Thursday 20 December 2012

သန့်ရှင်းရေး ဆောင်ရွက်ခ တိုးမြှင့် ကောက်ခံမည်

Photo: သန့်ရှင်းရေး ဆောင်ရွက်ခ တိုးမြှင့် ကောက်ခံမည်
Thursday, 20 December 2012

ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နမိတ် အတွင်းရှိ ၁၉ မြို့နယ် တွင် သန့်ရှင်းရေး ဆောင်ရွက်ခ နှုန်းထား များကို ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ မှ စတင် ကာ ယခင် ကောက်ခံသည့် နှုန်းထက် ကျပ် ၄၅၀တိုးမြှင့်
ကောက်ခံမည်ဟု ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ (Y.C.D.C) ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သန့်ရှင်းရေး ဌာန ဌာနမှူး ဦးသန်းလွင်ဦး က အသိပေး ပြောကြားသည်။

မြို့တွင်း မြို့နယ်များ ဖြစ်သည့် ကျောက်တံတား မြို့နယ်၊ ပန်းပဲတန်း မြို့နယ်၊ လမ်းမတော် မြို့နယ်၊ လသာ မြို့နယ်၊ ဗိုလ်တထောင် မြို့နယ်၊ ပုဇွန်တောင် စသည့် မြို့နယ် ၆ခု နှင့် ဆင်ခြေဖုံး မြို့နယ်များ ဖြစ်သော ဒဂုံမြို့သစ် အရှေ့ပိုင်း၊ ဒဂုံဆိပ်ကမ်း မြို့နယ်၊ ဒလမြို့နယ်၊ ဆိပ်ကြီး ခနောင်တို မြို့နယ်၊ မင်္ဂလာဒုံ မြို့နယ်၊ ရွှေပြည်သာ မြို့နယ်၊ လှိုင်သာယာ မြို့နယ် စုစုပေါင်း မြို့နယ် ၇ခုကို ယခင် အတိုင်းသာ ကောက်ခံ သွားမည် ဖြစ်ကြောင်း ယင်းဌာန အကြီးတန်း အရာရှိ တစ်ဦးက
ပြောကြားသည်။

“ပြင်ဆင် ကောက်ခံတာပါ တိုးမြှင့်တာ မဟုတ်ပါဘူး၊ တစ်ချို့ မြို့နယ် တွေမှာ အမှိုက်တွေ ပိုများလာလို့ ပြင်ဆင် ကောက်တာပါ။” ဟု ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာန ဌာနမှူး ဦးသန်းလွင်ဦး က ဆိုသည်။

ရန်ကုန် စည်ပင်သာယာ နယ်နမိတ် အတွင်း မြို့နယ် ၃၂ခု ၏ ဖွံ့ဖြိုး တိုးတက်မှု နှုန်း၊ လုပ်ငန်း အနေအထား၊ အမှိုက်စွန့်ပစ်မှု အနည်းအများ ပေါ် မူတည်၍ မြို့တွင်း မြို့နယ်များကို (A) အဆင့်၊ မြို့နှင့် နီးစပ်သော မြို့များကို (B) အဆင့် နှင့် ဆင်ခြေဖုံး မြို့များကို (C) အဆင့် သတ်မှတ်ပြီး သန့်ရှင်းရေး
ဆောင်ရွက်ခ နှုန်းထားများကို ခွဲခြား ကောက်ခံလျက် ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သန့်ရှင်းရေး ဌာန ထံမှ သိရသည်။

The Voice Weeklyရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နမိတ် အတွင်းရှိ ၁၉ မြို့နယ် တွင် သန့်ရှင်းရေး ဆောင်ရွက်ခ နှုန်းထားများကို ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ မှစတင်ကာ ယခင် ကောက်ခံသည့် နှုန်းထက် ကျပ် ၄၅၀ တိုးမြှင့်ကောက်ခံမည်ဟု ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော် မတီ (Y.C.D.C) ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် သန့်ရှင်းရေး ဌာန ဌာနမှူး ဦးသန်းလွင်ဦး က အသိပေး ပြောကြားသည်။ မြို့တွင်း မြို့နယ်များ ဖြစ်သည့် ကျောက်တံတား မြို့နယ်၊ ပန်းပဲတန်း မြို့နယ်၊ လမ်းမတော် မြို့နယ်၊ လသာ မြို့နယ်၊ ဗိုလ်တထောင် မြို့နယ်၊ ပုဇွန်တောင် စသည့် မြို့နယ် ၆ခု နှင့် ဆင်ခြေဖုံး မြို့နယ်များ ဖြစ်သော ဒဂုံမြို့သစ် အရှေ့ပိုင်း၊ ဒဂုံဆိပ်ကမ်း မြို့နယ်၊ ဒလမြို့နယ်၊ ဆိပ်ကြီး ခနောင်တို မြို့နယ်၊ မင်္ဂလာဒုံ မြို့နယ်၊ ရွှေပြည်သာ မြို့နယ်၊ လှိုင်သာယာ မြို့နယ် စုစုပေါင်း မြို့နယ် ၇ခုကို ယခင် အတိုင်းသာ ကောက်ခံ သွားမည် ဖြစ်ကြောင်း ယင်းဌာန အကြီးတန်း အရာရှိ တစ်ဦးကပြောကြားသည်။

“ပြင်ဆင် ကောက်ခံတာပါ တိုးမြှင့်တာ မဟုတ်ပါဘူး၊ တစ်ချို့ မြို့နယ် တွေမှာ အမှိုက်တွေ ပိုများလာလို့ ပြင်ဆင် ကောက်တာပါ။” ဟု ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာန ဌာနမှူး ဦးသန်းလွင်ဦး က ဆိုသည်။

ရန်ကုန် စည်ပင်သာယာ နယ်နမိတ် အတွင်း မြို့နယ် ၃၂ခု ၏ ဖွံ့ဖြိုး တိုးတက်မှု နှုန်း၊ လုပ်ငန်း အနေအထား၊ အမှိုက်စွန့်ပစ်မှု အနည်းအများ ပေါ် မူတည်၍ မြို့တွင်း မြို့နယ်များကို (A) အဆင့်၊ မြို့နှင့် နီးစပ်သော မြို့များကို (B) အဆင့် နှင့် ဆင်ခြေဖုံး မြို့များကို (C) အဆင့် သတ်မှတ်ပြီး သန့်ရှင်းရေး
ဆောင်ရွက်ခ နှုန်းထားများကို ခွဲခြား ကောက်ခံလျက်ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သန့်ရှင်းရေး ဌာန ထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment