Thursday 20 December 2012

ဂျွန်ကယ်ရီအား နိုင်ငံခြားရေး ဝန်ကြီး အဖြစ် ခန့်အပ်ရေး အဆိုပြုရန် အိုဘားမား ဆုံးဖြတ်

သမ္မတ ဘားရတ်အိုဘားမားသည် ဆီးနိတ် လွှတ်တော်၏ ပြည်ပရေးရာ ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌနှင့် ၂ဝဝ၄ ခုနှစ် ဒီမိုကရက်သမ္မတလောင်း ဖြစ်သည့် ဂျွန်ကယ်ရီအား နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန် ၏ နေရာတွင် အစား ထိုးခန့်အပ်ရန် အဆိုပြု သွားမည်ဟု ဆုံးဖြတ်ခဲ့ကြောင်း CNN သတင်း ဌာနနှင့် ABC သတင်းဌာန တို့က ထုတ်ပြန် ကြေညာ ခဲ့သည်။

သို့ရာတွင် မကြာမီက ဖြစ်ပွားခဲ့သည့် နယူတန်မြို့ရှိ ကျောင်းသားများ သတ်ဖြတ်ခံရမှုနှင့် ပတ်သက် ၍ ပြည်သူများ ဝမ်းနည်းပူဆွေး နေမှုအပါအဝင် အမျိုးမျိုးသောကိစ္စရပ်များကြောင့် ၎င်း၏အဆိုပြု ချက်အား ထုတ်ပြန် ကြေညာခြင်းမရှိသေးဘဲလာမည့် သီတင်းပတ်အစောပိုင်း၌ထုတ်ပြန် နိုင်ဖွယ်ရှိဟု ပြောကြား ခဲ့သည်။

လက်ရှိ နိုင်ငံခြားရေး ဝန်ကြီးဟီလာရီကလင်တန်သည် ရာထူးမှ နုတ်ထွက်ရန် ဆုံးဖြတ်ခဲ့သည်ဟု သတင်း ရရှိ သည်။

No comments:

Post a Comment