Thursday 20 December 2012

ကြိုတင်ကြံစည်သတ်ဖြတ်မှုနဲ့ အိမ်ဖော်အားတရားစွဲ

ယူအေအီးနိုင်ငံ ဒူဘိုင်းရှိ Al Bidaa ဧရိယာတွင် အသက်(၂၈)နှစ်အရွယ် အီသီယိုးပီးယား နိုင်ငံသူ အိမ်ဖော်အမျိုးသမီးဟာ ၎င်း၏ လူမျိုးတူလုပ်ဖော်ကိုင်ဖက် အမျိုးသမီးအား ရန်ပွဲပြီးနောက် ကြိုတင်ကြံစည် မှုဖြင့် သတ်ခဲ့တဲ့အတွက် အမှုစွဲခံထားရကြောင်း သိရသည်။

သူမက ၎င်းတို့အား ခန့်ထားခဲ့သော အိမ်ရှင်၏ အဝတ်လျှော်ဖွတ်ခန်းထဲတွင် မီးဖိုချောင်သုံးဓါးကို ဝှက်ထားခဲ့ပြီး ၎င်းသတ်မည့် အမျိုးသမီးဝင်လာသောအခါ အဝတ်လျှော်အခန်းတံခါးအား အတွင်းမှ သော့ပိတ်ခဲ့ကြောင့် မျက်မြင်တွေ့ရှိသူ ဆယ်ဦး က ပြော ခဲ့သည်။

ထို့နောက် ဆယ်မိနစ်ခန့် ရုန်းရင်းဆန်ခတ် ရန်ဖြစ်အော်ဟစ်သံများ ကြားရပြီးနောက် တစ်ဦးမှာသေ၍ ကြိုတင်ကြံစည်သတ်သူဟု သံသယရှိသည့် သူမကိုယ်တိုင်မှာမူ လည်ပင်း၌ အသားတံဆို့ စိုက်လျက် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တာဖြစ်ကြောင်း သိရသည်။ သေဆုံးသူမှာ မျက်နှာ ၊ လည်ပင်းနှင့် ရင်ဘတ်တို့တွင် ဓါးထိုးခံရသည့် ဒဏ်ရာများဖြင့် သေဆုံးခဲ့တာဖြစ်ကြောင်း သိရသည်။

လည်ပင်းမှတံဆို့ကို ဆေးရုံ၏ အရေးပေါ်အခန်းဝတွင် ကြိုတင်ကြံစည်သတ်သူဟု သံသယရှိသူ သူမ ကိုယ်တိုင်လက်ဖြင့် လည်ပင်းမှ ဆွဲနှုတ်ခဲ့ကြောင်းလည်း သိရသည်။

သူမက သေဆုံးသူအား သူမသတ်ခြင်းဖြစ်ကြောင်း ဝန်ခံခဲ့သည်ဟု သိရသည်။ သို့ပေမယ့် မည်သည့် အခြင်းအရာကြောင့် ယင်း ကဲ့သို့ ရန်ဖြစ်စကားများ သတ်ဖြတ်ခြင်းကိုမူ မသိရသေးပေ။

No comments:

Post a Comment