Thursday 20 December 2012

တိုက်ခိုက်ရေး ရိုင်ဖယ်သေနတ်များ ပိတ်ပင်ရန် သမ္မတအိုဘားမား ထောက်ခံ

တိုက်ခိုက်ရေး ရိုင်ဖယ်သေနတ်များ ပိတ်ပင်ရန် သမ္မတအိုဘားမား ထောက်ခံ

20/Dec/2012

အမေရိကန်နိုင်ငံ ကွန်နက်တီကတ်ပြည်နယ် နယူးတောင်းမြို့၌ လူအစုအပြုံလိုက် သေနတ်ပစ်ခတ် သတ်ဖြတ်မှု ဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်သမ္မတ အိုဘားမားက တိုက်ခိုက်ရေးသေနတ်များ ပိတ်ပင်သွား ရန် ထောက်ခံကြောင်း ပြောကြားလိုက်သည်။ သမ္မတအိုဘားမားအနေဖြင့် အဆိုပါကိစ္စကို လာမည့်ကွန်ဂရက် အစည်းအဝေးတွင် ဆွေးနွေးလိမ့်မည်ဖြစ်ကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဂျေးကာနေးက ပြောကြားသည်ဟု ဒီဇင်ဘာ ၁၉ ရက် ဘီဘီစီသတင်းတွင် ဖော်ပြထားသည်။ အမေရိကန်နိုင်ငံတွင် အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုများ တိုးလာနိုင်ကြောင်း အမျိုးသားရိုင်ဖယ်အသင်းက ဒီဇင်ဘာ ၁၄ ရက် ထုတ်ပြန် ကြေညာချက်၌ ဖော်ပြထားသည်။ ထိုနေ့မှစပြီး အမေရိကန်နိုင်ငံတွင် တိုက်ခိုက်ရေး ရိုင်ဖယ်သေနတ်များ အပါအဝင် သေနတ်ရောင်းအား မြင့်တက် လာသည်ဟု ဆိုသည်။ နယူးတောင်း၌ ဖြစ်ပွားခဲ့သော သေနတ်ပစ်ခတ်မှုတွင် တိုက်ခိုက်ရေး ရိုင်ဖယ်သေနတ်ကို အသုံးပြုခဲ့သည်ဟု ဆိုသည်။

 (ဘီဘီစီ)
အမေရိကန်နိုင်ငံ ကွန်နက်တီကတ်ပြည်နယ် နယူးတောင်းမြို့၌ လူအစုအပြုံလိုက် သေနတ်ပစ်ခတ်သတ်ဖြတ်မှု ဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်သမ္မတ အိုဘားမားက တိုက်ခိုက်ရေးသေနတ်များ ပိတ်ပင် သွားရန် ထောက်ခံကြောင်း ပြောကြားလိုက်သည်။ သမ္မတအိုဘားမားအနေဖြင့် အဆိုပါကိစ္စကို လာမည့် ကွန်ဂရက် အစည်းအဝေးတွင် ဆွေးနွေးလိမ့်မည်ဖြစ်ကြောင်း သမ္မတ၏ ပြောရေးဆိုခွင့် ရှိသူ ဂျေးကာနေးက ပြောကြားသည်ဟု ဒီဇင်ဘာ ၁၉ ရက် ဘီဘီစီသတင်းတွင် ဖော်ပြထားသည်။ အမေရိကန်နိုင်ငံတွင် အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုများ တိုးလာနိုင်ကြောင်း အမျိုးသားရိုင်ဖယ် အသင်းက ဒီဇင်ဘာ ၁၄ ရက် ထုတ်ပြန် ကြေညာချက်၌ ဖော်ပြထားသည်။ ထိုနေ့မှစပြီး အမေရိကန်နိုင်ငံ တွင် တိုက်ခိုက်ရေး ရိုင်ဖယ်သေနတ်များအပါအဝင် သေနတ်ရောင်းအား မြင့်တက်လာသည်ဟု ဆိုသည်။ နယူးတောင်း၌ ဖြစ်ပွားခဲ့သော သေနတ်ပစ်ခတ်မှုတွင် တိုက်ခိုက်ရေး ရိုင်ဖယ်သေနတ်ကို အသုံးပြုခဲ့ သည်ဟု ဆိုသည်။

(ဘီဘီစီ)

No comments:

Post a Comment