Thursday 20 December 2012

အင်တာနက်အသုံးပြုရန်မလိုဘဲ Y-talk စနစ်ဖြင့်နိုင်ငံခြားသို့ဖုန်းခေါ်ဆိုနိုင်ပြီ

Photo: အင်တာနက်အသုံးပြုရန်မလိုဘဲ Y-talk စနစ်ဖြင့်နိုင်ငံခြားသို့ဖုန်းခေါ်ဆိုနိုင်ပြီ
Thursday, 20 December 2012

နိုင်ငံခြားသို့ဖုန်းခေါ်ဆိုရာတွင်ယခင်ကအင်တာနက်အသုံးပြု၍ခေါ်ဆို
ရသော်လည်း ယနေ့မှစကာ Y-talk စနစ်ကိုအင်တာနက်မလိုပဲ
အခြားနိုင်ငံများသို့ ဖုန်းခေါ်ဆိုနိုင်ပြီဖြစ်ကြောင်းသိရသည်။

အင်တာနက်မလိုပဲ ပြည်ပသို့ဖုန်းခေါ်ဆိုရာတွင် အစပထမ၌ ဖုန်းနံပါတ် ၀၁-၄၄၅၅၅၅၅ ကိုခေါ်ဆိုရမည်ဖြစ်ကြောင်း၊ ပြီးနောက်မိမိ၏ Topup(FEC) ငွေဖြည့်ကဒ် အကောင့်နံပါတ်ကိုရိုက်ထည့်
လိုက်ပါက မိမိအကောင့်အတွင်းသို့ငွေဝင်သွားဖြစ်ကြောင်း Y-talk ကတ်အရောင်းဆိုင်မှကျွမ်းကျင်သူကိုနေမျိုးကရှင်းပြသည်။

“ အခုအင်တာနက်မလိုပဲကတ်အသုံးပြုပြီးနိုင်ငံခြားကိုဖုန်းခေါ်လို့ရပါပြီ။ အဲဒီလိုခေါ်လို့ရနိုင်တဲ့ Y-talk ကတ်တွေကို FEC 20,30အမျိုးအစား
နှစ်မျိုးသတ်မှတ်ပြီးတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ရောင်းချပေးသွားမှာပါ” ဟု VMG Telecomsကုမ္ပဏီမှဒါရိုက်တာဦးအောင်ထွန်းကပြောကြားသည်။

အဆိုပါကတ်များကို လူအများအသုံးပြုနိုင်သော ဈေးနှုန်းများ သတ်မှတ်ပြီး
ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ယင်းကတ်များဖြင့် ငွေဖြည့်သွင်းရာမှာလည်း အင်တာနက်မလိုပဲ ငွေဖြည့်သွင်းနိုင်ပြီး ကုတ်နံပါတ်များကိုလည်းမိမိ၏ ဖုန်းနံပါတ်ထဲသို့တိုက်ရိုက်ထည့်သွင်း အသုံးပြုနိုင်မည်ဖြစ်ကြောင်း ဦးအောင်ထွန်းကရှင်းပြသည်။

ယခင်ကအင်တာနက်ဝက်ဆိုက်များမှတဆင့်ငွေဖြည့်အသုံးပြုကာနိုင်ငံခြား
သို့ဖုန်းခေါ်ဆိုရသော်လည်း ယခုအခါ Y-talk စနစ်အသုံးပြု၍ ဖုန်းခေါ်ဆိုနိုင်ပြီ ဖြစ်သောကြောင့် လူအများစုအသုံးပြုနိုင်စေရန်ပိုမို
လုပ်ဆောင်ပေးစေလိုကြောင်း မိုဘိုင်းservice တစ်ခုမှကျွမ်းကျင်သူ
တစ်ဦးကဆိုသည်။

ယင်းကတ်များကို အသုံးပြုသူများလွယ်ကူစေရန်အတွက်service
ကောင်တာများထားရှိပေးမည်ဖြစ်ကြောင်း၊ ၄င်းအပြင် စိန်ဂေဟာ၊
0range နှင့် Call Shop အရောင်းဆိုင်များတွင်လည်း အရောင်းစင်တာများ
ထားရှိကာဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း၊ Y-talk ကတ်တွင်
မိမိ၏ငွေလက်ကျန်ကိုစစ်ဆေးလိုပါက ၅၅၅၅၅ လုံးကိုနှိပ်၍
ကြည့်ရှုနိုင်ကြောင်းသိရသည်။

အောင်ကိုကို
ဓာတ်ပုံ- ဆုဝေ
The Myanma Ageနိုင်ငံခြားသို့ဖုန်းခေါ်ဆိုရာတွင်ယခင်ကအင်တာနက်အသုံးပြု၍ခေါ်ဆို
ရသော်လည်း ယနေ့မှစကာ Y-talk စနစ်ကိုအင်တာနက်မလိုပဲ အခြားနိုင်ငံများသို့ ဖုန်းခေါ်ဆိုနိုင်ပြီဖြစ်ကြောင်း သိရသည်။ အင်တာနက် မလိုပဲ ပြည်ပသို့ဖုန်းခေါ်ဆိုရာတွင် အစပထမ၌ ဖုန်းနံပါတ် ၀၁-၄၄၅၅၅၅၅ ကိုခေါ်ဆိုရမည်ဖြစ်ကြောင်း၊ ပြီးနောက်မိမိ၏ Topup(FEC) ငွေဖြည့်ကဒ် အကောင့်နံပါတ်ကိုရိုက်ထည့်လိုက်ပါက မိမိအကောင့်အတွင်းသို့ငွေဝင်သွားဖြစ်ကြောင်း Y-talk ကတ်အရောင်း ဆိုင်မှ ကျွမ်းကျင်သူကိုနေမျိုးကရှင်းပြသည်။

“ အခုအင်တာနက်မလိုပဲကတ်အသုံးပြုပြီးနိုင်ငံခြားကိုဖုန်းခေါ်လို့ရပါပြီ။ အဲဒီလိုခေါ်လို့ရနိုင်တဲ့ Y-talk ကတ်တွေကို FEC 20,30 အမျိုးအစား နှစ်မျိုးသတ်မှတ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ရောင်းချပေး သွားမှာပါ” ဟု VMG Telecomsကုမ္ပဏီမှဒါရိုက်တာဦးအောင်ထွန်းကပြောကြားသည်။

အဆိုပါကတ်များကို လူအများအသုံးပြုနိုင်သော ဈေးနှုန်းများ သတ်မှတ်ပြီးရောင်းချပေး သွားမည်ဖြစ်ကြောင်း ယင်းကတ်များဖြင့် ငွေဖြည့်သွင်းရာမှာလည်း အင်တာနက်မလိုပဲ ငွေဖြည့်သွင်းနိုင်ပြီး ကုတ်နံပါတ်များကိုလည်းမိမိ၏ ဖုန်းနံပါတ်ထဲသို့တိုက်ရိုက်ထည့်သွင်း အသုံးပြုနိုင်မည်ဖြစ်ကြောင်း ဦးအောင်ထွန်း က ရှင်းပြသည်။

ယခင်ကအင်တာနက်ဝက်ဆိုက်များမှတဆင့်ငွေဖြည့်အသုံးပြုကာနိုင်ငံခြားသို့ဖုန်းခေါ်ဆိုရသော်လည်းယခုအခါ Y-talk စနစ်အသုံးပြု၍ ဖုန်းခေါ်ဆိုနိုင်ပြီ ဖြစ်သောကြောင့် လူအများ စု အသုံးပြုနိုင်စေရန် ပိုမို လုပ်ဆောင်ပေးစေ လိုကြောင်း မိုဘိုင်းservice တစ်ခုမှကျွမ်းကျင်သူတစ်ဦးကဆိုသည်။

ယင်းကတ်များကိုအသုံးပြုသူများလွယ်ကူစေရန်အတွက်serviceကောင်တာများထားရှိပေးမည်ဖြစ်ကြောင်း၊ ၄င်းအပြင် စိန်ဂေဟာ၊0range နှင့် Call Shop အရောင်းဆိုင်များတွင်လည်း အရောင်းစင်တာများထား ရှိ ကာဝန်ဆောင်မှုပေးသွား မည်ဖြစ်ကြောင်း၊ Y-talk ကတ်တွင်မိမိ၏ငွေလက်ကျန်ကိုစစ်ဆေးလိုပါက ၅၅၅၅၅ လုံးကိုနှိပ်၍ကြည့်ရှုနိုင်ကြောင်းသိရသည်။

No comments:

Post a Comment