Thursday 20 December 2012

တူရကီ ကမ္ဘာ့ လေ့လာ စောင့်ကြည့်ရေး ဂြိုဟ်တု တရုတ် အောင်မြင်စွာ လွှတ်တင်

Photo: တူရကီ ကမ္ဘာ့ လေ့လာ စောင့်ကြည့်ရေး ဂြိုဟ်တု တရုတ် အောင်မြင်စွာ လွှတ်တင်
Thursday, 20 December 2012

တရုတ် နိုင်ငံသည် တူရကီ နိုင်ငံ၏ ကမ္ဘာ လေ့လာစောင့်ကြည့်ရေးဂြိုဟ်တု တစ်စင်းကို ဒီဇင်ဘာ ၁၉ ရက် အစောပိုင်းက ကမ္ဘာပတ် လမ်းကြောင်း
အတွင်းသို့ အောင်မြင်စွာ လွှတ်တင် နိုင်ခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာ 
တစ်ခုက ထုတ်ပြန် ကြေညာ ထားသည်။

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျူကွမ်ဂြိုဟ်တု လွှတ်တင်ရေး ဌာနမှ ထုတ်ပြန်ချက် အရ ၎င်းဂြိုဟ်တုကို ဒေသစံတော်ချိန် နံနက် ၁၂ နာရီ ၁၃ မိနစ်က လွှတ်တင်ခဲ့ခြင်း ဖြစ်ပြီး ၎င်းဂြိုဟ်တုအား 2D. Long March့ ဒုံးပျံဖြင့် ကမ္ဘာ့ ပတ်လမ်းကြောင်း အတွင်းသို့ ပို့လွှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တူရကီ အာကာသ နည်းပညာ သုတေသန ဌာနနှင့် တူရကီ အာကာသယာဉ် တည်ဆောက်ရေး စက်ရုံများမှ ပူးတွဲ ထုတ်လုပ်ခဲ့သော ၎င်းဂြိုဟ်တုကို သဘာဝပတ်ဝန်းကျင် ကာကွယ် ထိန်းသိမ်းရေး၊ ဓာတ်သတ္တု အရင်း အမြစ်များဆိုင်ရာ စူးစမ်းလေ့လာရေး၊ မြို့ပြစီမံကိန်းနှင့် အပျက်အစီး
များအား စောင့်ကြည့် ထိန်းသိမ်းရေးများ အတွက် အဓိကထား အသုံးပြု သွားမည်ဟု အဆိုပါ ကြေညာချက်တွင် ဖော်ပြထားကြောင်း သိရသည်။

မြ၀တီ
တရုတ် နိုင်ငံသည် တူရကီ နိုင်ငံ၏ ကမ္ဘာ လေ့လာစောင့် ကြည့်ရေး ဂြိုဟ်တု တစ်စင်းကို ဒီဇင်ဘာ ၁၉ ရက် အစောပိုင်းက ကမ္ဘာပတ် လမ်းကြောင်းအတွင်းသို့ အောင်မြင်စွာ လွှတ်တင် နိုင် ခဲ့ကြောင်း နိုင်ငံ ပိုင် မီဒီယာ တစ်ခုက ထုတ်ပြန် ကြေညာ ထားသည်။
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျူကွမ်ဂြိုဟ်တု လွှတ်တင်ရေး ဌာနမှ ထုတ်ပြန်ချက် အရ ၎င်းဂြိုဟ်တုကို ဒေသစံတော်ချိန် နံနက် ၁၂ နာရီ ၁၃ မိနစ်က လွှတ်တင်ခဲ့ခြင်း ဖြစ်ပြီး ၎င်းဂြိုဟ်တုအား 2D. Long March့ ဒုံးပျံဖြင့် ကမ္ဘာ့ပတ်လမ်းကြောင်း အတွင်းသို့ ပို့လွှတ် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
တူရကီ အာကာသနည်းပညာ သုတေသနဌာနနှင့် တူရကီ အာကာသ ယာဉ် တည်ဆောက်ရေးစက်ရုံများမှ ပူးတွဲထုတ်လုပ်ခဲ့သော ၎င်း ဂြိုဟ်တုကို သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေး၊ ဓာတ်သတ္တု အရင်းအမြစ်များဆိုင်ရာ စူးစမ်းလေ့လာရေး၊ မြို့ပြစီမံကိန်းနှင့် အပျက် အစီး များအား စောင့်ကြည့်ထိန်းသိမ်းရေးများအတွက် အဓိကထားအသုံးပြုသွားမည်ဟု အဆိုပါ ကြေညာ ချက်တွင် ဖော်ပြထားကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment