Thursday 20 December 2012

ထိုင်းနိုင်ငံ တောင်ပိုင်း၌ အမေရိကန် ဒေါ်လာ ၅ သန်းခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Photo: ထိုင်းနိုင်ငံ တောင်ပိုင်း၌ အမေရိကန် ဒေါ်လာ ၅ သန်းခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
Thursday, 20 December 2012

ထိုင်းအာဏာပိုင် များသည် နိုင်ငံတောင်ပိုင်းရှိ နရသီဝတ် ပြည်နယ်၌ ဒီဇင်ဘာ ၁၈ ရက်က အမေရိကန် ဒေါ်လာ ၄ ဒသမ ၇ သန်းခန့်ရှိ မက်သာဖက်တမင်း ဆေးပြားများအား ဖမ်းဆီး ရမိခဲ့ကြောင်း နိုင်ငံပိုင်
မီဒီယာ တစ်ခုက ထုတ်ပြန် ကြေညာခဲ့သည်။

၎င်းဆေးပြားများအား ထိုင်းစစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ပူးပေါင်း၍ စစ်ဆင်ရေးများ ပြုလုပ်ခဲ့ချိန်၌ ဆေးဝါးအမြောက်အမြားအား လာအိုနိုင်ငံမှ ထိုင်းနိုင်ငံသို့ ဖြတ်၍ မလေးရှား မူးယစ်ဆေးဝါး ကုန်သည်တစ်ဦး ထံသို့ ပို့ဆောင် သွားမည်ဟု သတင်း ပေးချက်အရ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ပူးပေါင်းတပ်ဖွဲ့သည် စစ်ဆေးရေးဂိတ် တစ်ခု၌ ပစ်ကပ်မော်တော်ယာဉ် တစ်စီးအား တားဆီးစစ်ဆေး ခဲ့ရာမှ ယာဉ်နောက်ဘက် ထိုင်ခုံပေါ်၌ ဖုံးအုပ်ထားသည့် ထိုင်းဘတ် ၇ သန်းကျော်နှင့် မူးယစ်ဆေးပြား များအား ရှာဖွေ တွေ့ရှိ ခဲ့ကြသည်။

ရဲတပ်ဖွဲ့မှ စုံစမ်းချက်များ အရ ဆေးပြားများအား မလေးရှား
နိုင်ငံအတွင်း ရောင်းချရန် စီစဉ်ခဲ့ကြောင်း သိရ သည်။ 

မြ၀တီထိုင်းအာဏာပိုင် များသည် နိုင်ငံတောင်ပိုင်းရှိ နရသီဝတ် ပြည်နယ်၌ ဒီဇင်ဘာ ၁၈ ရက်က အမေရိကန် ဒေါ်လာ ၄ ဒသမ ၇ သန်းခန့်ရှိ မက်သာ ဖက်တမင်း ဆေးပြားများအား ဖမ်းဆီး ရမိခဲ့ကြောင်း နိုင်ငံပိုင်
မီဒီယာ တစ်ခုက ထုတ်ပြန် ကြေညာခဲ့သည်။
၎င်းဆေးပြားများအား ထိုင်းစစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ပူးပေါင်း၍ စစ်ဆင်ရေးများ ပြုလုပ်ခဲ့ချိန်၌ ဆေးဝါးအမြောက်အမြားအား လာအိုနိုင်ငံမှ ထိုင်းနိုင်ငံသို့ ဖြတ်၍ မလေးရှား မူးယစ်ဆေးဝါး ကုန်သည် တစ်ဦးထံသို့ ပို့ဆောင်သွားမည်ဟု သတင်း ပေးချက်အရ ရှာဖွေတွေ့ရှိ ခဲ့ခြင်း ဖြစ်သည်။

ပူးပေါင်းတပ်ဖွဲ့သည် စစ်ဆေးရေးဂိတ် တစ်ခု၌ ပစ်ကပ်မော်တော်ယာဉ် တစ်စီးအား တားဆီးစစ်ဆေး ခဲ့ရာမှ ယာဉ်နောက်ဘက် ထိုင်ခုံပေါ်၌ ဖုံးအုပ်ထားသည့် ထိုင်းဘတ် ၇ သန်းကျော်နှင့် မူးယစ်ဆေးပြား များအား ရှာဖွေ တွေ့ရှိ ခဲ့ကြသည်။

ရဲတပ်ဖွဲ့မှ စုံစမ်းချက်များ အရ ဆေးပြားများအား မလေးရှားနိုင်ငံအတွင်း ရောင်းချရန် စီစဉ်ခဲ့ကြောင်း သိရ သည်။

မြ၀တီ

No comments:

Post a Comment