
သည်းခြွေပန်မပါဘဲ မွေးလာတဲ့ ကလေးဖြစ်ပြီး အစာထဲမှအဆီကို ဖြိုခွဲဖို့ မဖြစ်နိုင်တဲ့အခြေအနေပါ။ ဒါကြောင့် အသည်းက အလုပ် အလွန် လုပ်ရပြီး အသည်းမှာ သည်းခြေရည်တွေ စုဆောင်းမှု ရှိနေကာ သေ ဆုံးနိုင်တာကြောင့် အသည်းအစားထိုး ကုသမှုခံယူဖို့ ငါးလ ခန့် စောင့် ဆိုင်းနေစဉ်အတွင်း အသက်ကယ်ဖို့ အရေးပေါ် အခြေအနေ ဖြစ်လာတဲ့အတွက် မိခင်ဖြစ်သူက သူမရဲ့ အသည်းတစ်ဝက်ကို အစားထိုးပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
အင်မိုဂန် ၁၁ လအရွယ်မှာ အသည်းအစားထိုးဖို့ မိခင်နဲ့ကလေးဟာဆေးရုံ တစ်ခုစီမှာ ခွဲစိတ်မှု ခံယူတယ်လို့ သိရပါတယ်။ မိခင် ချဲလော့ရဲ့ အသည်းအစိတ်အပိုင်း တချို့ကို Queen Elizabeth ဆေးရုံမှာ ကိုးနာရီကြာအောင် ခွဲစိတ်ပြီး ထုတ်ယူကာ ဘာမင်ဟန် ကလေးဆေးရုံမှ အင်မိုဂန်ကို အစားထိုး ကုသဖို့ ပေးခဲ့ပါတယ်။
အသည်းရဲ့ ပြန်လည် ပြုပြင်နိုင်စွမ်းကြောင့် သမီးငယ်ကို ပေးခဲ့တဲ့ ချဲလော့ရဲ့ အသည်း ဘယ်ဘက်ခြမ်းဟာ ပုံမှန်အရွယ်အတိုင်း ကြီးထွားလာပြီး မိခင်မှာ ကျန်ရစ်ခဲ့တဲ့ညာဘက် ခြမ်းမှာလည်း ပုံမှန်အသည်း အရွယ် အစားအတိုင်း ပြန်လည်ကောင်း မွန်သွားပါတယ်။
ခွဲစိတ်ကုသမှုခံယူပြီး ခြောက်ရက်အကြာမှာမှ မိခင်ဟာ သူမရဲ့သမီးကိုတွေ့ခွင့်ရရှိတယ်လို့ သိရပါတယ်။
SM
Good Health
No comments:
Post a Comment