Thursday 20 December 2012

မြင့်တက်လာသည့် ကမ္ဘာလှည့် ခရီးသည် ဦးရေနှင့် ပုဂံဒေသမှ စကားသံများ

မြင့်တက်လာသည့် ကမ္ဘာလှည့် ခရီးသည် ဦးရေနှင့် ပုဂံဒေသမှ စကားသံများ

ယခုအခါ ပွင့်လင်းရာသီ ရောက်လာပြီ ဖြစ်သဖြင့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ အင်းလေး၊ ပုဂံမြို့ များသို့ ကမ္ဘာ့လှည့် ခရီးသွား ဧည့်သည်များ တဖွဲဖွဲ ဝင်ရောက်လျက် ရှိသည်။

ပုဂံမြို့တွင် နိုင်ငံခြား ခရီးသွား ဧည့်သည်များ ဝင်ရောက်မှု ယမန် နှစ်များထက် စံချိန်တင် မြင့်တက် လာခြင်းကြောင့် သက်ဆိုင်ရာ လုံခြုံရေး တာဝန်ယူမှု အပိုင်းနှင့် ခရီးသွား ဧည့်သည်များ ကြုံတွေ့ရမည့် အခက်အခဲ များအတွက် လုံခြုံရေး စနစ်တကျ ဆောင်ရွက်နိုင်ရန် ပြင်ဆင် ထားသင့်ပြီဟု ပုဂံရှေးဟောင်း ယဉ်ကျေးမှု ထိန်းသိမ်း စောင့်ရှောက် ရေးအဖွဲ့က အကြံပြု ပြောကြားလိုက်သည်။

''ပုဂံမှာ နိုင်ငံခြားသား ခရီးသည်တွေ များလာတာနဲ့ ပတ်သက်ပြီးတော့ Tourist တွေကို လုံခြုံရေး ပေးမှုတွေ ကျွန်တော်တို့ ပုဂံမှာ အားနည်းနေတယ်။ Tourist တွေ ပိုက်ဆံအိတ် ကျပျောက်တာ၊ ခရီးသွား ဗီဇာတွေ ကျပျောက်တာတွေ နိုင်ငံခြား ခရီးသွား ဧည့်သည်အတွက် လုံခြုံရေး ဝန်ထမ်း မရှိတဲ့အခါ တော်တော် အင်အားနည်းတယ်။ ခရီးသည်များ ကြုံတွေ့ နေရတဲ့ အခက်အခဲ များအတွက် လုံခြုံရေး ဝန်ထမ်းတွေကို အမြန်ချပေး သင့်ပါတယ်''ဟု ပုဂံရှေးဟောင်း ယဉ်ကျေးမှု ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့မှ ကိုမင်းနိုင်အောင်က ပြောသည်။

Read More => http://www.myawady.net.mm/library/stories/storiesforall/item/2227-2012-12-19-08-30-46ယခုအခါ ပွင့်လင်းရာသီ ရောက်လာပြီ ဖြစ်သဖြင့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ အင်းလေး၊ ပုဂံမြို့ များသို့ ကမ္ဘာ့လှည့် ခရီးသွား ဧည့်သည်များ တဖွဲဖွဲ ဝင်ရောက်လျက် ရှိသည်။ပုဂံမြို့တွင် နိုင်ငံခြား ခရီးသွား ဧည့်သည်များ ဝင်ရောက်မှု ယမန် နှစ်များထက် စံချိန် တင် မြင့်တက်လာခြင်းကြောင့် သက်ဆိုင်ရာလုံခြုံရေး တာဝန်ယူမှု အပိုင်းနှင့် ခရီးသွားဧည့်သည်များ ကြုံတွေ့ရမည့် အခက်အခဲ များ အတွက် လုံခြုံရေးစနစ်တကျ ဆောင်ရွက်နိုင်ရန် ပြင်ဆင်ထားသင့်ပြီဟု ပုဂံရှေးဟောင်းယဉ်ကျေးမှု ထိန်းသိမ်း စောင့်ရှောက် ရေးအဖွဲ့က အကြံပြု ပြောကြားလိုက်သည်။

''ပုဂံမှာ နိုင်ငံခြားသား ခရီးသည်တွေ များလာတာနဲ့ ပတ်သက်ပြီးတော့ Tourist တွေကို လုံခြုံရေး ပေးမှုတွေ ကျွန်တော်တို့ ပုဂံမှာ အားနည်းနေတယ်။ Tourist တွေ ပိုက်ဆံအိတ် ကျပျောက်တာ၊ ခရီးသွား ဗီဇာတွေ ကျပျောက်တာတွေ နိုင်ငံခြား ခရီးသွား ဧည့်သည်အတွက် လုံခြုံရေး ဝန်ထမ်း မရှိတဲ့အခါ တော်တော် အင်အားနည်းတယ်။ ခရီးသည်များ ကြုံတွေ့ နေရတဲ့ အခက်အခဲ များအတွက် လုံခြုံရေး ဝန်ထမ်းတွေကို အမြန်ချပေးသင့်ပါတယ်''ဟု ပုဂံရှေးဟောင်း ယဉ်ကျေးမှု ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့မှ ကိုမင်းနိုင်အောင်က ပြောသည်။

မြ၀တီ

No comments:

Post a Comment