ်နိုင်ငံလုံးတန်းတူပဲ သူတို့ နိုင်ငံသားနဲ့ နီးစပ်အောင်ထိ လုပ်ပေးမယ်” ဟု ၎င်းကဆိုသည်။

ထိုင်းနိုင်ငံသို့ တရားဝင် အေဂျင်စီဖြင့် သွားမည့် မြန်မာလုပ်သားများအား
လေကြောင်းလိုင်းဖြင့် ပို့ဆောင်ရန်အတွက်လည်း ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း
ဒုဝန်ကြီး ဦးမြင့်သိန်းကပြောသည်။ 

ထိုင်းအစိုးရဘက်မှ မြန်မာလုပ်သားအရေအတွက်အား သောင်းဂဏန်း
သာပြောသောကြောင့် မြန်မာ လုပ်သားအရေအတွက် အတိအကျရရှိရန် ထိုင်းအင်န်ဂျီအို အဖွဲ့များအား စာရင်းကောက်ခိုင်းထားပြီး ကျန်ရှိနေသေး
သည့် လုပ်သား တစ်သန်းနီးပါးအတွက် အထောက်အထားရရှိရန် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်သည်။

7Day News Journal
ဓာတ်ပုံ - AFP ထိုင်းနိုင်ငံ၌ အထောက်အထား မ လုပ်ရသေးသော မြန်မာလုပ်သား တစ်သန်းနီးပါးသည် ယာယီနိုင်ငံကူးလက်မှတ်နှင့် နိုင်ငံသားသက်
သေခံလက်မှတ်ကို ဒီဇင်ဘာ ၃၁ရက်နောက်ဆုံးထား ပြုလုပ်ရမည်
ဖြစ်ကြောင်းအလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေး ၀န်ကြီး
ဌာနမှ ဒုဝန်ကြီး ဦးမြင့်သိန်းက ပြောသည်။ တရားမ၀င်မြန်မာ လုပ်သား များအားယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေးခြင်းနှင့် နိုင်ငံသား သက်သေ ခံလက်မှတ်ထုတ်ပေးခြင်းကို ၂၀၀၉ မှ ၂၀၁၂ ခုနှစ်အထိ ခွင့်ပြုခဲ့သည်။ ထပ်မံ၍ သက်တမ်းတိုးမြှင့်ပေးရန် ထိုင်းအစိုးရကလောလောဆယ် အစီအစဉ် မရှိသည့် အတွက်ကြောင့်ဖြစ်သည်။
“အခုသူတို့ ဒီဇင်ဘာ ၁၄ မတိုင်ခင်မှာ သက်တမ်းတိုးတာ နှစ်ကြိမ် တိုးပေးထားပေမယ့် နောက်ထပ် ဒီဘက်က အထောက်အထားမဲ့နဲ့ ခိုးဝင်နေတဲ့ အလုပ်သမားက များများလာတယ်။ အဲဒီအခါကျတော့ အခုထပ်လုပ်ပေးလည်း နောက်တိုးဦးမှာပဲ” ဟု ဒုဝန်ကြီးဦးမြင့်သိန်းကပြောသည်။

ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးသည့်ကာလ သက်တမ်းတိုးမြှင့်ပေးရန်နှစ်နိုင်ငံ အလုပ်သမား ဒုဝန်ကြီးအဖွဲ့တို့သည် ညှိနှိုင်းဆွေးနွေးပွဲများ၌ အကြိတ်အနယ်ဆွေးနွေးခဲ့ရာ ဒီဇင်ဘာ ၁၄ မှ ၃၁ ရက်ထိ တိုး၍ခွင့်ပြုပေးခဲ့သည်။ ထို့အပြင် ၂၀၀၉ ခုနှစ်က ယာယီနိုင်ငံကူးလက်မှတ်များ ပြုလုပ်ခဲ့သူများ၏ ပတ်စပို့သက်တမ်း တိုးမြှင့်ပေးရန်နှင့် အထောက်အထားမဲ့ ကလေးများအား အထောက် အထားပြု လုပ်ပေးရန်နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့် စခန်းငါးခုအနက်နှစ်ခုအားရွေးချယ်ခွင့်ပေးထားကြောင်း သတင်းရရှိသည်။
“လာအိုနဲ့ ကမ္ဘောဒီးယားကို ငါတို့လိုပဲ လုပ်နေတာ။ သူတို့က ထိုင်းရဲ့ သဘောအတိုင်းတူတယ်ဆိုတော့ အားကိုးမရှိတော့ဘူး။ ဒါပေမဲ့ ငါတို့လုပ်သားတွေက သူတို့ထက် သန်းဂဏန်းများတယ်။ ဆက်ပြီး ညှိနေ အုံးမှာပဲ” ဟု နေပြည်တော်အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောသည်။
ထို့ပြင် တရားဝင်အထောက်အထားရှိသော မြန်မာလုပ်သားများကို ၂၀၁၃ ခုနှစ် ဇန်န ၀ါရီ ၁ရက် မှစ၍ ထိုင်းနိုင်ငံသားတို့နှင့် တန်းတူ လစာငွေတစ်ရက်လျှင် ဘတ်သုံးရာထိ တိုးမြှင့်မည်ဟု ဆိုသည်။

“လုပ်ခလစာငွေကိုလည်း လာမည့် ဇန်န၀ါရီ ၁ ရက်မှ စပြီး အတတ်နိုင်ဆုံးတူအောင် လုပ်ပေးမယ်။ တစ်နိုင်ငံလုံးတန်းတူပဲ သူတို့ နိုင်ငံသားနဲ့ နီးစပ်အောင်ထိ လုပ်ပေးမယ်” ဟု ၎င်းကဆိုသည်။
ထိုင်းနိုင်ငံသို့ တရားဝင် အေဂျင်စီဖြင့် သွားမည့် မြန်မာလုပ်သားများအားလေကြောင်းလိုင်းဖြင့် ပို့ဆောင်ရန်အတွက်လည်း ခွင့်ပြုလိုက်ပြီဖြစ်ကြောင်းဒုဝန်ကြီး ဦးမြင့်သိန်း ကပြောသည်။

ထိုင်းအစိုးရဘက်မှ မြန်မာလုပ်သားအရေအတွက်အား သောင်းဂဏန်းသာပြောသောကြောင့် မြန်မာ လုပ်သားအရေအတွက် အတိအကျရရှိရန် ထိုင်းအင်န်ဂျီအို အဖွဲ့များအား စာရင်းကောက်ခိုင်းထားပြီး ကျန်ရှိနေသေးသည့် လုပ်သား တစ်သန်းနီးပါးအတွက် အထောက်အထားရရှိရန် ဆက်လက်ဆွေးနွေး သွားမည်ဖြစ်သည်။

7Day News Journal


No comments:

Post a Comment