Thursday 20 December 2012

ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်း လုပ်သားများ ယာယီနိုင်ငံ ကူးလက်မှတ် ထုတ်ပေးရေး လုပ်ငန်းစဉ်များ သက်တမ်း ၃ လ၊ လိုအပ်ပါက ဆက်လက် တိုးပေးရန် ဆွေးနွေးနိုင်ခဲ့

Photo: ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်း လုပ်သားများ ယာယီနိုင်ငံ ကူးလက်မှတ်
ထုတ်ပေးရေး လုပ်ငန်းစဉ်များ သက်တမ်း ၃ လ၊ လိုအပ်ပါက ဆက်လက်
တိုးပေးရန် ဆွေးနွေးနိုင်ခဲ့
Thursday, 20 December 2012

ထိုင်းနိုင်ငံတွင် ရောက်ရှိ အလုပ် လုပ်ကိုင်လျက် ရှိသော မြန်မာရွှေ့ပြောင်း အလုပ်သမား များအား အထောက် အထားများ ရရှိစေရန် အတွက် ထိုင်းနိုင်ငံ အတွင်း၌ ယာယီ မြန်မာနိုင်ငံ ကူး လက်မှတ် ထုတ်ပေးရေး စခန်း(၅)ခု ဖွင့် လှစ်ဆောင်ရွက် လျက်ရှိပြီး ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ  ၁၄ရက်တွင် သက်တမ်း ကုန်ဆုံးမည် ဖြစ်ရာ အထောက်အထား ထုတ်ပေးရေး လုပ်ငန်းစဉ် များကို ရပ်ဆိုင်း၍ မိမိ နိုင်ငံ၏ နယ်စပ် စခန်းများ တွင်သာ ဆောင်ရွက်သွားရန် ထိုင်းနိုင်ငံ ဘက်မှ အဆိုပြု ဆုံးဖြတ် ထားခဲ့သည်။

ထိုင်းနိုင်ငံ အတွင်း၌ မြန်မာ ရွှေ့ပြောင်း အလုပ်သမား (၂ ဒသမ ၅)သန်း ခန့်ရှိပြီး မှတ်ပုံ တင်ပြီးသော အလုပ်သမား (၁ ဒသမ ၅) သန်းခန့်နှင့် မှတ်ပုံမတင် ရသေးသော အထောက် အထားမဲ့ အလုပ်သမား (၁)သန်း ခန့်ရှိမည်ဟု ခန့်မှန်း ထားရှိရာ လက်ရှိ ဆောင်ရွက်နေသော စခန်း(၅) ခုကို ပိတ်သိမ်း ခဲ့ပါက အလုပ် သမားများ အတွက် အလုပ်အကိုင် အခွင့်အလမ်း များ ဆုံးရှုံးခြင်း၊ ခရီးစရိတ် ကုန်ကျမှုများ ရှိလာနိုင်ခြင်း၊ လမ်းခရီး၌ မလိုလား အပ်သော အခက် အခဲများ ဖြစ်ပေါ် လာနိုင်ခြင်း  စသည့် ပြဿနာများ ရှိလာမည် ဖြစ်သည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က တနင်္သာရီ တိုင်းဒေသကြီး ထားဝယ်မြို့၌ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် မစ္စရင်လပ် ရှင်နာဝပ်နှင့် တွေ့ဆုံစဉ်
မြန်မာ ရွှေ့ပြောင်း အလုပ် သမားများနှင့် ပတ်သက်၍ ဆောင်ရွက်လျက် ရှိသည့် လုပ်ငန်းစဉ် များအား ရပ်ဆိုင်းခြင်း မပြုဘဲ အချိန် ကာလ ထပ်မံတိုးမြှင့် ဆောင်ရွက် ပေးနိုင်ရန် ဆွေးနွေး တောင်းဆိုခဲ့မှု အပေါ် ထိုင်းနိုင်ငံ ဝန်ကြီးချုပ်က နောက်ထပ် ၃ လ ထပ်မံ သက်တမ်း တိုးပေးရန် သဘော တူညီခဲ့ပြီး လိုအပ်ပါ ကလည်း ဆက်လက်၍ သက်တမ်းတိုး
ပေးမည် ဖြစ်ကြောင်း သိရှိရသည်။

ယာယီ နိုင်ငံကူး လက်မှတ် ထုတ်ပေးရေး လုပ်ငန်းစဉ် များကို သက်တမ်းတိုး ကာလအတွင်း ပိုမို လျင်မြန်စွာ ဆောင်ရွက်နိုင် ရေးအတွက် စခန်းများ တိုးချဲ့ ဖွင့်လှစ်ခြင်း၊ ဝန်ထမ်း အင်အား တိုးချဲ့ ခန့်ထားခြင်း၊ လုပ်ငန်းစနစ် ပိုမို လျင်မြန်စေရေး ဆောင်ရွက် ပေးခြင်း  စသည့် နည်းလမ်း များဖြင့် အရှိန်အဟုန် မြှင့်တင်ဆောင် ရွက်သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။    

စကားဝါ 
မြ၀တီ
ဓာတ်ပုံ - Yingluck Shinawatra Facebook
ထိုင်းနိုင်ငံတွင် ရောက်ရှိအလုပ်လုပ်ကိုင်လျက်ရှိသော မြန်မာရွှေ့ပြောင်း အလုပ်သမားများအား အထောက်အထားများရရှိစေရန်အတွက် ထိုင်းနိုင်ငံအတွင်း၌ ယာယီ မြန်မာနိုင်ငံ ကူးလက်မှတ် ထုတ်ပေးရေး စခန်း(၅)ခု ဖွင့် လှစ်ဆောင်ရွက် လျက်ရှိပြီး ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၁၄ရက်တွင် သက်တမ်း ကုန်ဆုံးမည် ဖြစ်ရာ အထောက်အထား ထုတ်ပေးရေး လုပ်ငန်းစဉ် များကို ရပ်ဆိုင်း၍ မိမိ နိုင်ငံ၏ နယ်စပ် စခန်းများ တွင်သာ ဆောင်ရွက်သွားရန် ထိုင်းနိုင်ငံ ဘက်မှ အဆိုပြု ဆုံးဖြတ် ထားခဲ့သည်။

ထိုင်းနိုင်ငံ အတွင်း၌ မြန်မာ ရွှေ့ပြောင်း အလုပ်သမား (၂ ဒသမ ၅)သန်း ခန့်ရှိပြီး မှတ်ပုံ တင်ပြီးသော အလုပ်သမား (၁ ဒသမ ၅) သန်းခန့်နှင့် မှတ်ပုံမတင် ရသေးသော အထောက် အထားမဲ့ အလုပ်သမား (၁)သန်း ခန့်ရှိမည်ဟု ခန့်မှန်း ထားရှိရာ လက်ရှိ ဆောင်ရွက်နေသော စခန်း(၅) ခုကို ပိတ်သိမ်းခဲ့ပါက အလုပ် သမားများ အတွက် အလုပ်အကိုင် အခွင့်အလမ်း များ ဆုံးရှုံးခြင်း၊ ခရီးစရိတ် ကုန်ကျမှုများ ရှိလာနိုင်ခြင်း၊ လမ်းခရီး၌ မလိုလား အပ်သောအခက်အခဲများ ဖြစ်ပေါ်လာနိုင်ခြင်း စသည့် ပြဿနာများ ရှိလာမည် ဖြစ်သည်။

နိုင်ငံတော် သမ္မတဦးသိန်းစိန်က တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့၌ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စရင်လပ် ရှင်နာဝပ်နှင့် တွေ့ဆုံစဉ် မြန်မာ ရွှေ့ပြောင်း အလုပ် သမားများနှင့် ပတ်သက်၍ ဆောင်ရွက် လျက်ရှိသည့် လုပ်ငန်းစဉ်များအား ရပ်ဆိုင်းခြင်းမပြုဘဲ အချိန်ကာလ ထပ်မံတိုးမြှင့် ဆောင်ရွက် ပေးနိုင် ရန် ဆွေးနွေး တောင်းဆိုခဲ့မှု အပေါ်ထိုင်းနိုင်ငံ ဝန်ကြီးချုပ်က နောက်ထပ် ၃ လ ထပ်မံ သက်တမ်း တိုးပေးရန် သဘော တူညီခဲ့ပြီး လိုအပ်ပါ ကလည်း ဆက်လက်၍ သက်တမ်းတိုးပေးမည် ဖြစ်ကြောင်း သိရှိရသည်။

ယာယီ နိုင်ငံကူး လက်မှတ်ထုတ်ပေးရေး လုပ်ငန်းစဉ်များကို သက်တမ်းတိုးကာလအတွင်း ပိုမို လျင်မြန်စွာ ဆောင်ရွက်နိုင် ရေးအတွက် စခန်းများတိုးချဲ့ဖွင့်လှစ်ခြင်း၊ ဝန်ထမ်းအင်အား တိုးချဲ့ခန့် ထားခြင်း၊ လုပ်ငန်းစနစ် ပိုမိုလျင်မြန်စေရေး ဆောင်ရွက် ပေးခြင်း စသည့် နည်းလမ်းများဖြင့် အရှိန်အဟုန် မြှင့်တင်ဆောင် ရွက်သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

မြ၀တီ

No comments:

Post a Comment