Thursday 20 December 2012

ဆီးရီးယား ပဋိပက္ခတွင် နေတိုး တပ်ဖွဲ့ကြားဝင်မည် မဟုတ်ဟု အာရပ် အဖွဲ့ချုပ် ပြောကြား


ဆီးရီးယား ပဋိပက္ခတွင် နေတိုး တပ်ဖွဲ့ကြားဝင်မည် မဟုတ်ဟု အာရပ် အဖွဲ့ချုပ် ပြောကြား

ဆီးရီးယား နိုင်ငံအတွင်း ဖြစ်ပွားလျက် ရှိသည့်   ပဋိပက္ခများ အကြား နေတိုး တပ်ဖွဲ့က ဝင်ရောက် စွက်ဖက် နိုင်ဖွယ် ရှိသည်ဟူသော သတင်းများကို အာရပ် အဖွဲ့ချုပ်မှ လက်ထောက် အတွင်းရေးမှူးချုပ် အာမက်ဘန် ဟယ်လ်လီက ငြင်းဆိုခဲ့ကြောင်း MENA သတင်း ဌာနက ထုတ်ဖော် ပြောကြား ခဲ့သည်။

နေတိုး တပ်ဖွဲ့၏ နိုင်ငံတကာ ရေးရာနှင့် လုံခြုံရေး ဆိုင်ရာ မူဝါဒ ချမှတ်ရေး ဌာနမှ လက်ထောက် အတွင်းရေးမှူးချုပ် ဒါ့ခ်ဘရင်း ဂယ်မန်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့် အာရပ် အဖွဲ့ချုပ်မှ ကိုယ်စားလှယ်များ အကြား ပြုလုပ်သော အစည်းအဝေးတွင် ဘန်ဟယ်လ်လီက အထက်ပါ အတိုင်း ပြောကြား ခဲ့ခြင်းဖြစ်ပြီး ဆီးရီးယားတွင် ဖြစ်ပွားနေသော ပဋိပက္ခ များကို စစ်ရေးအရ ဖြေရှင်းခြင်းထက် နိုင်ငံရေး အရသာ ဖြေရှင်း သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ဆီးရီးယားတွင် ဖြစ်ပွားနေသော အကြမ်းဖက် တိုက်ခိုက်မှုများကို အဆုံးသတ် စေရန် အာရပ် အဖွဲ့ချုပ်က ကြိုးပမ်း လုပ်ဆောင် လျက်ရှိပြီး ဆီးရီးယား ဒုက္ခသည် များကို လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီများ ပေး၍ ကြိုးပမ်းလျက် ရှိကြောင်း ဘန်ဟယ်လ်လီက ပြောကြားခဲ့သည်။ 

ထို့အပြင် အတိုက်အခံ အဖွဲ့များ၏ အခြေချ စခန်းများသို့ သွားရောက်၍ ၎င်းတို့နှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်လျက် ရှိကြောင်း ၎င်းက ပြောကြား ခဲ့သည်။

ဆီးရီးယား ပဋိပက္ခများကို ဖြေရှင်းရန် အတွက် " Geneva 2" ဟု အမည် ပေးထားသော စီမံကိန်း တစ်ခုကို ရေးဆွဲ၍ အကောင်အထည်ဖော်ရန် စီစဉ်လျက်ရှိကြောင်း၊ ယင်းစီမံကိန်းသည် ဇွန် ၃ဝ ရက်က ဂျီနီဗာမြို့တွင် ပြုလုပ်သော အစည်းအဝေး၌ အင်အားကြီး နိုင်ငံများက သဘောတူ ချမှတ်ခဲ့သော သဘော တူညီချက်များ အပေါ် အခြေခံ၍ ရေးဆွဲထားခြင်း ဖြစ်ကြောင်း ဘန်ဟယ်လ်လီက ပြောကြားခဲ့သည်ဟု သိရသည်။

http://www.myawady.com.mm/allnews/global/item/2324-2012-12-20-09-12-33ဆီးရီးယား နိုင်ငံအတွင်း ဖြစ်ပွားလျက် ရှိသည့် ပဋိပက္ခများ အကြား နေတိုးတပ်ဖွဲ့က ဝင်ရောက်စွက်ဖက် နိုင်ဖွယ်ရှိသည် ဟူသော သတင်းများကို အာရပ်အဖွဲ့ချုပ်မှ လက်ထောက်အတွင်းရေးမှူးချုပ် အာမက်ဘန် ဟယ်လ်လီက ငြင်းဆိုခဲ့ကြောင်း MENA သတင်း ဌာနက ထုတ်ဖော် ပြောကြား ခဲ့သည်။

နေတိုးတပ်ဖွဲ့၏ နိုင်ငံတကာ ရေးရာနှင့်လုံခြုံရေး ဆိုင်ရာမူဝါဒချမှတ်ရေးဌာနမှ လက်ထောက် အတွင်းရေး မှူးချုပ် ဒါ့ခ်ဘရင်း ဂယ်မန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် အာရပ်အဖွဲ့ချုပ်မှ ကိုယ်စားလှယ်များ အကြား ပြုလုပ်သောအစည်းအဝေးတွင် ဘန်ဟယ်လ်လီက အထက်ပါအတိုင်း ပြောကြား ခဲ့ခြင်းဖြစ်ပြီး ဆီးရီးယားတွင် ဖြစ်ပွားနေသော ပဋိပက္ခများကို စစ်ရေးအရဖြေရှင်းခြင်းထက် နိုင်ငံရေး အရသာ ဖြေရှင်း သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ဆီးရီးယားတွင် ဖြစ်ပွားနေသော အကြမ်းဖက် တိုက်ခိုက်မှုများကို အဆုံးသတ် စေရန် အာရပ် အဖွဲ့ချုပ်က ကြိုးပမ်း လုပ်ဆောင် လျက်ရှိပြီး ဆီးရီးယား ဒုက္ခသည် များကို လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီများ ပေး၍ ကြိုးပမ်းလျက် ရှိကြောင်း ဘန်ဟယ်လ်လီက ပြောကြားခဲ့သည်။

ထို့အပြင် အတိုက်အခံ အဖွဲ့များ၏ အခြေချ စခန်းများသို့ သွားရောက်၍ ၎င်းတို့ နှင့် တွေ့  ဆုံ ဆွေးနွေး မှုများ ပြုလုပ်လျက် ရှိကြောင်း ၎င်းက ပြောကြား ခဲ့သည်။

ဆီးရီးယား ပဋိပက္ခများကို ဖြေရှင်းရန် အတွက် " Geneva 2" ဟု အမည် ပေးထားသော စီမံကိန်း တစ်ခုကို ရေးဆွဲ၍ အကောင်အထည်ဖော်ရန် စီစဉ်လျက်ရှိကြောင်း၊ ယင်းစီမံကိန်းသည် ဇွန် ၃ဝ ရက်က ဂျီနီဗာမြို့တွင် ပြုလုပ်သော အစည်းအဝေး၌ အင်အားကြီး နိုင်ငံများက သဘောတူ ချမှတ်ခဲ့သော သဘော တူညီချက်များ အပေါ် အခြေခံ၍ ရေးဆွဲထားခြင်း ဖြစ်ကြောင်း ဘန်ဟယ်လ်လီက ပြောကြားခဲ့သည်ဟု သိရသည်။

No comments:

Post a Comment