Thursday 20 December 2012

စီးပွားရေးမြို့တော် ရန်ကုန်တွင် ယာဉ်လိုင်းသစ် (၁ဝ)လိုင်း တိုးချဲ့ပြေးဆွဲ

Photo: စီးပွားရေးမြို့တော် ရန်ကုန်တွင် ယာဉ်လိုင်းသစ် (၁ဝ)လိုင်း တိုးချဲ့ပြေးဆွဲ
Thursday, 20 December 2012

မြန်မာ နိုင်ငံ၏ စီးပွားရေး မြို့တော် ရန်ကုန်တွင် ၂ဝ၁၂ ခုနှစ်အတွင်း ယာဉ်လိုင်းသစ် (၁ဝ)လိုင်း တိုးချဲ့ ပြေးဆွဲခဲ့ကြောင်း မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီ (ဗဟို)၏ စာရင်း များအရ သိရသည်။

တိုးချဲ့ခဲ့သော ယာဉ်လိုင်းများမှာ မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီ (မြို့တွင်း)၌ ၅၇၊ ၃၁၊ ၃၆၊ ၄ဝ၊ ၄၃ နှင့် ၃၈ ယာဉ်လိုင်း ခြောက်လိုင်း၊ သန်မြန်သူ ယာဉ်လိုင်းမှ ၈၆ ယာဉ်လိုင်း၊
မြောက်ပိုင်း ခရိုင်မှ ၁၂၄ ယာဉ်လိုင်း၊ တောင်ပိုင်း ခရိုင်မှ ၂၅၈ ယာဉ်လိုင်း၊ အရှေ့ပိုင်း ခရိုင်မှ မေတ္တာလှိုင်း (၁)ယာဉ်လိုင်းတို့ ဖြစ်ကြသည်။

အဆိုပါ ယာဉ်လိုင်း (၁ဝ)လိုင်းမှ မော်တော်ယာဉ် (၃၆)စီးမှာ CNG သုံးစွဲခွင့် မရသေး၍ ပြေးဆွဲနိုင်ရန် စောင့်ဆိုင်းလျက် ရှိသည်။ ယခုအခါ ရန်ကုန်မြို့တွင် တိုးတက် များပြားလာသော လူဦးရေနှင့် ခရီးသွား
ပြည်သူများ အတွက် အဆင့်မြင့် ယာဉ်လိုင်းများ တိုးချဲ့ ပြေးဆွဲ လျက်ရှိပြီး လမ်းပြုပြင်ခြင်း လုပ်ငန်းများလည်း ဆောင်ရွက်လျက် ရှိကြောင်း ရန်ကုန် မြို့တော်စည်ပင် (လမ်းနှင့် တံတား) ဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

မြ၀တီမြန်မာ နိုင်ငံ၏ စီးပွားရေး မြို့တော် ရန်ကုန်တွင် ၂ဝ၁၂ ခုနှစ်အတွင်း ယာဉ်လိုင်းသစ် (၁ဝ)လိုင်း တိုးချဲ့ ပြေးဆွဲခဲ့ကြောင်း မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီ (ဗဟို)၏ စာရင်း များအရသိရသည်။တိုးချဲ့ခဲ့သော ယာဉ်လိုင်းများမှာ မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီ (မြို့တွင်း)၌ ၅၇၊ ၃၁၊ ၃၆၊ ၄ဝ၊ ၄၃ နှင့် ၃၈ ယာဉ်လိုင်း ခြောက်လိုင်း၊ သန်မြန်သူ ယာဉ်လိုင်းမှ ၈၆ ယာဉ်လိုင်း၊မြောက်ပိုင်း ခရိုင်မှ ၁၂၄ ယာဉ်လိုင်း ၊ တောင်ပိုင်း ခရိုင်မှ ၂၅၈ ယာဉ်လိုင်း၊ အရှေ့ပိုင်း ခရိုင်မှ မေတ္တာလှိုင်း (၁)ယာဉ်လိုင်းတို့ ဖြစ်ကြသည်။

အဆိုပါ ယာဉ်လိုင်း(၁ဝ)လိုင်းမှ မော်တော်ယာဉ် (၃၆)စီးမှာ CNG သုံးစွဲခွင့် မရသေး၍ ပြေးဆွဲနိုင် ရန် စောင့်ဆိုင်းလျက်ရှိသည်။ ယခုအခါ ရန်ကုန်မြို့တွင် တိုးတက်များပြားလာသော လူဦးရေနှင့် ခရီးသွားပြည်သူများအတွက် အဆင့်မြင့်ယာဉ်လိုင်းများ တိုးချဲ့ ပြေးဆွဲလျက်ရှိပြီး လမ်းပြုပြင်ခြင်းလုပ်ငန်း များလည်း ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန် မြို့တော်စည်ပင် (လမ်းနှင့် တံတား)ဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရသိရသည်။

မြ၀တီ

No comments:

Post a Comment