Wednesday 24 September 2014

နည်းပညာတက္ကသိုလ်၊ ကောလိပ်၊ကျောင်းများတွင် လက်တွေ့သင်ကြားရန် ယာဉ်အို/ယာဉ်ဟောင်းများ ပေးအပ်မည်ဟု ဒုဝန်ကြီးပြောကြား

နည်းပညာတက္ကသိုလ်၊ ကောလိပ်၊ အစိုးရစက်မှုလက်မှု သိပ္ပံနှင့် နည်းပညာ အထက်တန်း ကျောင်းများတွင် လက်တွေ့သင်ကြားရေးနှင့် သင်ထောက်ကူ ပစ္စည်းများအဖြစ် အသုံးပြုနိုင် ရန် အပ်နှံယာဉ်အို/ ယာဉ်ဟောင်းများထဲမှ သင့်တင့်သော ယာဉ်ဟောင်းများကို ပေးအပ်သွားမည်ဖြစ်ကြောင်း ရထားပို့ဆော င်ရေး ၀န်ကြီးဌာန ဒု-၀န်ကြီး ဦးချန်မောင်က ပြောကြားသည်။
စက်တင်ဘာလ ၂၂ ရက်တွင် ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေး၌  ဂန့်ဂေါမဲဆန္ဒ နယ်မှ ဦးအောင်မြင့်က ယာဉ်အို၊ ယာဉ်ဟောင်းများအနက် သင့်တင့်ကောင်းမွန်သော ယာဉ်များကို သိပ္ပံနှင့် နည်းပညာဝန်ကြီး ဌာနအောက်ရှိ တက္ကသိုလ်၊ ကော လိပ်၊ သိပ္ပံနှင့် စက်မှုလက်မှု ကျောင်းများသို့ သင်ထောက်ကူ ပစ္စည်းများအဖြစ် အသုံးပြုနိုင်ရေး စီမံပေးရန် အစီအစဉ်ရှိ၊ မရှိမေး ခွန်းအပေါ် ရထား ပို့ဆောင်ရေး ၀န်ကြီးဌာန ဒု-၀န်ကြီး ဦးချန်မောင်က ပြန် လည်ဖြေကြား ခဲ့သည်။

သိပ္ပံနှင့် နည်းပညာဝန်ကြီး ဌာန လက်အောက်ရှိကျောင်းများ ၌ သင်ကြားနေသော အင်ဂျင်ပိုင်း ဆိုင်ရာ ဘာသာရပ်သုံးခုနှင့် ပတ် သက်သည့် လက်တွေ့လုပ်ငန်း ခွင်ဆိုင်ရာ ဘာသာရပ်များဖြစ် သည့် Internal combustion Engine ဘာသာရပ်၊ Petrol and Diesel Engine ဘာသာရပ်၊ Automotive Technology ဘာ သာရပ်များနှင့် ပတ်သက်၍ လက် တွေ့သင်ခန်းစာများကို သင်ကြား ရာတွင် ယင်းယာဉ်အို/ ယာဉ် ဟောင်းများကို သင်ထောက်ကူပြု ပစ္စည်းများအဖြစ် ဖြည့်ဆည်းပေး သွားမည်ဖြစ်ကြောင်း ရထားပို့  ဆောင်ရေး ၀န်ကြီး ဌာန ဒု-၀န်ကြီး ဦးချန်မောင်က ပြောကြားခဲ့သည်။

အပ်နှံယာဉ်အို/ယာဉ်ဟောင်းများအနက် သင့်တင့်သော ယာဉ် စုစုပေါင်း (၂၃၄)စီးကို နည်းပညာ တက္က သိုလ်၊ ကောလိပ်၊ အစိုးရ စက်မှုလက်မှုသိပ္ပံနှင့် နည်းပညာ အထက်တန်း  ကျောင်းများသို့ ထုတ်ပေးရန် စီစဉ်လျက်ရှိရာ စက်တင်ဘာ ၁၈ ရက်အထိ ၁၅ စီးထုတ်ပေးခဲ့ပြီး ကျန်ယာဉ်များကိုလည်း ထုတ်ပေးနိုင်ရေး အတွက် ဆက် လက်   ဆောင်ရွက်လျက်ရှိပါကြောင်း ၎င်းက ပြန်လည်ဖြေကြားခဲ့သည်။

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန လက်အောက်တွင် ရန်ကုန် နှင့် မန္တလေးမြို့များရှိ အဆင့်မြင့် နည်းပညာ တက္ကသိုလ်များအပါ အ၀င် နည်းပညာတက္ကသိုလ်ပေါင်း ၃၃ ခုအထိ ရှိသည်။

7Day DAILY

No comments:

Post a Comment