Thursday 20 December 2012

ပြည်သူလူထုသို့ အသိပေးကြေညာချက်

Photo: ပြည်သူလူထုသို့ အသိပေးကြေညာချက်
Thursday, 20 December 2012

(၁၇-၁၂-၂ဝ၁၂) ရက်နေ့ နံနက် ၅ နာရီတွင် ရတနာတွင်း တူးစင်ရှိ ဓာတ်ငွေ့ ပို့လွှတ်မှုဆိုင်ရာ လျှပ်စစ် ထိန်းချုပ်စနစ် ချွတ်ယွင်းသည့်
အတွက် ပြည်တွင်းသို့ ကမ်းလွန်သဘာဝ ဓာတ်ငွေ့ ပို့လွှတ်မှု ခေတ္တရပ်ဆိုင်း ခဲ့ရသည်။

ယင်းသို့ ရပ်ဆိုင်းခဲ့ရသည့် အတွက် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ် ငန်းမှ ချွတ်ယွင်းမှုများအား အမြန်ပြုပြင် ဆောင်ရွက်လျက်ရှိပြီး ပြုပြင်
ဆောင်ရွက်မှုများ မပြီးစီးမီ ကာလအတွင်း ရန်ကုန်တိုင်း ဒေသကြီးရှိ ဓာတ်အားပေး စက်ရုံများနှင့် ရွှေတောင်၊ မြန်အောင်ရှိ ဓာတ်အားပေး စက်ရုံများ ရပ်တန့်ရသည့် အတွက် ဓာတ်အား ထုတ်လုပ်မှု (၃၁ဝ) မဂ္ဂါဝပ်ခန့် လျော့နည်း သွားခဲ့သည်။

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းမှ ကြိုးပမ်းဆောင်ရွက်မှု များကြောင့် (၁၇-၁၂-၂ဝ၁၂) ရက်နေ့ နံနက် ၁ဝ နာရီတွင် ကမ်းလွန် သဘာဝဓာတ်ငွေ့ ကုဗပေ သန်း ၆ဝ ကို လည်းကောင်း၊ နံနက် ၁၁ နာရီတွင် ကုဗပေ သန်း ၉ဝ ထိလည်း ကောင်း၊ မွန်းလွဲ ၁ နာရီတွင် ကုဗပေသန်း ၁၁ဝ ထိ လည်းကောင်း၊ (၁၈-၁၂-၂ဝ၁၂) ရက်နေ့ နံနက် ၄ နာရီတွင် ကုဗပေ သန်း ၁၂၄ ထိလည်းကောင်း၊ (၁၉-၁၂-၂ဝ၁၂) ရက်နေ့ နံနက် ၅ နာရီတွင် ကုဗပေ သန်း ၁၄၈ ထိလည်း ကောင်း အဆင့်ဆင့် ပြန်လည် တိုးမြှင့်ပို့လွှတ် နိုင်ခဲ့သည်။

သို့ရာတွင် ကမ်းလွန် သဘာဝဓာတ်ငွေ့ အပြည့်အဝ ပို့လွှတ်နိုင်ခြင်း မရှိသေးသည့်အတွက် ရွှေတောင်နှင့် မြန်အောင် ဓာတ်ငွေ့စက်ရုံများမှ ဓာတ်အားထုတ် လုပ်မှု ၂၈ မဂ္ဂါဝပ်ခန့် လျော့နည်းခဲ့ပြီး ရန်ကုန်ရှိ သဘာဝ ဓာတ်ငွေ့သုံးစက်များ ဓာတ်အား ထုတ်လုပ်မှု ၃ဝ မဂ္ဂါဝပ်ခန့် ကျဆင်းခြင်း တို့ကြောင့် ဓာတ်အားစနစ် အတွင်း ဓာတ်အား ထုတ်လုပ်မှု စုစုပေါင်း ၅၈ မဂ္ဂါဝပ်ခန့် လျော့နည်း ခဲ့ရသည်။

ယင်းသို့ ဓာတ်အားထုတ်လုပ်မှု ကျဆင်းချိန်တွင် ဓာတ်အား စနစ်အတွင်းရှိ တိုင်းနှင့် ပြည်နယ် ဒေသကြီးအချို့၌ အချိန်ပိုင်းအလိုက် ဝန်အားလျှော့ချ၍ ဓာတ်အား ဖြန့်ဖြူးခြင်းများ ဆောင်ရွက်ခဲ့ ရသည်။

လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနအနေဖြင့် ဓာတ်အား ထုတ်လုပ်မှု လျော့နည်း စဉ်ကာလအတွင်း ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံများမှ လျှပ်စစ်ဓာတ်အား တိုးမြှင့် ထုတ်လုပ် ဖြည့်တင်း ပေးလျက်ရှိပြီး ဓာတ်အားစနစ် တည်ငြိမ်မှု လျော့ကျခြင်းကို ထိန်းချုပ်နိုင်ရန်နှင့် အများပြည်သူ သုံးစွဲမည့် ဗို့အားကျဆင်း ခြင်းတို့ကို ထိန်း သိမ်းနိုင်ရန် ကြိုးပမ်း စီမံဆောင်ရွက်လျက် ရှိပါကြောင်းနှင့် ယနေ့ (၁၉-၁၂- ၂ဝ၁၂) ရက်နေ့ ညပိုင်းတွင် ပြန်လည် ပြုပြင်ပြီးစီးမည် ဖြစ်ပါသည်။

လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန
မြ၀တီ (၁၇-၁၂-၂ဝ၁၂) ရက်နေ့ နံနက် ၅ နာရီတွင် ရတနာတွင်း တူးစင်ရှိ ဓာတ်ငွေ့ ပို့လွှတ်မှုဆိုင်ရာ လျှပ်စစ်ထိန်းချုပ်စနစ် ချွတ်ယွင်းသည့် အတွက် ပြည်တွင်းသို့ ကမ်းလွန် သဘာဝ ဓာတ်ငွေ့ ပို့လွှတ်မှု ခေတ္တ ရပ်ဆိုင်း ခဲ့ရသည်။
ယင်းသို့ ရပ်ဆိုင်းခဲ့ရသည့်အတွက် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းမှ ချွတ်ယွင်းမှုများအား အမြန်ပြုပြင် ဆောင်ရွက်လျက် ရှိပြီး ပြုပြင်ဆောင်ရွက်မှုများ မပြီးစီးမီ ကာလအတွင်း ရန်ကုန် တိုင်း ဒေသကြီးရှိ ဓာတ်အားပေးစက် ရုံများနှင့် ရွှေတောင်၊ မြန်အောင်ရှိ ဓာတ်အားပေးစက်ရုံများ ရပ်တန့်ရသည့်အတွက် ဓာတ်အား ထုတ်လုပ်မှု (၃၁ဝ) မဂ္ဂါဝပ်ခန့် လျော့နည်း သွား ခဲ့သည်။

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ကြိုးပမ်းဆောင်ရွက်မှု များကြောင့် (၁၇-၁၂-၂ဝ၁၂) ရက်နေ့ နံနက် ၁ဝ နာရီတွင် ကမ်းလွန်သဘာဝဓာတ်ငွေ့ ကုဗပေ သန်း ၆ဝ ကို လည်းကောင်း၊ နံနက် ၁၁ နာရီတွင် ကုဗပေသန်း ၉ဝ ထိလည်း ကောင်း၊ မွန်းလွဲ ၁ နာရီတွင် ကုဗပေသန်း ၁၁ဝ ထိလည်းကောင်း၊ (၁၈-၁၂-၂ဝ၁၂) ရက်နေ့ နံနက် ၄ နာရီတွင် ကုဗပေ သန်း ၁၂၄ ထိလည်းကောင်း၊ (၁၉-၁၂-၂ဝ၁၂) ရက်နေ့ နံနက် ၅ နာရီတွင် ကုဗပေ သန်း ၁၄၈ ထိလည်း ကောင်း အဆင့်ဆင့် ပြန်လည် တိုးမြှင့် ပို့လွှတ် နိုင်ခဲ့သည်။

သို့ရာတွင် ကမ်းလွန်သဘာဝဓာတ်ငွေ့ အပြည့်အဝပို့လွှတ်နိုင်ခြင်း မရှိသေးသည့် အတွက် ရွှေတောင်နှင့် မြန်အောင် ဓာတ်ငွေ့စက်ရုံများမှ ဓာတ်အားထုတ်လုပ်မှု ၂၈ မဂ္ဂါဝပ် ခန့် လျော့ နည်းခဲ့ပြီး ရန်ကုန်ရှိ သဘာဝဓာတ်ငွေ့သုံးစက်များ ဓာတ်အားထုတ်လုပ်မှု ၃ဝ မဂ္ဂါဝပ်ခန့် ကျဆင်းခြင်း တို့ကြောင့် ဓာတ်အားစနစ်အတွင်း ဓာတ်အားထုတ်လုပ်မှု စုစုပေါင်း ၅၈ မဂ္ဂါဝပ်ခန့် လျော့ နည်း ခဲ့ ရသည်။

ယင်းသို့ ဓာတ်အားထုတ်လုပ်မှု ကျဆင်းချိန်တွင် ဓာတ်အား စနစ်အတွင်းရှိ တိုင်းနှင့် ပြည်နယ် ဒေသ ကြီး အချို့၌ အချိန်ပိုင်းအလိုက် ဝန်အားလျှော့ချ၍ ဓာတ်အား ဖြန့် ဖြူးခြင်း များ ဆောင်ရွက်ခဲ့ ရသည်။

လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနအနေဖြင့် ဓာတ်အား ထုတ်လုပ်မှု လျော့နည်း စဉ်ကာလ အတွင်း ရေအား လျှပ်စစ် ဓာတ်အားပေး စက်ရုံများမှလျှပ်စစ်ဓာတ်အား တိုးမြှင့်ထုတ်လုပ် ဖြည့်တင်း ပေးလျက်ရှိပြီး ဓာတ်အားစနစ်တည်ငြိမ်မှု လျော့ကျခြင်းကို ထိန်းချုပ်နိုင်ရန်နှင့် အများပြည်သူသုံးစွဲမည့် ဗို့အား ကျဆင်း ခြင်းတို့ကို ထိန်းသိမ်းနိုင်ရန် ကြိုးပမ်းစီမံဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ယနေ့ (၁၉-၁၂- ၂ဝ၁၂) ရက်နေ့ ညပိုင်းတွင် ပြန်လည် ပြုပြင်ပြီးစီးမည် ဖြစ်ပါသည်။

လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန
မြ၀တီ

No comments:

Post a Comment