Thursday 20 December 2012

လုပ်ခသက်သာမှုကို စိတ်ဝင်စားသော်လည်း မြေဈေးနှုန်းကြီးမြင့်နေသည့် အတွက် ဂျပန်နှင့် ထိုင်းနိုင်ငံတို့မှ ငါးဖမ်းပိုက် စက်ရုံတည်ဆောက်ရန် အဟန့်အတားဖြစ်နေ

Photo: လုပ်ခသက်သာမှုကို စိတ်ဝင်စားသော်လည်း မြေဈေးနှုန်းကြီးမြင့်နေသည့်
အတွက် ဂျပန်နှင့် ထိုင်းနိုင်ငံတို့မှ ငါးဖမ်းပိုက် စက်ရုံတည်ဆောက်ရန် အဟန့်အတားဖြစ်နေ
Thursday, 20 December 2012

မြန်မာနိုင်ငံ၏ အလုပ်သမား လုပ်ခလစာ သက်သာမှုကို စိတ်ဝင်စားမှု
ရှိသော်လည်း မြေဈေးနှုန်းများ ကြီးမြင့်နေသည့်အတွက် ဂျပန်နှင့် ထိုင်းနိုင်ငံတို့မှ ငါးဖမ်းပိုက်စက်ရုံ တည်ဆောက်ရန် စိတ်ဝင်စားမှုကို အဟန့်အတားများဖြစ်နေသည် ဟု မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ အမှုဆောင် ဒုတိယဥက္ကဌ ဦးဟန်ထွန်းက ပြောပြသည်။

မြန်မာနိုင်ငံ ငါးဖမ်းလုပ်ငန်းဆိုင်ရာ ကဏ္ဍအသီးသီးမှ ပုဂ္ဂိုလ်များနှင့် ဂျပန်နိုင်ငံမှ မစ်စရီကုမ္ပဏီ လီမိတက်နှင့် ထိုင်းနိုင်ငံ Thai Fishing Net ကုမ္ပဏီလီမိတက်တို့မှ တာဝန်ရှိသူများ စုပေါင်းကာ မြန်မာနိုင်ငံ
ငါးလုပ်ငန်းအဖွဲ့ချုပ်တွင် ဒီဇင်ဘာလ ၁၈ရက်နေ့က ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ အမှုဆောင်ဒုတိယဥက္ကဌ ဦးဟန်ထွန်းက 'ထိုင်းနဲ့ဂျပန်မှာရှိတဲ့  အဲဒီကုမ္ပဏီနှစ်ခုက ပူးပေါင်းပြီးတော့ ငါးဖမ်းပိုက်စက်ရုံ တည်ဆောက်ချင်ကြတယ်။လုပ်ခသက်သာတာကို စိတ်ဝင်စားကြတယ်။
ဒီမှာက မြေဈေးနှုန်းကြီးမြင့်နေတဲ့အတွက် သူတို့ ရင်းနှီးမြုပ်နှံဖို့အတွက် အဟန့်အတားသဘောမျိုး ဖြစ်နေတယ်။ ပြီးတော့ မြန်မာနိုင်ငံမှာရှိတဲ့ ငါးဖမ်းပိုက်သုံးစွဲသူတွေရဲ့ စာရင်းတွေ၊ငါးဖမ်းလုပ်ငန်းရဲ့ အခြေအနေ
တွေကို လေ့လာပြီးတော့ အချက်အလက်တွေ လာယူသွားပါတယ်'ဟု
ပြောပြသည်။

လက်ရှိ မြန်မာနိုင်ငံမှ အလုပ်သမားများ၏ လုပ်ခလစာသည် ထိုင်းနိုင်ငံအပါအ၀င် အခြားအိမ်နီးချင်းနိုင်ငံများနှင့် ယှဉ်လျင် နည်းနေကြောင်း သိရှိရသည်။မြန်မာနိုင်ငံတွင်ရှိသော စက်မှုဇုန်မြေဈေးနှုန်းများသည် များစွာကြီးမြင့်နေပြီး ယင်းမြေများကို ပုဂ္ဂလိက ပိုင်ဆိုင်ထားသောကြောင့် မြေဈေးနှုန်းကစားမှုများ
ရှိကာ မြေဈေးကြီးမြင့်မှုများရှိကြောင်း သိရှိရသည်။ ရန်ကုန်မြို့ရှိ စက်မှုဇုန်များ၏ တစ်ဧက အနိမ့်ဆုံးဈေးနှုန်းမှာ ကျပ်သိန်း ၁၀၀၀မှ 
အမြင့်ဆုံး ကျပ်သိန်း ၅၀၀၀ ၀န်းကျင်ရှိကြောင်း သိရှိရသည်။

Eleven Media Groupမြန်မာနိုင်ငံ၏ အလုပ်သမား လုပ်ခလစာ သက်သာမှုကို စိတ်ဝင်စားမှု ရှိသော်လည်း မြေဈေးနှုန်းများ ကြီးမြင့်နေသည့်အတွက် ဂျပန်နှင့် ထိုင်းနိုင်ငံတို့မှ ငါးဖမ်းပိုက်စက်ရုံ တည်ဆောက်ရန် စိတ်ဝင်စားမှုကို အဟန့်အတားများဖြစ်နေသည် ဟု မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ အမှုဆောင် ဒုတိယဥက္ကဌ ဦးဟန်ထွန်းက ပြောပြသည်။

မြန်မာနိုင်ငံ ငါးဖမ်းလုပ်ငန်းဆိုင်ရာ ကဏ္ဍအသီးသီးမှ ပုဂ္ဂိုလ်များနှင့် ဂျပန်နိုင်ငံမှ မစ်စရီကုမ္ပဏီ လီမိတက်နှင့် ထိုင်းနိုင်ငံ Thai Fishing Net ကုမ္ပဏီလီမိတက်တို့မှ တာဝန်ရှိသူများ စုပေါင်းကာ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်တွင် ဒီဇင်ဘာလ ၁၈ ရက်နေ့က ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ အမှုဆောင်ဒုတိယဥက္ကဌ ဦးဟန်ထွန်းက 'ထိုင်းနဲ့ဂျပန်မှာရှိတဲ့ အဲဒီကုမ္ပဏီနှစ်ခုက ပူးပေါင်းပြီးတော့ ငါးဖမ်းပိုက်စက်ရုံ တည်ဆောက်ချင်ကြတယ်။လုပ်ခသက်သာတာကို စိတ်ဝင်စားကြတယ်။
ဒီမှာက မြေဈေးနှုန်းကြီးမြင့်နေတဲ့အတွက် သူတို့ ရင်းနှီးမြုပ်နှံဖို့အတွက် အဟန့်အတား သဘော မျိုး ဖြစ်နေ တယ်။ ပြီးတော့ မြန်မာနိုင်ငံမှာရှိတဲ့ ငါးဖမ်းပိုက်သုံးစွဲသူတွေရဲ့ စာရင်းတွေ၊ငါးဖမ်းလုပ်ငန်းရဲ့ အခြေအနေ
တွေကို လေ့လာပြီးတော့ အချက်အလက်တွေ လာယူသွားပါတယ်'ဟုပြောပြသည်။
လက်ရှိ မြန်မာနိုင်ငံမှ အလုပ်သမားများ၏ လုပ်ခလစာသည် ထိုင်းနိုင်ငံအပါအ၀င် အခြားအိမ်နီးချင်းနိုင်ငံ များနှင့် ယှဉ်လျင် နည်းနေကြောင်း သိရှိရသည်။မြန်မာနိုင်ငံတွင်ရှိသော စက်မှုဇုန်မြေဈေးနှုန်းများသည် များစွာကြီးမြင့်နေပြီး ယင်းမြေများကို ပုဂ္ဂလိက ပိုင်ဆိုင်ထားသောကြောင့် မြေဈေးနှုန်းကစားမှုများ
ရှိကာ မြေဈေး ကြီးမြင့်မှုများရှိကြောင်း သိရှိရသည်။ ရန်ကုန်မြို့ရှိ စက်မှုဇုန်များ၏ တစ်ဧက အနိမ့်ဆုံးဈေးနှုန်းမှာ ကျပ်သိန်း ၁၀၀၀မှ အမြင့်ဆုံး ကျပ်သိန်း ၅၀၀၀ ၀န်းကျင်ရှိကြောင်း သိရှိရသည်။

Eleven Media Group

No comments:

Post a Comment