Friday 21 December 2012

နေပြည်တော်ကားပြပွဲ


ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း နေပြည်တော်မှာ ကျင်းပခဲ့တဲ့ မော်တော်ယာဉ်ပြပွဲတခုမှာ အိမ်သုံးကား၊ လုပ်ငန်းခွင် သုံးကား၊ ဆိုင်ကယ်တို့ကို ခင်းကျင်းပြသခဲ့ပါတယ်။ကားအများစုမှာတော့ ဈေးနှုန်းတွေ ကပ်ထား ပါတယ်။
 
ဖော်ပြထားတဲ့ ဈေးနှုန်းတွေက ကားတန်ဘိုးသက်သက် ဖြစ်ပါတယ်၊ အခွန်အရပ်ရပ် ဆောင်ဖို့ လိုပါသေးတယ်၊ သိန်းသုံးရာလို့ ရေးထားတဲ့ကား ၀ယ်မယ်ဆိုရင် အခွန်အရပ်ရပ်က သိန်းငါးဆယ် ၀န်းကျင် ဆောင် ရမယ်လို့ သိရပါတယ်။
ပြပွဲနာမည်က Naypyitaw Expo' & Car Show 2012 ဖြစ်ပါတယ်။ ဒီလ ၁၂ ကနေ ၁၆ အထိ ပြသခဲ့တာပါ။

Toyota Ipsum ၂ဝဝ၁ မိုဒယ်၊ အင်ဂျင်ပါဝါ ၂၄ဝဝ စီစီ
၂၁၅ သိန်း
Toyota Hilux, Double Cab, ၂ဝဝ၁ မော်ဒယ်
သိန်း ၃၆ဝ


Suzuki Escuedo,
၁၉၉၈ မော်ဒယ်၊ အင်ဂျင်ပါဝါ ၂ဝဝဝ စီစီ
၁၉၅ သိန်း
Toyota Crown, premium, ၂ဝဝ၂ မော်ဒယ်၊ အင်ဂျင်ပါဝါ ၂၅ဝဝ စီစ
သိန်း ၂၄၀


Toyota Sprinter, Van
၂ဝဝဝ မော်ဒယ်၊ အင်ဂျင်ပါဝါ ၁၃ဝဝ စီစီ
သိန်း ၁၅ဝ
အမျိုးအစား - DY 110-6
အမြင့်ဆုံးအမြန်နှုန်း - တနာရီ ကီလိုမီတာ ၈၀
အင်ဂျင်စွမ်းအား - တမိနစ် အပတ်ရေ ၇,၅ဝဝ၊ စွမ်းအင် ၅.၅ ကီလိုဝပ်
အမျိုးအစား - DY Wave I 125
အမြင့်ဆုံးအမြန်နှုန်း - တနာရီ ကီလိုမီတာ ၁ဝဝ
အင်ဂျင်စွမ်းအား - တမိနစ် အပတ်ရေ ၈,ဝဝဝ၊ စွမ်းအင် ၈.၈ ကီလိုဝပ်
ဆိုင်ကယ် နှစ်မျိုးစလုံးရဲ့ အင်ဂျင်က ဆလင်ဒါ တလုံးထိုး၊ လေအေးစနစ် 4 စတုတ်ဖြစ်ပြီး အင်ဂျင်အာမခံ ၁ နှစ် ဖြစ်ပါတယ်။

ပြပွဲမှာ အရောင်းအ၀ယ် ဘယ်လောက်ဖြစ်ခဲ့ကြသလဲ မသိရသေးပါ။
ကျယ်ပြောလှတဲ့နေပြည်တော်မှာ လုပ်ခဲ့တဲ့ ဒီပြပွဲက လူဝင်လူထွက် အသင့်အတင့်ရှိတာ တွေ့ခဲ့ရပါတယ်။



No comments:

Post a Comment